တောင်ကိုရီးယားမှဗုဒ္ဓဘာသာမေးခွန်း အမှတ်စဉ် (၄၁)
တောင်ကိုရီးယားမှဗုဒ္ဓဘာသာမေးခွန်း အမှတ်စဉ် (၄၁)
မေးခွန်း။ ၀တ္တုကပ်ခံခြင်း၊ မခံခြင်း ကပ္ပိယထားခြင်း မထားခြင်းသည် တောရဆောက်တည်သော ဓူတင် ဆောင်သော သံဃာများနှင့်သာသက်ဆိုင်ပါသလားဘုရား။
ဒေါ်ကြည်ကြည်သက်၊ရေဆင်း၊ စိုက်ပျိုးရေးတက္ကသိုလ်၊
အဖြေ။ အဖြေမှာ မသက်ဆိုင်ဟု ဖြစ်ပါသည်။ ၀ိနည်းဒေသနာတော်သည် အောက်ပါ ဆယ် ပါးသော အကျိုတရားများ အတွက် ပညတ်တော် မူပါသည်။
သံဃသုဋ္ဌုတာယ၊ (သံဃာတော်များ ကောင်းမွန်စွာ ကျင့်သုံးနိုင်စေရန်၊)၊
သံဃဖာသုတာယ (သံဃာတော်များ၏ ချမ်းသာစွာ ကျင့်ကြံနိုင်စေရန်၊)၊
ဒုမ္မင်္ကူနံ ပုဂ္ဂလာနံ နိဂ္ဂဟာယ (မကောင်းသူများကို နှိက်ကွပ်ရန်၊)
ပေသလာနံ ဘိက္ခူနံ ဖာသုဝိဟာရာယ (သီလချစ်ခင်သူ ရဟန်းတော်များကို ချမ်းသာစွာ သီတင်းသုံးကြရန်၊)၊
ဒိဋ္ဌဓမ္မိကာနံ အာသ၀ါနံ သံဝရာယ (မျက်မှောက်ဘ၀တွင် ဖြစ်သော အာသဝေါတရားတို့ကို စောင့်စည်းရန်၊)၊
သမ္ပရာယိကာနံ အာသ၀ါနံ ပဋိဃာတာယ (တမလွန်ဘ၀တွင် ဖြစ်မည့် အာသဝေါတရားတို့ကို မဖြစ်စေရန်၊)၊
အပ္ပသန္နာနံဝါ ပသာဒါယ (သာသနာတော်ကို မကြည်ညိုသေးသော သူများကို ကြည်ညိုနိုင် စေရန်၊)၊
ပသန္နာနံ ဘိယျောဘာဝါယ (သာသနာတော်ကို ကြည်ညိုပြီးသော သူများကို ပိုမို၍ ကြည်ညိုနိုင်စေရန်၊)၊
သဒ္ဓမ္မဋ္ဌိတိယာ (သူတော်ကောင်းတရား တည်တန့် စေရန်၊)၊
ဝိနယာနုဂ္ဂဟာယ (၀ိနည်းတရားကိုချီးမြောက်ရန်၊) ဟူသော အကျိုးဆယ်ပါးကို ရည်မျှော်ကိုးပြီး ပညတ် တော် မူထားခြင်း ဖြစ်ပါသည်။ ၀ိနည်းဒေသနာတော် များသည် ရဟန်းတော်အားလုံးကို ရည်ရွယ်ထားသဖြင့် တောရ ဆောက်တည်သော ဓူတင်ဆောင်သော သံဃာများနှင့်သာ သက်ဆိုင်သည် မဟုတ်ပါ။ သို့သော် ဓူတင်ဆောင် များအတွက် သီးသန့်ပြဋ္ဌာန်းထားသော ၀ိနည်းဒေသနာတော်များလည်းရှိပါသည်။ စူဠ၀ါပါဠိတော်တွင် တောကျောင်းနေရဟန်းတော်များ အတွက်လိုက် နာရမည့် စည်းမျဉ်းများ တသီးတသန့် ပညတ်ထားသည်များ လည်း ရှိပါသည်။ (၀ိနယပိဋက၊ ပါရာဇိကဏ် ပါဠိတော်စသည်)

0 comments:
Post a Comment