* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 2, 2011

*ခန္ဓာရှင်းတမ်း*

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ

ဘုန်းဘုန်းမေးမယ်၊ ခန္ဓာဆိုတာ မြန်မာစကားလို့ ထင်မနေဘူးလား။ (ထင်ပါတယ်ဘုရား)။ မဟုတ်ဘူး။ ပါဠိစကားပါ။္ဓာဆိုတာ အပေါင်းအစုလို့ အဓိပ္ပါယ်ရတယ်။ အစုမှန်ရင် ခန္ဓာလို့သုံးတယ်။ ပြတယ်။ အဘိဓာန်ကျမ်းမှာ ခန္ဓာ = အစုအပေါင်းလို့ ပြတယ်။

ဥပမာ– ဓမ္မက္ခန္ဓာ ဆိုတာ ကြားဘူးတယ်နော်။ တရားအစုတဲ့.. ဘယ်လိုဟာလဲလို့ ဆရာတော်ကြီးများ မေးကြည့်တော့ မင်္ဂလသုတ်မှာ ဆိုရင် (ပဋိရူပ ဒေသ ဝါသောစ၊ ပုဗ္ဗေစ ကတပုညတာ အတ္တသမ္မာ ပဏီဓိစ ဧတံမင်္ဂလ မုတ္တမံ) ဆိုရင် တစ်စု၊ အဲဒါကို တစ်ခန္ဓာ ခေါ်တယ်။ ဂါထာလေးတွေ စုထားတယ် မဟုတ်လား။ အဲဒီလို တစ်ခန္ဓာလေးတွေ တစ်ခန္ဓာလေးတွေကို စုပြီး ဘုရားဟောထားတာ (၈၄၀၀၀) ရှိတယ်တဲ့။ ဒီတော့ ခန္ဓာဆိုတဲ့စကားသည် အပေါင်းအစု မှန်ရင် သုံးခွင့်ရှိတဲ့စကား။

ဒီကိုယ်လုံးကြီး ကလည်းခန္ဓာပဲ၊ ဆံပင် ကနေ ကျင်ကြီး ကျင်ငယ်အထိ အကုန်ပါပါတယ်။ ၃၂-ပါးသော ကောဋ္ဌသတွေ ပေါင်းစုထားတာ၊ ထသွားရင်ရော ကွဲပါ့မလား (မကွဲပါ ဘုရား..) ဟုတ်တယ်။ ဒါကြောင့် ခန္ဓာလို့ပြောတာ။ ၂-အကွက် ဒုက္ခသစ္စာတဲ့၊ ခန္ဓာ ငါးပါးဆိုတာ ဒီကိုယ်လုံးကြီးကို ပြောတာ မဟုတ်ပါဘူး။ ဒီဘက်က ငါးပါးအစုကို ပြောတာပါ။

ဒီကိုယ်လုံးကြီးနဲ့ ဒီငါးပါး ရောရင်တောာ့ မရဘူး။ ဒီကိုယ်လုံးကြီးကို ခန္ဓာငါးပါးထင်ရင် လွဲပြီ။ မိုးကုတ်ဆရာတော် ဘုရားကြီးက အချို့ကျမ်းတွေမှာ ခန္ဓာငါပါးတုံးကြီးလို့ သုံးတယ်။ တကယ်တမ်း ဆရာတော်ဘုရားကြီး သုံးတဲ့အခါကျတော့ ဒီလိုမဟုတ်တော့ဘူး။

သိသဘောတစ်ချက်တွင် ခန္ဓာငါးပါး ပေါင်းစပ်ပါဝင်ပုံ (နံပါတ် ၂-အကွက်)

အာရုံဒွါရ မွေးတဲ့ခန္ဓာလို့ သုံးသွားတယ်။ ခင်ဗျားတို့ တရားရှုပါဆိုတော့ ကျုပ်က ရှုခိုင်းတာက ခွေးဟောင်တဲ့ခန္ဓာကို ရှုခိုင်းတာ မဟုတ်ဘူးလို့လဲ သုံးသွားတယ်။ တချို့ကျမ်းတွေမှာ ဆရာတော်ဘုရားက ခန္ဓာငါးပါးတုံးလို့ သုံးတဲ့အခါ သုံးတယ်။ အဓိက လိုရင်းကို နောက်ပိုင်းမှာ ဟောသွားတာက နည်းနည်းတော့ ဉာဏ်ကစားရမယ်နော်။ ရှေ့ပိုင်းဟောသွားတာနဲ့ မတူဘူး။

ကြားသိစိတ်တစ်ချက်တွင် ခန္ဓာငါးပါး တစ်ပေါင်းတည်းဖြစ်ပုံ

နောက်ပိုင်း ခန္ဓာဝန်ချကာနီး ဟောတဲ့တရားတွေက တအားမြင့်တယ်။ ခန္ဓာငါးပါးတုံးလို့ မသုံးတော့ဘဲ အာရုံ-ဒွါရမွေးတဲ့ ခန္ဓာ၊ ခွေးမဟောင်တဲ့ ခန္ဓာလို့ ခေါ်တယ်။ ဒါဟာ ဒီခန္ဓာ ငါးပါးကို ရှုခိုင်းတာပဲ။ ဒီခန္ဓာငါးပါးနဲ့ ဒီကိုယ်လုံးကြီးဟာ မတူဘူး။ တူတယ် ထင်ရင် မှားလိမ့်မယ်။ နားလည်ပြီလား။ (မှန်ပါ့ဘုရား..)။

စဉ်စား.. စကားကိုက ခန္ဓာချုပ်တာ မြင်ရင်နိဗ္ဗာန်၊ ခန္ဓာ နိရောဓော.. နိဗ္ဗာန်ဆိုတော့ စဉ်းစား၊ မသေခင် မှာမြင်ရမဲ့ နိဗ္ဗာန် ဖြစ်နေတာကိုး။ ဒါကြီး(ခန္ဓာကိုယ်ကြီး) သေမှ မြင်မယ်ဆိုရင် ဟုတ်ပါ့မလား။ (မဟုတ်ပါဘူး ဘုရား..)။ သဘောပေါက်ပြီနော်။

ရွှေဟင်္သာ ဆရာတော်ဘုရားကြီး ရှင်းပြသွားသည့် နိဗ္ဗာန်ဟူသည့် စကားလုံး၏ သဘောအဓိပ္ပါယ်နှင့် မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်ကြားသွားသော တဏှာ၊ မာန၊ ဒိဋ္ဌိ တစ်ပေါင်းတည်းဖြစ်ကြောင်း ပြပုံ

မသေခင်ထဲက နိဗ္ဗာန် မြင်ရမယ်လို့ ပြောထားတယ် မဟုတ်လား၊ ဒီတော့ခန္ဓာ နိရောဓကို တွေ့မှ မသေခင် နိဗ္ဗာန်တွေ့ မှာပေါ့။ တွေ့လိုတယ်နော်။ ဒါဖြင့် ဒီခန္ဓာသည် ဘယ်လို သဘော ပေါ်သလဲဆိုတောာ့ အာရုံ ဒွါရ တိုက်ချိန်မှာ ပေါ်တာ။ အဲဒီအချိန်ကို ဘုရားက ဘဝလို့ ခေါ်တယ်နော်။

သစ္စာသည် ဒုက္ခသစ္စာလို့ ခေါ်တယ်။ အဲဒီခန္ဓာကို ဘုန်းဘုန်း တို့သဘော ပေါက်အောင် မှတ်ရမှာနော်။

~~~~~~~~*****~~~~~~~~

ပိုင်းလော့ဆရာတော်ဘုရား ဟောကြားတော်မူသော “ဇာတိမလာရေးနှင့် နိဗ္ဗာန်အမြင်” တရားတော်မှ..

လေးစားရိုသေစွာဖြင့်
ဖိုးသား

4/30/2011, SAT:, 11:35:42 PM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP