* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 2, 2011

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၁၆)

အောင်မြင်မှု ဒေါက်တိုင်
ကျရှုံးမှုများကား အောင်မြင်မှု၏ ဒေါက်တိုင်များသာတည်း။ ကျွန်ုပ်တို့၏ ကျရှုံးမှုများမှ သင်ယူခြင်းကား အောင်မြင်ပြီးမြောက်ရန် ဖြစ်သည်။ မကျရှုံးဖူးခြင်းသည် မအောင်မြင်ဖူးသေးခြင်းပင်တည်း။ ကျရှုံးမှုနှင့် ၄င်း၏ ခါးသည်းမှုကို မတွေ့ကြုံ မခံစားဖူးပါက အောင်မြင်မှု၏ ချိုမြိန်သည့် အရသာကို လုံးဝ ခံစားရမည် မဟုတ်ပေ။ ၄င်းသည် စိတ်ဝင်စားဖွယ်ရာ ကင်းသည့် အဖြစ်အပျက်များ၏ အလှည့်အပြောင်း တစ်ခုမျှသာ ဖြစ်လာပေမည်။ ကျရှုံးမှုများကား ကျွန်ုပ်တို့ကို အောင်မြင်ဖို့ ကူညီရုံသာ မက လှုပ်ရှားတတ်ကြွပြီး စိတ်အားလည်း ထက်သန်စေသည်။ ထို့ပြင် အတွေ့အကြုံလည်း ကြွယ်ဝစေပါသည်။

ကျွန်ုပ်တို့ကား သက်ရှင်၊ လုပ်ရှား၊ အိပ်မက်တွေ မက်ထားကြတယ်။
စီမံကိန်းလေးတွေ ကိုယ်စီ လူတိုင်းမှာ ရှိကြသည်ပေါ့။
တစ်ခါတစ်ရံ ပြုံးကြ ရယ်ကြ၊
တစ်ခါတစ်ရံ မဲ့ကြ ငိုကြနဲ့
နေ့ရက်များစွာလည်း ကုန်လွန်သွားပေါ့။

စစ်မှန်သည့် အလှတရာ
ကိုယ်ကာယဆိုင်ရာ မလှပခြင်းဟာ ဆွဲဆောင်မှုရှိတဲ့ ဥပဓိရုပ်အတွက် ချို့ယွင်းချက် မဟုတ်ပါဘူး။ ရုပ်မလှတဲ့သူဟာ မေတ္တာတရားကို ပြုစုပျိုးထောင်လိုက်မယ်ဆိုလျှင် အဲဒီ မေတ္တာက အောင်ပွဲဆင် နည်းလမ်းများဖြစ်သည့် တည်ငြိမ်အေးချမ်းမှု၊ ဝင်းလက်တောက်ပမှု၊ အကြင်နာတရားနှင့် နူးညံ့သိမ့်မွေ့မှုတွေကို ထုတ်ဖော်ပြပါလိမ့်မည်။ အဲဒီလို ဆွဲဆောင်မှုမျိုးက မည်သည့် ရုပ်ရည်သွင်ပြင်ဆိုင်ရာ အားနည်းချက်မျိုးကိုမဆို အစားထိုးပေးပါလိမ့်မည်။

နှိုင်းယှဉ်ကြည့်လိုက်လျှင် ဟန်ပန် တစ်ခွဲသားနှင့် လူချောတစ်ယောက် သို့မဟုတ် ဘဝင်မြင့်သည့် ရုပ်ချောသူ တစ်ယောက်ဟာ နှစ်သက်ဖွယ်ရာ ကင်းလွန်းနေသည့်ပြင် ရွံရှာဖွယ်ရာ ပုံပေါက်နေပေလိမ့်မည်။ စိတ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုသည်သာ တကယ့် အလှတရား ဖြစ်ပါသည်။ ထိုအလှတရားမှာ ထူးခြားသည့် အရည်အသွေးနှင့် ဆွဲဆောင်မှု ရှိပါသည်။

Ven. K. Sri Dhammananda ၏ How to Overcome Your Difficulties ကို အခန်းဆက် ဘာသာပြန် တင်ဆက်ခြင်း ဖြစ်ပါသည်။

ဘုန်းဉာဏ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP