* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 28, 2011

ကျွန်ုပ်၏ ဒဿနများ (၁၇)...

လူပေါင်းမှားတာပါ လို့ မပြောနဲ့ဦး။
ကိုယ့်ရဲ့ စိတ်မှာ ရှိနေတဲ့ မကောင်းတဲ့ စိတ်ကို ကိုယ်က အရင်ပေါင်းမိသွားတာကို သတိပြုမိရမယ်။
...................................................
ကမ္ဘာမှာ အမှောင်နဲ့ အလင်း ဆိုတာ ရှိတယ်။ အမှောင်ထဲက လူက အလင်းက လူကို မြင်နေရတယ်။
ဒါပေမဲ့ လောကုတ္တရာ နယ်ပယ်မှာတော့ ဓမ္မအလင်းထဲက လူက အ၀ိဇ္ဇာ အမှောင်ထဲကလူကို မြင်နေရတယ်။
အ၀ိဇ္ဇာ အမှောင်ထဲက လူက သူ့ကိုယ်သူလည်း မမြင်ရဘူး။
...................................................
သံသရာခရီးသည်တွေ... မသေသေးခင် ကုသိုလ်အလုပ်တွေကို လုပ်ပြီး မေတ္တာစိတ်နဲ့ သတ္တ၀ါ အချင်းချင်း တည့်အောင်သာနေကြ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP