* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 28, 2011

ငါစွဲ အတ္တဖြုတ်ပုံ တရားအကြောင်း

ဓမ္မပီယ—- မူလပျက်သုညတ အကြောင်းကို နာကြားရတဲ့အတွက် တပည့်တော် အလွန်ဝမ်းသာပါတယ်ဘုရား။ နောက်ဆုံး ငါစွဲဖြုတ်ပုံ လေးကိုလည်း ရှင်းလင်း ဖြေကြား တော်မူ ပါ ဘုရား။

ဦးဝိဇယ—- မူလပျက် သုညတ ကိုသိပြီး လျှင် ငါစွဲ ဖြုတ်ပုံ အလွန် လွယ်ကူ သွားပါပြီ ဘုရား။ အရှုခံအကြောင်း အကျိုးတရားမှာ လည်း *ငါ* ဆိုတာ မရှိပါဘူး ဘုရား။ ရှု ဉာဏ်အကြောင်း အကျိုးတရားမှာလည်း *ငါ* ဆိုတာ မရှိပါဘူးဘုရား။*ငါ* ဆိုတာ အတိတ်တုံး ကလည်းမရှိခဲ့ပါဘူး။ ပစ္စုပ္ပန်မှာလည်း မရှိနိုင်ပါဘူး။ အနာဂတ်မှာလည်း *ငါ* ဆိုတာ မရှိလာနိုင်ဘူး။ အရှုခံ ရှုဉာဏ် အကြောင်းအကျိုးမှာလည်း *ငါ* ဆိုတာ မရှိ။ ကာလ (၃)ပါး မှာလည်း *ငါ* ဆိုတာ မရှိဟု နားလည် သဘောပေါက် ခြင်းသည် *ငါ* စွဲ ဖြုတ်လိုက်ခြင်း ဖြစ်ပါတယ်ဘုရား။

ဓမ္မပီယ—- *ငါ* စွဲဖြုတ်ပုံဟာ အလွန်လွယ်ကူပါတယ်။ဒါပေမဲ့ မဖြုတ်တတ်ရင်လည်း အလွန်ခက် ပါ လိမ့်မယ် ဘုရား။ ဘာကြောင့်လည်းဆိုတော့ တပည့်တော် တို့ ဖြုတ်ခဲ့တာက ပထမ * ငါ *ဆိုတာရှိနေတယ် ဟုထင်နေပါတယ်။ အဲဒီအထင်သည်ပင် အလွန်မှားပါတယ် ဘုရား။ ဘယ်လိုမှ ဖြုတ်လို့ရမှာမဟုတ်ပါဘူး။ မူလက မရှိတဲ့ *ငါ*ကို မရှိဘူးဟု နားလည် ယုံသလောက်ကို သဘောပေါက်ရင်၊ *ငါ* စွဲ ပြုတ်ပါပြီဘုရား။ အရှုခံ နဲ့ အရှု ဉာဏ်ကို စုစည်း၍ ပိုပြီးသဘောပေါက်အောင် ရှင်းပြတော်မူပါဘုရား။

ဦးဝိဇယ—- အရှုခံ နှင့် ရှုဉာဏ်ကို ဒီလို သဘောပေါက်လိုက်ပါဘုရား။

(၁) အနတ္တ တရားက အနတ္တ တရားကို ရှုခြင်း။

(၂) အနတ္တ တရားက အတ္တ အထင်တရားကို ရှုခြင်း။

(၃) အတ္တ အထင်တရားက အနတ္တ တရားကို ရှုခြင်း။

(၄) အတ္တ အထင်တရားက အတ္တ အထင်တရားကို ရှုခြင်း။

(၁) အနတ္တ တရားက အနတ္တတရား ကိုရှုခြင်း ဆိုတာ ဆရာစစ်၊ တရားစစ် ၊စိစစ်ဉာဏ် အရှုခံ သည်အကြောင်းတရား။ အမှန်သိခြင်းသည် ရှုဉာဏ်အကျိုးတရား၊ ထိုအကြောင်းတရား ၊ အကျိုး တရား(၂)မျိုး သည် ကိုယ်ပိုင်စွမ်းအားမရှိသော မူလပျက် သုညတ တရားဖြစ်ပါတယ်။

အဝိဇ္ဇာ ၊တဏှာ၊ ကံ၊ အာဟာရ ၊ဖဿ သည် အကြောင်းတရား၊ ရုပ်နာမ် (၂)ပါးသည် ၊ အကျိုးတရား၊ ထိုအကြောင်းအကျိုး (၂)မျိုးသော တရားသည် ကိုယ်ပိုင်စွမ်းအားမရှိသော၊ မူလပျက်သုညတ တရားဖြစ် ပါတယ်။ မူလပျက် သုညတ အနတ္တ တရားကို ရှုခြင်းသည် အနတ္တ တရားက အနတ္တ တရားကို ရှုခြင်း လို့ခေါ်ပါတယ်။

အရှုခံ အကြောင်း အကျိုး တရားများသည် ကိုယ်ပိုင်စွမ်းအားဖြင့် မဖြစ်နိုင်သော အပြုပြင်ခံရသော သင်္ခါရတရား ၊ရှုဉာဏ်အကြောင်းအကျိုးတရားများသည် လည်း ကိုယ်ပိုင်စွမ်းအားဖြင့် မဖြစ်နိုင်သော အပြုပြင်ခံရသော သင်္ခါရတရား။ ထို့ကြောင့် *သင်္ခါရေ သင်္ခါရာဝ ဝိပဿန္တိ = သင်္ခါရ မူလပျက် သုညတ တရားများကို သင်္ခါရမူလပျက် သုညတတရားများကို သင်္ခါရမူလပျက် တရားများ ကသာ ရှုကြကုန်၏ ။* ဟူသော ပါဠိနှင့်အညီဖြစ်ပါတယ်ဘုရား။

(၂) ရှုဉာဏ်သင်္ခါရ မူလပျက် သုညကို မြင်ပြီးအရှုခံတရားများကို မူလပျက်သုည မမြင်ဘဲ ဖြစ်နိုင်တဲ့စွမ်းအား ရှိတယ် ဟုထင်နေခြင်း သည် အနတ္တတရား ကို အတ္တ တရား ကိုရှုသည် ဟုခေါ်ပါတယ်ဘုရား။

(၃) ရှုဉာဏ်ကို ကိုယ်ပိုင် စွမ်းအားဖြင့် သိနိုင်တယ်ဟူသော အတ္တ အထင် ဖြင့် အရှုခံကို သင်္ခါရ မူလပျက် သုညတရားကို သိမြင်ခြင်းသည် အတ္တ ဖြင့် အနတ္တ ကိုရှုတယ်ဟု ခေါ်ပါတယ်ဘုရား။

(၄) ရှု ဉာဏ် ကိုလည်း ကိုယ်ပိုင်စွမ်းအားဖြင့် သိနိုင်တယ်ဟူသော အတ္တ အထင်ဖြင့် အရှုခံကိုလည်း ကိုယ်ပိုင်စက္ကန့်မခြား ဖြစ်ပျက်နိုင်တဲ့ စွမ်းအားရှိတယ်ဟု ထင်နေရခြင်းသည် အတ္တ တရားက အတ္တ တရားကို ရှုတယ်ဟုခေါ်ပါတယ်ဘုရား။

ဓမ္မပီယ—- တပည့်တော်အရှုခံ ရှုဉာဏ်ကိုတော့ သဘောပေါက်ပါပြီဘုရား။ဝေဒနာ ပစ္စယာ တဏှာ နှင့်ဝေဒနာနိရောဓော၊ တဏှာနိရောဓော ဟူသော ပါဠိတော်၏ အဓိပ္ပ့ါယ်ကိုလည်း ဖြေကြားပေးတော်မူပါဘုရား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP