* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 28, 2011

အချစ် မပျက်စေလို



အချစ် မပျက်စေလို




တစ်ခါတစ်လေ တွေးကြည့်မိတာက အချစ်ဆိုတဲ့ စကားလုံး။

လူတိုင်းက ချစ်တာကို သဘောကျကြတာ များပါတယ်။

အချစ်ပျက်သွားမှာကိုတော့ ကြောက်ကြပါတယ်။

လူတိုင်းဆိုသလို ဘုန်းကြီးလည်း ချစ်တာသဘောကျသလို
အချစ်ပျက်မှာလည်း ကြောက်ကြပါတယ်။

အဲ... အချစ်ဆိုတဲ့ စကားလုံးက ဘုန်းကြီးမဆိုင်တော့ မဟုတ်။
အချစ်ဆိုတာလည်း အမျိုးမျိုး ရှိပေတာကိုး။

သာမန်လူတွေ ချစ်တဲ့ အချစ်ကို အဓိပ္ပါယ် မဖွင့်ဆိုလိုတော့ပါ။
ဘုန်းကြီးတွေ ချစ်တဲ့ အချစ်ကို ပြောပြချင်သေးတယ်။

စာထဲမှာလည်း မျက်စိတောင် ပိယစက္ခု ချစ်တဲ့မျက်စိနဲ့ 
အချင်းချင်း ကြည့်ရှု နေထိုင်ကြရင် ပြောဆိုကြရင်အဆင်ပြေပါသတဲ့။
အချစ်ရှိတော့ အရာရာ ဆိုသလို ခွင့်လွတ်တတ်ကြပါတယ်။

အရှင်အနုရုဒ္ဓါ အရှင်နန္ဒိယ အရှင်ကိမိလ တို့  နေတဲ့ပုံစံပေါ့။
တစ်ဦးပေါ် တစ်ဦး အပြစ်မယူကြဘူး။
တစ်ဖက်သား လုပ်သမျှ
လိုက်လျောကြတယ်။

ကိုယ်နဲ့ စိတ် သုံးပါးဖြစ်ပေမယ့်
စိတ်တွေက တစ်ထပ်တည်းကျတယ်။


ရှေ့ မှာရော ကွယ်ရာမှာရော
အချင်းချင်း ချစ်တဲ့ စိတ်အတိုင်း
ချစ်တဲ့ စကားနဲ့  ချစ်တဲ့ လုပ်ဆောင်ချက်

တစ်ထပ်တည်း ကျနေတယ်။

အချင်းချင်း ဟာမိုနီ ဖြစ်အောင် နေကြပါတယ်။
စာကပြောတာက နို့ နဲ့ ရေ ရောထားသလိုမျိုးတဲ့။

ဒါ ချစ်ခြင်းသင်္ကေတ တစ်ရပ်ပေါ့။


အချစ်မပျက်စေချင်ရင်
ဒါကြည့်သောအားဖြင့် မထေရ်ကြီးများလို

နေရမယ် ဆိုတာ သဘောပေါက်လာတယ်။

ပြီးတော့ လူများရဲ့  အကြည်ညိုခံပြီး လှူဒါန်းသမျှ
သင်္ကန်း ဆွမ်း ကျောင်း ဆေး
သုံးစွဲနေရတဲ့
ဘုန်းကြီး ဘ၀ဟာလည်း
အချစ်မပျက်စေဖို့  သတိ
ထားရပြန်တယ်။
သတိထားရမည့် ဘ၀ဖြစ်ပါတယ်။


စာထဲမှာတော့ တောင်းလွန်းရင် အချစ်ပျက်ပါသတဲ့။ ကြားဘူးတဲ့
ပုံပြင်က ရဋ္ဌပါလ မထေရ်ဟာ ဖခမည်းတော်တောင် မတောင်းပါဘူးတဲ့။
ဖိတ်မံထားတာတောင်မှ မတောင်းလေတော့ ဖခမည်းတော်ရဲ့ 
စိတ်က အတောင်းခံချင်လာတယ်လေ။

( လူတွေရဲ့  သဘောလေလား။
အရက် မကြိုက်ပါဘူးဆို အတင်း ပေးတိုက်တယ်။

သောက်တတ်လာရင် ပေးမတိုက်တော့ဘူး။ )

ဒါနဲ့ ပဲ ခမည်းတော်က သားရဟန်းကို မေးပါလေရော၊
ဘာလို့  မတောင်းတာလဲ
ဆိုတာကိုပေါ့ ။

ဒီလိုပါ ။ ရဋ္ဌပါလ မထေရ်ခမျာ လူရဲ့  သဘော မနော သိပြီးသားမို့ 
အချစ်မပျက်စေလိုတာကြောင့် မတောင်းခဲ့ကို သေချာရှင်းပြတယ်။

၁။တောင်းလို့  ရရင် တော်ရဲ့ ၊
ကိုယ်တောင်းတာ မရခဲ့ရင်
မပေးတဲ့ သူကို အချစ်ပျက်လာမယ်။

အချစ်ပျက်လာနိုင်စရာ ဖြစ်တယ်။

၂။ တောင်းလို့  ပေးရတာများလာခဲ့ရင်
ပေးနေရတဲ့သူကလည်း

တောင်းတဲ့ သူကိုအချစ်ပျက်လာမယ်။
အချစ်ပျက်လာနိုင်စရာ ဖြစ်တယ်။


အဲလို အချစ်မပျက်စေလိုတာမို့ လို့ 
ရှင်းတော့မှ ခမည်းတော်လင်းသွားတယ်။

ဒါတင်မကသေးဘူး။ ဟိုတုန်းက ရဟန်းတွေက မနိုင်မနင်း
ကျောင်းကြီးတွေ ဆောက်၊ ကျောင်းဒကာက သီးသန့် မရှိ။
နောက်မှ လူမြင်တိုင်း လုပ်အားပေးခေါ် လုပ်ကြ။
လိုအပ်ရာရာ အလှူခံကြ လုပ်ကြပါသတဲ့။

နောက်တောင်းပါများလာတော့
လူတွေက သင်္ကန်းရောင်နဲ့  တူတဲ့
နွားမြင်တာတောင်မှ ရဟန်း ထင်ပြီး အိမ်ထဲ ပုန်းရတဲ့
အဖြစ်ပျက်က ရှေးကာလ ဖြစ်ခဲ့ပါတယ်။
ဒါလည်း အချစ်ပျက်သွားတဲ့ ပုံပြင်တစ်ပုဒ်။


( စကားညှပ်- ယခုခေတ် မြို့ များမှာ
အလှူခံ မလာရ ဆိုင်းဘုတ်နဲ့ ခပ်ဆင်ဆင်။)


ဟုတ်ပါတယ်။ တောင်းတာက လူကို မဆိုထားနဲ့  တိရစ္ဆာန်တောင်
မကြိုက်ဘူးလေ။ တစ်ခါတော့ ရဟန်းတစ်ပါးက တောထဲမှာ
တရားအားထုတ်တယ်။ ငှက်တွေ က ကျွိတီ ကျွိတီ ဆူဆူညံညံ
လုပ်တယ်။ ကြာလာတော့ တရားမရ။ နားကြားပြင်းကပ်လာတယ်။
နောက် အဖေါ်တစ်ပါးက အကြံပေးတာနဲ့  ငှက်တွေကို မင်းတို့ 
အတောင်တွေ ငါ့ပေး ၊ ငါ့ပေး အော်လို့  နောက် မလာတော့ဘူးတဲ့။
အချစ်ပျက်သွားတယ်ပေါ့။

ပြီးတော့ နဂါးတစ်ကောင်ကလည်း အဲလိုပဲ ရဟန်းတရားအားထုတ်နေတာမို့ 
ဝေ့လည် ဝေ့လည် နဲ့  နေပါတယ်။ အန္တရာယ်ပေးတာတော့ မဟုတ်ပါဘူး။
သို့ ပေမယ့် ရဟန်းက သိပ်ကြောက်တတ်တာမို့  အကို ဖြစ်သူကို
အကြံဥာဏ်တောင်းပါသတဲ့။

အကိုက မင်း နဂါးကို မြင်တော့ ဘာထူးထူးခြားခြား
မြင်သလဲပေါ့။ ညီရဟန်းက လည်ပင်းမှာ ပတ္တမြားတွေ့ ပါတယ်။
အဲဒါဆို အဲဒါတောင်းကွာ။ တောင်းရင် အချစ်ပျက်မှာကို သိလေတဲ့
အကိုရဲ့  အကြံပေးမှုနဲ့ အတူ ညီငယ်က တောင်းပါသတဲ့။
နဂါးလည်း ညီငယ်နား မဝေ့လည်တော့ပဲ အချစ်ပျက်သွားပါတယ်။

ဒါကြောင့် လူပဲ ဖြစ်ဖြစ် ဘုန်းကြီးပဲ ဖြစ်ဖြစ်
သူများဆီက ပစ္စည်းကိုဖြစ်ဖြစ် အကူညီကို ဖြစ်ဖြစ်
တောင်းရင် ၊ တောင်းပါများရင် အချစ်ပျက်တာလည်း
သိထားသင့်ပါတယ်။ သိပြီးရင်တော့ အချစ်မပျက်စေကြနဲ့ ပေါ့။

အချစ်မပျက်စေလို....



မှတ်ချက်။ ။ ၀ိနည်း သုတ္တန်တို့ မှာ လာသည်ကို
နားလည်လွယ် စကားလုံးဖြင့် မှတ်သားသင့်သည်များကို
မှတ်မိသမျှ သုံးနှုန်း ရေးသားထားပါသည်။




မြတ်ရောင်နီ
( ၂၇ ၊ ၀၅ ၊ ၂၀၁၁ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP