* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 28, 2011

အလင်းထွန်းတောက်..ခရီးရောက်စေ


*တစ်ခါက

စိတ္တလ တောင်ခြေ က

မှောင်နေတဲ့ ကျောက်ဂူအတွင်း

အလင်း ဖြင့် ခရီး နှင်-----

မြေပြင်မိုးအောက်

ဖောက်ထွင်း ဖြတ်သန်းခဲ့ဘူးတယ်..။

*မကြာရ…

ဋ္ဌာန ဆိုတာပြန်ရင်း….

ပန်းတစ်ခင်း ကို လည်း စိုက်ပျိုး

ကောင်းကျိုး တွေလည်း ဝေဖြန့်

ရနံ့ တွေလည်း ဝေ ခဲ့တယ်..။

မေတ္တာ တွေလည်း ချွေခဲ့တယ်..။

*ဘဝါ ဘဝ

ချခဲ့ဘူးသော ရေစက်…

ပန္နက်ခဲ့ဘူးသော သစ္စာ …..

တော်ရာလည်းဖြစ်….ပျော်ရာဖြစ်စေ….။

သင့်ရာလည်း ဖြစ်….စေတနာ သစ်စေ…။

အရှေ့ မှ အနောက် ..လမ်းကိုဖေါက်စေ….။

ဝေနေယျ တွေ အထွေထွေ ရဲ့

အားကိုးရာအစစ် အမှန်ဖြစ်စေ..။

ဗဟိဒ္ဓ သာသနာ…အကာအနှစ်…စိစစ်နိုင်စေ..။

ဝမ်းစာဖြည့်ဆည်း ..ရွယ်တိုင်းပြီးပေါ့……

အဇ္ဈတ္တ ခရီး…..မှာ….

ပြီးပြီးမြောက်မြောက်......ဖောက်ထွက် နိုင်စွမ်း ရှိပါစေ..။

ပေါက်ပေါက်ရောက်ရောက်..............လွတ်မြောက် နိုင်စွမ်း ရှိပါစေ…။

*၂၇.၅.၂၀၁၁* တွင်ကျရောက်သော *ဘုန်းဘုန်း အရှင်တိက္ခဉာဏာလင်္ကာရ* ၏ ၃၃နှစ်ပြည့်မွေးနေ့ နှင့် သိက္ခာထပ်မင်္ဂလာ ကို ဤကဗျာ ဖြင့် ပူဇော် လိုက်ပါတယ်..။

မေတ္တာဖြင့်-သစ္စာအလင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP