ကိုယ်တွေ့ဝိပဿနာ စိစစ်ချက်
တစ်နေ့ ဓမ္မရတနာစာအုပ်နှင့်ဓမ္မရံသီစာအုပ် နှစ်အုပ်ကို အမြဲတမ်းလှူနေကျ ဒါယကာမတစ်ဦးက လာရောက်ဆက်ကပ်ပါ တယ်။ ၂၀၁၁၊ မတ်လထုတ် ဓမ္မရတနာမဂ္ဂဇင်းကို ဖတ်မိရာမှ အမှတ်မထင် ဆောင်းပါးရှင် မစိုးရိမ်စာသင်သား(ဦးဣန္ဒာစရိယာဘိဝံသ)ရေးသားတော်မူ တဲ့ “စိတ်ထားဖြူစင် ပါရမီရှင် -၂ ၊ လမင်းကိုရန်မပြုလေနှင့်” ဆိုတဲ့ ဆောင်းပါးကို ဖတ်မိရာမှ ပို့စ်တင်ချင်တဲ့စိတ်တွေ တဖွားဖွားပေါ်လာတာနဲ့ ဆောင်းပါးရှင်ကိုတောင်မှ ခွင့်မတောင်းရသေးပါဘူး။ သူနဲ့ရင်းနှီးနေတာမို့လို့ ခွင့်ပြုမယ်လို့ထင်ပါတယ်။ ဒါကြောင့် ဒီနေရာကပဲ “အရှင်ဘုရား..တပည့်တော်အား ကော်ပီကူးယူခွင့်ပေးတော်မူပါဘုရား” လို့ ခွင့်တောင်းလိုက်ပါတယ်ဘုရား။
အမှားကြာလျှင် အမှန်ဖြစ်တတ်တယ်ဆိုတဲ့ စကားအတိုင်း အမှားတွေကို ဖတ်မိပြီး အမှန်ယူကာ လက်ခံကျင့်သုံးမိခြင်း၊ဘုရားသာသနာတော် ကြီးရှိပါရက်နဲ့ ရေတိမ်နစ်တာမျိုး မဖြစ်ရလေအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖတ်မိသမျှစာများ ကဏ္ဍမှာ တင်ပေးလိုက်ရပါတယ်။
ဆောင်းပါးထဲက လိုရင်းပွိုင့်ကိုသာ တင်ပေးပါ့မယ်။ ဖတ်ရှုကြပါကုန်……..
အယ်ဒီတာချုပ် ဒါယကာကြီး၏ လာရင်းကိစ္စမှာ “ပခုက္ကူဝိပဿနာသင်တန်းတရားတော်” အပိုင်း(၁-၂-၃) အမည်ရှိစာအုပ် ၃-အုပ် (ပုံနှိပ်မူ) တို့ ကို မဂ္ဂဇင်းတွင် “ကိုယ်တွေ့အလုပ်ပေးဝိပဿနာတရားတော်” အမည်ဖြင့် လစဉ် ထည့်သွင်းဖေါ်ပြရန် သင့်-မသင့်အတွက် မှတ်ချက်ပေးရန် ယခင်က တောင်းခံထားခြင်းကိစ္စကြောင့် ဖြစ်ပါသည်။
၎င်းစာအုပ် ၃-အုပ်မှာ ယနေ့ခေတ် နိုင်ငံကျော် ဓမ္မကထိက (အဓမ္မ၀ါဒီ ဖြစ်-မဖြစ် သံသယရှိထိုက်သူ) က- သူ့ရိပ်သာအတွင်းမှာ ၅-ညဆက်တိုက် ဟောပြောထားသည့် ဟောပြောချက်များကို စာဖြစ်အောင် အက္ခရာတင်ထားသည့် စာအုပ်များပင် ဖြစ်ပါသည်။ ဤကိစ္စအတွက် အယ်ဒီ တာချုပ်ဒါယကာကြီးအား နှုတ်ဖြင့် ရှင်းပြပေးလိုက်လျှင် ပြီးနိုင်ပါသည်။ သို့သော် “စိစစ်ချက်အကျဉ်း”တို့ကို စာမျက်နှာ(၂၇)မျက်နှာရှိ စာတမ်းတစ်ခုဖြစ် လာအောင် ပြုစုထားလိုက်ပါသည်။
“စိစစ်ချက်အကျဉ်း” စာတမ်းထဲတွင်-
၁၂။ ကိုယ့်တွေ့အလုပ်ပေး ၀ိပဿနာတရားတော်များ အပိုင်း ၁၊ စာမျက်နှာ(၄၄-၄၅) ၌-
“ပထမတစ်ဦးက အနာထပိဏ်သူဌေးကြီး.. ဘယ်သူတဲ့တုံး (အနာထပိဏ်သူဌေးပါဘုရား) သူက သောတာပန်တော့ တည်တယ်။ သူသိတဲ့ သောတာပန်အဖြစ်က သဒ္ဓါဓုရ သောတာပန်လို့ ပြောရမယ်။ သူက ဘုရားကို ကြည်ညိုလွန်းအားကြီးနေလို့ သဒ္ဓါတရား ဖြစ်နေတာ၊ သောတာပန်တည် တတ်တယ်။
“သူက ရုပ်တရား၊ နာမ်တရား တကယ်မသိဘူး၊ သောတာပန်တော့ သောတာပန်ပဲ၊ ရုပ်တရား နာမ်တရားကို ပညာဓုရသောတာပန်လောက် နားမလည် ဘူး၊ မသိဘူး၊ ယောဂီတို့က အခုဦးဇင်းဟောတဲ့ တရားကိုနာ ကျင့်သုံးပြီးတော့ သောတာပန်တည်ရင် ယောဂီတို့ကို ပညာဓုရသောတာပန်လို့ ခေါ်ပါတယ်” ဟူ၍ ရေးသားဖေါ်ပြထားသည်။
“၄င်းရေးသားချက်အတိုင်း မှန်မမှန် သံသယ ဖြစ်ဖွယ်ရှိပါသည်၊ မည်သည့်ကျမ်းဂန်အရ ရေးသားထားသည်ကို တောင်းဆိုရန်သင့်လျော်ပါ သည်၊ အဘယ်ကြောင့်ဆိုသော် ရုပ်နာမ်မသိဘဲ သံသရာမှ ငြီးငွေ့ခြင်းသဘောရှိသော သံဝေဂဖြစ်မလာနိုင်ပေ။ သံဝေဂမဖြစ်ဘဲ ၀ိပဿနာဖြစ်-မဖြစ်မှာ စစ်ဆေး မေးမြန်း စုံစမ်းစရာ ရှိပါသည်” စသဖြင့်သာ ရေးသားဖေါ်ပြထားပါသည်။
မှားသည်ဟူ၍လဲ မရေးလိုက်ပါ၊ အဓမ္မ၀ါဒဖြစ်သည်ဟူ၍လဲ မရေးလိုက်ပါ၊ ကျမ်းဂန်ကို ပြနိုင်လျှင် မှန်စေသတည်း၊ ဓမ္မ၀ါဒဖြစ်စေသတည်းဟု ဆိုလိုပါသည်။
ဤရေးသားချက်များကို ဖတ်ပြသောအခါ အယ်ဒီတာချုပ်ဒါယကာကြီးက “အပြစ်မကင်းဘူးဆိုရင် တပည့်တော်တို့က မထည့်ပါဘူးဘုရား၊ မထည့်စေချင်ရင် မထည့်နဲ့လို့ပဲ ပြောပါဘုရား” ဟု လျှောက်ထားပါသည်။
အဲဒီကိစ္စက မထည့်ဘဲ နေလိုက်ရုံနဲ့တင် မပြီးနိုင်ပါဘူး၊ ဘာဖြစ်လို့ မထည့်တာတုံးလို့ မေးခွန်းတက်လိမ့်မယ်၊ အဲဒီအခါကျတော့ ဦးဇင်းဆီကိုပါ၊ ဆက်လာနေလိမ့်ဦးမယ်၊ဦးဇင်းက အဲသလို အမှားတွေကို အမှားတွေမှန်း သိပါရက်နဲ့ အကြောင်းကြောင်းကြောင့် အမှားတွေကို လက်ခံပြီး အမှားတွေကို ပဲ ပြန်လည်ဖြန့်ချီ ဟောပြောနေသူတွေနဲ့ မျက်နှာချင်းလဲ မဆိုင်ချင်ဘူး၊ စကားလဲမပြောချင်ဘူး၊ ဒါကြောင့် သူတို့ ဘက်က မေးခွန်းတက်လာရင် ဒီစာတမ်းကို မိတ္တူကူးပေးလိုက်နိုင်အောင်လို့ ပင်ပမ်းခံပြီး လုပ်ပေးထားတာပါ ၊ အဲဒီအခါမှာ သူတို့က ကျမ်းကိုးပြနိုင်တယ်ဆိုရင် ဒါယကာကြီးအနေနဲ့လဲ ထည့်လိုက ထည့်စေပေါ့၊ ဦးဇင်းတို့က သူတစ်ပါးတွေရဲ့ အခွင့်အရေးကောင်းတွေကို မတားလိုပါဘူး၊ အပြစ်ဖြစ်နေမှာလဲ ကြောက်ပါတယ်”
ဒါပေမဲ့ သူ့ဆရာဝါဒတွေကို ဘုရားဝါဒပါလို့ ဘုရားကို အကာအကွယ် ဒိုင်းသဖွယ် ပြုလုပ်ပြီး သူ့ဆရာ့ဝါဒတွေကို ဖြန့်ချီလာတာမျိုးကိုတော့ တားမြစ်နိုင်သလောက် တားဖြစ်ရမှာပဲ၊ ခွင့်ပြုချက် မပေးနိုင်ပါဘူး၊ ဒါက သူတို့ရဲ့ အခွင့်အရေးကောင်းတွေကို တားဆီးလိုက်တာမဟုတ်ပါဘူး၊ မမှန်တဲ့ ၀ါဒတွေကို တားဆီးလိုက်တာပဲ ဖြစ်ပါတယ်။
ဒီကိစ္စမှာ ဒီလိုဖြစ်လာတဲ့အတွက် သူတို့က မှန်နေရင်တော့ သူတို့အတွက် အလွန်မှပဲ နာမယ်တက်စရာရှိပါတယ်။ဂုဏ်တက်စရာ ရှိပါတယ်။ မှန်လည်ဆရာတော်ကြီးရဲ့ ကဗျာကလေးတစ်ပုဒ်ကို ဦးဇင်း ကူးထည့်ပေးလိုက်ပါတယ်။ န၀မတန်း မြန်မာစာ ပြဌာန်းချက်မှာ ပါရှိတဲ့ ကဗျာလေးပါပဲ။
လမင်းကို ခွေးဟောင်
ပြစ်မရှိ ပြစ်ရှာ
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ၊
မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ၊
ညွှန်လူးကာ တိုက်နဲ
ပွတ်လေလေ
ရွှေဂူမှာ အရောင်ထွက်တယ်။
ရှေ့ကထက်ကဲ။ ။
(မန်လည်ဆရာတော်ကြီး)
“ဓမ္မ၀ါဒ မှန်တုံက ရှေ့ကထက်သာ ကဲပါစေသတည်း၊
အဓမ္မ၀ါဒ ရောနေက ပျက်ကျပြီးသာ ကွယ်ပါစေသတည်း”
(မစိုးရိမ်စားင်သား) ၇-၉-၂၀၁၀
ထို့နောက် အယ်တီတာချုပ် ဒါယကာကြီးက ပခုက္ကူဝိပဿနာသင်တန်း တရားတော်အပိုင်း (၁-၂-၃) နှင့် “စိစစ်ချက်အကျဉ်း” (စာတမ်း)
တို့ကို လက်ခံရယူပါတယ်။ ပြန်ခါနီးတွင် “အနတ္တစကာဝိုင်းရဲ့ ပထမနိဗ္ဗာန် နှင့် ၀ိပဿနာတစ္ဆေရယ် ဒီကစိစစ်ချက်အကျဉ်းရယ် သုံးခုစလုံးကို သေချာဖတ်ကြည့်ပါ။ အဲဒါတွေကို သေချာဖတ်ကြည့်ပြီးရင် ဒါယကာကြီးအသိဥာဏ်က မဂ္ဂဇင်းမှာ ထည့်သင့်-မထည့်သင့်ကိစ္စကို ကိုယ့်ဖာသာ ပြတ်ပြတ် သားသား ဆုံးဖြတ်တတ်အောင် ဦးဆောင်နိုင်လောက်ပါပြီ” ဟု မှာကြားလိုက်ပါသည်။
“ဓမ္မ၀ါဒ မှန်တုံက ရှေ့ကထက်သာ ကဲပါစေသတည်း၊
အဓမ္မ၀ါဒ ရောနေက ပျက်ကျပြီးသာ ကွယ်ပါစေသတည်း”
(မစိုးရိမ်စားင်သား) ၇-၉-၂၀၁၀
ထို့နောက် အယ်တီတာချုပ် ဒါယကာကြီးက ပခုက္ကူဝိပဿနာသင်တန်း တရားတော်အပိုင်း (၁-၂-၃) နှင့် “စိစစ်ချက်အကျဉ်း” (စာတမ်း)
တို့ကို လက်ခံရယူပါတယ်။ ပြန်ခါနီးတွင် “အနတ္တစကာဝိုင်းရဲ့ ပထမနိဗ္ဗာန် နှင့် ၀ိပဿနာတစ္ဆေရယ် ဒီကစိစစ်ချက်အကျဉ်းရယ် သုံးခုစလုံးကို သေချာဖတ်ကြည့်ပါ။ အဲဒါတွေကို သေချာဖတ်ကြည့်ပြီးရင် ဒါယကာကြီးအသိဥာဏ်က မဂ္ဂဇင်းမှာ ထည့်သင့်-မထည့်သင့်ကိစ္စကို ကိုယ့်ဖာသာ ပြတ်ပြတ် သားသား ဆုံးဖြတ်တတ်အောင် ဦးဆောင်နိုင်လောက်ပါပြီ” ဟု မှာကြားလိုက်ပါသည်။

0 comments:
Post a Comment