* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 25, 2011

ကမ္မဋ္ဌာန်းလေးဆယ်ကို ပညတ်+ပရမတ် ခွဲခြားပုံ

ကသိုဏ်းတစ်ဆယ်၊ အသု ဆယ်တည်း၊

တစ်သွယ် ကောဋ္ဌာ၊ အာနာပါန၊

ဗြဟ္မ၀ိဟာ ၊ ဤလေးဖြာနှင့်၊

နှစ်ဖြာ အာရုပ္ပ၊ ပ နှင့် တ ဟု၊

ပေါင်းစု ရေလစ်၊ နှစ်ဆယ့်ရှစ်သည်၊

မှတ်လစ် ပညတ် အာရုံတည်း။

ကသိုဏ်း ၁၀ ပါး၊ အသုဘ ၁၀ ပါး၊ ကောဋ္ဌာသ ၁ ပါး၊ အာနာပါန ၁ ပါး၊ ဗြဟ္မ၀ိဟာရတရား ၄ ပါးမှ အာကာသာနဉ္စာယတန နှင့် အာကိဉ္စညာယတန ၂ ပါး အားဖြင့် ကမ္မဋ္ဌာန်း ၂၈ ပါးသည် ပညတ်အာရုံဖြစ်ကြ၏


ကာယဂတာ၊ အာနာပါကို၊

ချန်ကာထားဘိ၊ နှုဿတိ ရှစ်ဖြာ၊

အာဟာရာ ဟု၊ ဓာတု ၀၀တ္ထာန်၊

နှစ်တန် အာရုပ္ပ၊ ဒု နှင့် စ ဟု၊

ပေါင်းစု ရေလစ်၊ တစ်ဆယ့်နှစ်သည်၊

မှတ်လစ် ပရမတ် အာရုံတည်း။

ကာယဂတာသတိ နှင့် အာနာပါန ကို ချန်ထားသော အနုဿတိ ၈ ပါး၊ အာဟာရေ ပဋိကူလသညာ ၁ ပါး၊ စတုဓာတု ၀၀တ္ထာန် ၁ ပါး၊ ကြွင်းသော အရူပဈာန် ၂ ပါး အားဖြင့် ကမ္မဋ္ဌာန်း ၁၂ ပါးသည် ပရမတ်များ ဖြစ်ကြ၏

ဥပစာရ ကမ္မဋ္ဌာန်း နှင့် အပ္ပနာ ကမ္မဋ္ဌာန်း

ကာယဂတာ၊ အာနာပါကို၊ ချန်ကာထား၍၊ ကြွင်းငြား ရှစ်ရှိ၊ နုဿတိနှင့်၊ ပဋိကူလံ၊ ၀၀တ္ထာန်ဟု၊ ဆယ်တန်ပွားက၊ ဥပစာရ၊ မုချ ရနိင်သည်။

ကြွင်းသုံးဆယ်မှာ၊ အပ္ပနာ ၊ မှန်စွာ ရနိုင်သည်။

( ၀ိသုဒ္ဓိ၊ ၁ ၊ ၁၀၇ )

ဈာန်ဖြင့် ဝေဖန်ခြင်း

ကသိုဏ်းဆယ်ဖြာ၊ အာနာပါ၊ လေးဖြာ ဈာန်ရသည်။

ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ် သုံးပါး ရသော/ မရသော ကမ္မဋ္ဌာန်းများ

ကသိုဏ်းဆယ်ဖြာ၊ အသုဘာတည့်၊ အာနာပါန၊ ကာယကို ချန်၊ ကျန် နုဿတိ၊ ပွားများဘိ၊ ပဋိဘာဂ၊ ရနိုင်သည်။

ကြွင်းဆယ့်ရှစ်မှာ၊ ပဋိဘာ၊ ဘယ်ခါ မရပြီ။

ပရိကမ္မ၊ ဥဂ္ဂဟ မရ မရှိပြီ။


( ၀ိသုဒ္ဓိ ၊ ၁ ၊ ၁၀၉ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP