* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 25, 2011

မရဏအလံမထူခင်


ထိုသူ၏ငယ်နာမည်ကား ဂါမဏိအဘယ ငယ်စဉ်အခါတည်းက ကျေးကုလားများကို မုန်းတီးနေသူ ထို့ကြောင့် ပင် ကျေးကုလားများအား တိုက်ထုက်လိုရန်အတွက် အမြဲစိတ်ကူး ကြံရွယ်နေခဲ့သူ။ ဖခင်အား ဧဠာရကျေး ကုလားတိုက်ထုက်ခွင့် သုံးကြိမ်တိုင်တိုင် တောင်းဆိုသော်လည်း ဖခင်၏ ခွင့်ပြုချက်မရသည့် တစ်ခုကြောင့် သူ၏ဖခင်ထံသို့ ဣတ္ထိယတို့၏ အ၀တ်တန်ဆာများကို ပေးပို့လိုက်သည့် အဖပေါ်မှာ ပြစ်မှား စော်ကားသော သားမို့ သူ၏ငယ်နာမည် ဂါမဏိအဘယမှ ဒုဋ္ဌဂါမဏိသို့ ပြောင်းလဲသွားခဲ့ရသည်။ ထိုအကြောင်း အရာကို သူမမူ့ခဲ့။ သီဟိုဠ်ကျွန်း သာသနာတော်မြတ်ကြီးအတွက် မိစ္တာဒိဋ္ဌိများဖြစ်သည့် ဧဠာရကျေးကုလား များကို တိုက်ထုက်ရန်၊ သာသနာတော်မြတ်ကြီးအား ချီးမြှောက်ထောက်ပံ့ရန်ဖြစ်သည်။ ထိုအမှုကြောင့် ဖခင်နှင့် နားလည်မှုလွဲကာ အဝေးသို့ရှောင်တိမ်းနေခဲ့ရသည်။

သူ၏ဖခင် သတ်တော်(၆၄)နှစ်မှာ ကံတော်ကုန်သွားခဲ့သည်၊ ဒုဋ္ဌဂါမဏိကား ဖခင်ကိုကြောက် ရွံ့သောကြောင့် ရှောင်တိမ်းနေရဆဲ။ ထိုအကြောင်းအရာကို သ၀ဏ်လွှာမှတစ်ဆင့် သိလိုက်ရသောအခါ သူ၏မိခင်နှင့် မိမိငယ်စဉ်က စီးတော်ဆင်ကို ညီငယ်မှ ယူဆောင်သွားခဲ့ကြောင်းကြားသိသောအခါ စိတ်ထဲမကြေမချမ်းဖြစ် ခဲ့ရသည်။ မိမိ၏ဗိုလ်ပါနှင့်တကွ ဖခင်၏အရိုက်အရာကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး ဧဠာရကျေးမင်းများကို တိုက်ထုက်အောင်မြင်ခဲ့လေသည်။ အမိနိုင်ငံတော်သည် အေးချမ်းသည့်အဖြစ်သို့ ဦးတည်နေပေပြီ။ စစ်ပွဲအတွင်း သံဃာတော်အရှင်မြတ်များကို ဦးမချမိပဲ ငရုပ်သီးတစ်တောင့်ကို စားမိ၍ စစ်ငြိမ်းချမ်းသောအခါထိုဦးမထားပဲ စားမိသောနေရာ၍မရိစ၀ဋ္ဋိမည်သောကျောင်းတော်ကြီးကို ဆောက်လုပ် လှူဒါန်းသည်။

ထို့နောက် မဟာစေတီတော်ကြီးကို တည်ထားရန် စိတ်ကူးမိပြန်သည်။ မဟာစေတီတော်ကြီး တည်ထားချိန်တွင် လည်း ဒုဋ္ဌဂါမဏိအဖို့ အံ့သြဖွယ်ရာများနဲ့ ကြုံတွေ့ခဲ့ရသည်။ ခက်ခဲနေသော အုပ်များကို နတ်များက ဖန်ဆင်းပေးရသည်အထိ။ သို့သော် ဇရာကား သူ့အတွက် စေတီတော်ကြီးပြီးမြောတ်တဲ့ အချိန် စောင့်နေခွင့် မပေးခဲ့ပေ။ ဒုဋ္ဌဂါမဏိအပြင်း အထန်ရော ဂါခံစားရတော့သည်။ မိမိအခြေအနေကို မိမိကိုယ်တိုင် ဇရာ၏အရိပ် မရဏ၏ အရောင်တို့ သိသာနေလေပြီ။ ဇရာတည်း ဟူသော မြေခင်းပျော့ပျော့ပေါ်တွင် ဗျာတိသည် တံခွန်အလံ များကို တစင်းပြီးတစ်စင်း စိုက်ထူလာပေသည်။ ထိုဗျာတိတံခွန်အလံများတို့သည် မရဏဟူသော လေပြင်း အရှိန်ဖြင့်၊ တဖြတ်ဖြတ်လှုပ်ခါနေကြပြီ။

မပြီးမြှောက်သေးသည့် မဟာစေတီတော်ကြီးအတွက် ညီငယ်အား တာဝန်လွှဲအပ် ရတော့ သည်။ နောင်တော်၏ ကျန်းမာရေးသည် မိမိဘယ်လိုပင် အားထုက်ပါစေ စေတီတော်ကြီး မပြီးမြှောက်ခင်မှာ နတ်ရွာသို့ လားတော့ မည့်ဆိုတာ ညီငယ်ကောင်းစွာသိသည်။ ထို့ကြောင့် ပန်းချီဆရာများ၏ အကူညီဖြင့် စေတီတော်ပုံကြီးရေး ဆွဲစေ၍ နောင်တော်အား စေတီတော်ကြီးပြီးမြှောက်ပြီဖြစ်ကြောင်း မုသားဖြင့် လျှောက်တင်ခဲ့လေသည်။

ဒုဋ္ဌဂါမဏိ စေတီတော်ကြီးကို ထမ်းစင်အကူညီဖြင့် လက်ယာရစ် လှည့်ပူဇော်ခွင့်ရလေသည်။ မိမိအတွေး သည်ကား ဟိုစဉ်က မိမိဖြင့် အတူဧဌာရကျေးမင်းများကို တိုက်ထုက်ခဲ့ပြီး မိမိကိုယ်တိုင် အတွင်းရန်သူများကို တိုက်ထုက်ရန် လောကီဘောင်ကို စွန့်ခွါသွားခဲ့သည် ထေရပုတ္တအဘယမထေရ်သည် မိမိ၏အခုလို မရဏနဲ့ စစ်ထိုးပွဲမှာ ရှုံးနိမ့်မှန်းသိတော့လို့ မလာတော့ဘူးဟု အတွေးဖြင့် နစ်မြောနေသည်။

ဆဠာဘိညရဟန္တာထေရ်ရှင်ဖြစ်တော်သူသော ထေရပုတ္တအဘယအရှင်မြတ်သည် ကရိန္ဒမြစ်၏ အမွန်မြတ် ဖြစ်သော ပဉ္စလိတောင်၌ ရဟန္တာငါးရခြံရံလျှက် သီတင်းသုံးနေသည်။ မင်းကြီး၏ဖြစ်ပေါ်နေသော ထိုအတွေး အကြံကို စေတောပရိယအဘိညာဉ်ဖြင့် သိတော်မူ၍ ရဟန္တာငါးရာခြံရံလျက် ကောင်းကင်ခရီးဖြင့် ကြွတော်မူခဲ့ လေသည်။

မင်းကြီး၏ သီဝေခြောက်သွေ့သည့် မျက်လုံးများသည်လည်း မထေရ်ကိုတွေ့သည်နှင့် ကြည်စင်တောက်ပ သွားလသည်။ လျောင်းလျက်ပင် ရင်ညွှန်ပေါ် လက်အုပ်ချီကာ-

အရှင်ဘုရား တပည့်တော် ဟိုယခင်က အရှင်ဘုရားအပါအ၀င်၊ ထေရပုတ္တအဘယ မထေရ်သည် ဧဠာရ ကျေးမင်းများ တိုက်ထုက်ရာတွင် စစ်သူကြီးသူရဲကောင်းတစ်ယောက်အဖြစ်ပါဝင်ခဲ့သည်။ စစ်ပွဲများ ငြိမ်းချမ်း သောအခါ မိမိ၏အဇ္ဈတ္တသန္တာန်အတွင်းမှာ ကိလေသာစစ်ပွဲဆင်နွဲရန် ထွက်ခွါခဲ့ပြီး ယခုအခါ ဒုဋ္ဌဂါမဏိမင်းထံ ပြန်လည်ကြွချီလာခြင်းဖြစ်သည်။ ဒုဋ္ဌဂါမဏိမင်းက စစ်သူကြီးတစ်ကျိပ်တို့ စစ်ပွဲတွေ ဆင်နွဲခဲ့ပါတယ်။ ယခုထို စစ်ပွဲများ ရပ်စဲသွားပြီး တပည့်တော်တစ်ယောက်တည်းသာ သေမင်းနဲ့စစ်ထိုးနဲ့ စစ်ထိုးဖို့အားထုက်နေရပါပြီ။ အောင်ပွဲတိုင်းဆင်နိုင်ခဲ့ပေမယ့် တပည့်တော် ဒီပွဲမှာရှုံးနိမ့်မှာပါဘုရား…..

ထေရပုတ္တအဘယမထေရ်သည် မင်းကြီး၏ လက်အစုံကို ဖွဖွဆုတ်ကိုင်ပြီး

ဒကာတော်မင်းမြတ် ကိလေသာတည်းဟူသော ရန်သူကို မအောင်မြင်လျှင် သေမင်းတည်းဟူသော ရန်သူကို လည်း မအောင်မြင်နိုင်ဘူး။ မြတ်စွာဘုရားရှင်က အလုံးစုံသော ရုပ်၊ နာမ်ခန္ဓာ သင်္ခါရတရားတို့သည် မမြဲကုန်လို့ ဟောတော်မူထားတယ်။ အလုံးစုံသင်္ခါရတရားတို့သည် ပျက်ရမည်သာဖြစ်တယ်။ ဇရာ၊ မရဏ အနိစ္စ တို့သည် မြတ်စွာဘုရားရှင်ကိုပင်လျှင် နှိပ်စက်ကြကုန်တယ်။ ဒါ့ကြောင့် ရုပ်နာမ်ဓမ္မသင်္ခါရတို့သည် မမြဲခြင်း ဆင်းရဲခြင်း အတိဖြစ်ကုန်၏။ အစိုးမရချေပါတကားလို့ မင်းကြီးဆင်ခြင်လိုက်ပါ။

ထိုမှတစ်ဖန် ထေရပုတ္တအဘယထေရ်သည်မင်းကြီးပြုခဲ့သော ကောင်းမှု့ကုသိုလ်များကို ပြန်လည်ပြောဆိုပြ
လေသည်။ ထိုစကားကိုကြားသောအခါမှ မင်းကြီး၏သန္တာန်မှာ ပီတိဖြင့်ပြည့်နေခဲ့သည်။ ထိုပီတိဖြင့်ပင် ဒုဋ္ဌဂါမဏိမင်းကြီး တစ်သက်တာဘ၀ဇာတ်ကို ချုပ်သိမ်းစေခဲ့သည်။


ဘယ်လောက်ပဲ ရဲစွမ်းသတ္တိရှိခဲ့စေကာမူ
တကယ်တန်း မရဏအလံ ထူလာတာကိုမြင်လျှင် အရှုံးပေးရမည်ကို ကြောက်ရွံ့နေကြလိမ့်မည်။
မိမိနှင့် မရဏ၏ စစ်ပွဲ ဘယ်လိုနွဲနိုင်မလဲဆိုတာ အခုကတည်းက ပြင်ဆင်ထားဖို့သင့်ပြီ။


အထက်ပါဆောင်းပါးကို ချစ်ဦးညို(ဒုဋ္ဌဂါမဏိ)စာအုပ်မှ ပြင်ဆင်ရေးသားပါသည်


Show/Hide

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP