* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 25, 2011

ကရုဏာ နှင့် ပညာ

သတ္တဝါ တစ်ဦးဦး အတိဒုက္ခ ရောက်နေတယ်ဆိုတဲ့အသံကြားတာ နဲ့ သနားကြင်နာခြင်း တည်းဟူသော ကရုဏာ တရား ဟာ သူတော်ကောင်းတို့နှလုံးသားကို ရိုက်ခတ် စေ့ဆော်မြဲ ဖြစ်ပါတယ်..။
လောကရဲ့အကျိုးစီးပွား ကိုဆောင်ရွက်တဲ့နေရာမှာ *ကရုဏာ* လောက်အစွမ်းထက်တဲ့တရားမရှိ ပါဘူး။ လောကုတ္တရာ ရဲ့ အကျိုးစီးပွား ကိုဆောင်ရွက်တဲ့နေရာမှာလည်း *ပညာ* လောက်အစွမ်းထက် တဲ့ တရားမရှိ ပါဘူး ရယ်လို့ ဗုဒ္ဓစာပေ ကျမ်းဂန်များ ကအဆိုရှိခဲ့ပါတယ်။

ကျွန်မတို့ အားလုံး ရဲ့ကျေးဇူးတော်ရှင် မြတ်စွာဘုရား သည် မိမိသန္တန်မှာ ကရုဏာ နှင့် ပညာ ကိုနှစ်ပါးစုံ ကိန်း နေအောင် ဆောင်ရွက်ပြီး သတ္တဝါဝေနေယျ တို့အတွက် လောကအကျိုး နှင့် လောကုတ္တရာ အကျိုး နှစ်မျိုး လုံး ကို ဆောင် ရွက်တော်မူခဲ့ ပါတယ်..။

ကျေးဇူးတော်ရှင် ဗုဒ္ဓမြတ်စွာ သခင် ရဲ့ သားတော် ရဟန်းတော်များ သည်လည်း ထိုလမ်းစဉ်အတိုင်း လျှောက်လှမ်းကြ သလို ကျွန်မတို့ သည်လည်း အတူဖြစ်အောင် အတုယူရ မည် မဟုတ်ပါလော..။

*လှူသူ၊ ပြုသူ၊ဝမ်းမြောက်သူ၊အတူရကြသည်*

*နှုတ်တစ်ရာ၊စာတစ်လုံး စာလုံးပေါင်းတစ်ထောင်၊ပုံပေါင်းတစ်ချပ်*

လို့ ဆိုစကားများ ရှိထား လေတော့ လှူဒါန်းသူ၊ ပြုလုပ် ဆောင်ရွက်သူများ နှင့် အတူဝမ်းမြောက် ပီတိဝေမျှ ခံစား ကြရလေအောင် ဓာတ်ပုံလေးများ ကြည့်ရှုသာဓုခေါ်ကြပါစို့။





ဒုက္ခသည်ရယ်လို့ အမြင့်ကနေ စွန့်လှူတာမဟုတ်ပါ။
ထိုင်လျှက် တန်ဘိုးထားကျေးဇူးဆပ်တာမျိုးပါ။

ငွေတစ်သောင်းကျပ်နဲ့ ဆန်တစ်အိတ်ထောင်နိုင်တယ်ဆိုတော့ ဝမ်းသာရတာပေါ့နော်..။

ကိုယ်တိုင်ကြီးကြပ်အားပေးစကား ဆိုလျှက်..
လက်အုပ်ချီမိုး ရှစ်ခိုးပါ၏ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP