* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 2, 2011

ကမ္ဘာကြီး မယိမ်းယိုင်စေဖို့



သတင်းကို အထိတ်တလန့် ဖတ်၊
ကမ္ဘာကြီး ပျက်တော့မယ်တဲ့။
ကမ္ဘာပျက်ဖို့ အစ၊
ကောလာဟလ တဲ့။
လွန်ခဲ့တဲ့ (၁) နှစ်၊
ဟာသ အဖြစ် ရုပ်ရှင်တောင် လုပ်လိုက်ကြသေးတယ်။
နှစ်ထောင့်ဆယ့်နှစ် ကမ္ဘာပျက်ခြင်း ဖြစ်မည် - တဲ့။
သူ သူ ငါ စမ်းတဝါး၊
လမ်းသလားတောင် မပျက်ခဲ့ကြပါဘူး။
ပျော်ရွှင်စရာ ဟာသများ၊
သူရော ငါပါ ပြောခဲ့ကြသေးတာပဲ။
ခုများတော့ နှစ်ထောင့်ဆယ့်တစ် အလယ်၊
မျက်စိ သူငယ်၊ နားသူငယ် ဖြစ်ရတော့မယ်။
စာပေကို ပြေးလှန်၊
အင်း…
ဒါဟာ ကမ္ဘာပျက်ခြင်း အမှန်တော့ မဟုတ်နိုင်ပေဘူး။
နိဒါန်းအစ သရုပ်ပြခြင်းကတော့ ဖြစ်နိုင်တယ်၊
သူသူ ငါ မကယ်နိုင်တာလည်း ကျိန်းသေတယ်။
မကောင်းမှုတို့ ဦးတည်ရာ၊
အရှက်နဲ့ အကြောက်၊
သူ့တို့ကို စောင့်ရှောက်ရင်ခဲ့ရင်ပေါ့။
မေတ္တာတရားကို အရင်းတည်၊
စာနာမှု ညှာတာမှုတွေ ကိုယ်စီနဲ့ပေါ့။
သောကရောက်တုန်း အားပေး၊
ပျော်ရွှင်မှုလေးတွေ ရှိစေဖို့ပေါ့။
သူချမ်းသာတာ ကိုယ်ဝမ်းမြောက်၊
မနာလိုစိတ်တွေ မရောက်ခဲ့ဘူး ဆိုရင်ပေါ့။
ငြိမ်းချမ်းမှုတွေ ကိုယ်စီရ။
ကမ္ဘာကြီးလည်း လှပနေမှာပဲပေါ့။
သူသူ ငါငါလည်း သောက မရောက်နိုင်တော့ဘူးပေါ့။
စိမ်းလန်းလို့ စိုပြေ၊
ဘဝအခြေတွေ တင့်နေကြစေဖို့ပေါ့။
ဓန အခြေတွေ မြင့်လို့ ဝေဆာကြစေဖို့ပေါ့။
သူလည်း ထိန်း၊
ငါလည်း သိမ်း၊
ကမ္ဘာကြီး မယိမ်းယိုင်စေဖို့၊
တို့များ စောင့်ရှောက်ကြပါစို့ကွယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP