* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 2, 2011

*ကိုယ်ဝန်ဖျက်ပြိတ္တာမ*

ပေတ၀တ္တုပါဠိတော်တွင် ကိုယ်ဝန်ဖျက်ချသော ပြိတ္တာမအကြောင်းကို ဟောကြားထားသည်။ တစ်ခါတွင် ရဟန်းတော်တစ်စု ဘုရားဖူးရန် လာကြရာ သာဝတ္တိမြို့နားအရောက်တွင် ရင်နင့်စရာကောင်းသော ပြိတ္တာမ တစ်ယောက်ကို တွေ့ကြရသည်။ ထို ပြိတ္တာမသည် အသားမရှိဘဲ အရိုးပေါ် အရေတင်မျှသာရှိသည်။ ၀မ်းက အူကလီစာများကို အပြင်က မြင်နေကြရသည်။ ပုပ်ညှီဟောင်နေသော အနံ့ဆိုးကြီးများကလည်း သူ့ကိုယ်မှ တထောင်းထောင်းထလျက်ရှိသည်။
ရင်နင့်စရာကောင်းသော မြင်ကွင်းကား ထိုပြိတ္တာမသည် ဘာအစားအစာမှ မစားရဘဲ အမြဲတမ်း ဆာလောင်မွတ်သိပ်လျက်ရှိသည်။ ထူးခြားသည်ကား ပြိတ္တာမသည် တစ်နေ့လျှင် သားငါးယောက်မွေးသည်။ ထိုထက် ပို၍ ထူးခြားသည်ကား သူမွေးသော သားငါးယောက်ကို သူကိုယ်တိုင် ပြန်၍ စားပစ်ခြင်းပင်။
ရဟန်းတော်တို့က မေးသဖြင့် ပြိတ္တာမက ပြန်ဖြေသည်မှာ သူသည် အရင်ဘ၀က အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့သည်။ အမျိုးသားတစ်ယောက်နှင့် အိမ်ထောင်ကျသောအခါ နှစ်အတန်ကြာသည်အထိ သူက ကလေးမရပေ။ အမြုံဖြစ်နေခြင်းပင်။ ထို့ကြောင့် အမျိုးသားက နောက်ထပ် မယားတစ်ယောက် ထပ်ယူသည်။
မယားငယ်ကား မမြုံသောကြောင့် (၁) နှစ်အတွင်းမှာပင် ကိုယ်ဝန်ရ၏။ မယားငယ်ကား သားရလျှင် ငါမျက်နှာငယ်တော့မည်ဟူသော အတွေးဖြင့် မယားငယ်၏ ကိုယ်ဝန်ကို ပရိယာယ်ဖြင့် အစာထဲ ဆေးထည့်ကျွေးပြီး ဖျက်ချလိုက်လေသည်။
နှစ်ကြိမ်တိုင်တိုင် အဖျက်ခံရသောအခါ မယားငယ်က ရိပ်မိသွားပြီး တတိယအကြိမ် ကိုယ်ဝန်ရှိသောအခါ မယားကြီးကို အသိမပေးတော့ပေ။ ကိုယ်ဝန်အတော်ကြီးရင့်မှ မယားကြီး ရိပ်မိသွားရာ ရှေ့နည်းအတိုင်းပင် အစာထဲဆေးထည့်ပြီး ဖျက်ချပြန်သည်။
ဗိုက်ထဲဆေးရောက်သွားသောအခါ မယားငယ်သည် ကိုယ်ဝန်ပျက်မကျတော့ဘဲ အမေရောသားပါ သေသွားကြလေသည်။ မယားငယ်၏ ဆွေမျိုးသားချင်းများက စစ်မေးကြသောအခါ မယားကြီးသည် ပါဏာတိပါတကံ အပြင် လိမ်ညာသည့် မုသာဝါဒကံကိုပါ ဆက်ကျူးလွန်သည်။
မယားငယ်၏ သန္ဓေသားကို ငါဖျက်မချပါ။ ဖျက်ချခဲ့လျှင် နောင်ဘ၀တွင် နေ့စဉ် ကိုယ်ကမွေးသော သားငါးယောက်ကို ကိုယ်ပြန်စားသော ပြိတ္တာမကြီး ဖြစ်ရပါလို၏ဟု ကျိန်ဆိုခဲ့ဘူးလေသည်။ ထိုကဲ့သို့ သန္ဓေဖျက်ခဲ့သော အကုသိုလ်ကံ၊ လိမ်ညာခဲ့သော အကုသိုလ်ကံတို့ကြောင့် နေ့စဉ် ကိုယ်မွေးသော သားငါးယောက်ကို ကိုယ်ပြန်စားရသည့် ပြိတ္တာမကြီး ဖြစ်နေရသည်မှာ နှစ်ပေါင်း ၂၅၄၆ နှစ် ကျော်ခဲ့လေပြီ။
မှတ်ချက်- တည်လာသော ကိုယ်ဝန်ကို ဖျက်ချမှသာ ပါဏာတိပါတကံ ထိုက်သည်။ သားအိမ်မရှိတော့၍ ကိုယ်ဝန်မတည်ခြင်းကား ပါဏာတိပါတကံ မထိုက်ပေ။
မေတ္တာရှင် (ရွှေပြည်သာ)
သီလအစွမ်းအံ့မခန်း စာအုပ်မှ ကူးယူဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP