* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 2, 2011

အားလုံး အိုကေ ကြရဲ့ နော်

မြတ်ရောင်နီ
အရှင်ဟု သမုတ် အကျွန်ုပ်သည်

၂၈ရက် မတ်ခ်ျလ ၂၀၁၁ခုနှစ်ပြ။
လမြန်မာတပေါင်း ဆုတ်ညောင်းကိုးမှာ
တနင်္လာကျား သမုတ်ထားသည့်နေ့ ဝယ်
ညကိုးကျော်ကျော် အချိန်တော်ရယ်
ပြည်တော်မှသည်

ဂျာမဏီဆီသို့ 
ပြန်လည်ရောက်ရှိခဲ့ပေသည်။


ရောက်လျင်ရောက်ချင်း
စာအတင်း စာအဖျဉ်း

( အဲ ...အဲ....အဲ....)

ရောက်လျင်ရောက်ချင်း

စာနှင့်လင်းအောင်
ရေးမည်ကြံသော်လည်း....


နတ်ဘုတ်ခေါ် ကွန်ပျူတာက ဗလာ၊
ထေရ်ဆရာကို လှူဒါန်းခဲ့သမို့ က တစ်ကြောင်း၊
သူများကွန်ပျူတာ မြန်မာဖောင့် မရှိတာက တစ်သွယ်၊
ဘလော့ဝယ်ရှိထား ပတ်စ၀က် မေ့သွားတာက တစ်ရပ်
ဒီအချက်ချက်တွေကြောင့် မြန်မာဖေါင့်ကို ဒေါင်းလော့ဆွဲ
အဖေါ်သဟဲများက ဒီလိုလုပ်လိုက် ဟိုလိုလုပ်လိုက်တဲ့။
(တော်ပါသေးရဲ့  ဒဲ့ ၀င်သွားလို့  မြန်မာဖေါင့်ရသွားတာ)။


အ-တဲ့နေရာ နှစ်ယောက် မရှိဘူးထင့်။
ရေးချင်စိတ်က ရေးရင်း မချင့်။

တစ်နေ့ က မြတ်ရောင်နီ စီဘောက်မှာ

အဆွေသဟာကို နှုတ်ဆက်ချင်ဇောနဲ့ 
အားလုံး အိုကြရဲ့ နော်...တဲ့။

သာမန်ကာ လျှံကာ စာဖတ်သူများ
အိုကေကြရဲ့ လား လို့ ဖတ်မိမယ်။
(တော်သေးသဟနော်..ကိုယ့်အရေးမှား သူတို့ မသိလိုက်ဘူး..)။


စေ့စေ့ပေါက်ပေါက် စာဖတ်သူများက

အားလုံး အိုကြရဲ့ နော် လို့ မေးလေတော့
သေဖို့  နီးနေကြပြီးလားနော်လို့ 
မေးတယ်လို့ တွေးမိလေးမလား မသိ။
( ဒီ အစာဖတ်မှားတာလည်း မဆိုးဘူး၊ တရားနဲ့ နီးမယ် )။


သို့ တည်းမဟုတ်
တို့ ( ဒို့ ) ကို
နိုင်ငံခြားမှာ
အိုဗာစတေး ( အို ) ကြရဲ့ လား

ရွဲ့ ပြောတယ် မေးတယ်လို့ များ
ထင်ကြလေလားလည်း မသိရ။
( ဒီလိုကား မဆိုလို ၊ မရည်ရွယ်မိ )။


ခုတော့ကား ရှင်းလောက်ပါပြီ ။
အိုကေကြရဲ့ လားနော်။


မှတ်ချက်။ ။ အားလုံး အဆင်ပြေကြရဲ့ လား ဟု မေးခြင်း
နှုတ်ဆက်ခြင်း အမှတ်တရ


မြတ်ရောင်နီ
( ၃၁ ၊ ၀၃ ၊ ၂၀၁၁ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP