* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 3, 2011

ကျောင်း အလှူ အကျိုး (၇)ပါး

သုံးတန် စေတနာ ညီညွတ်စွာဖြင့် သာသနိက ကျောင်းတန်ဆောင်း အလှူ ဆောက်လှူသူတို့ ကြီးထူကဲဝှန်
ကျိုးရ-ဟန်ကို ကျမ်းဂန် ထောက်ချင့် နိဒါန်းဖွင့်သော်–

၁။ နတ်နှင့် လူဝယ် သန္ဓေတွယ်၍
၂။ စိတ်ဝယ်တောင့်တ ဆောက်အုံရ၏
၃။ မထကြက်သီး ကိုယ်လည်း မလှူပ် ကြောက်ရုပ်မထင် ထိတ်လန့်စင်၏။
၎။ ခြင်္သေ့-သစ်-ကျား သားရဲများ နှင့် ဖမ်းစားတဲ့လူ နိပ်စက်မူသား တောသူ-ဖုတ်-ပြိတ် အဆိပ်ထန်ပြင်း မြွေနှင့်ကင်းက အဆင်းဖောက်ပြန် ကုမ္ဘာဏ်-ရက္ခိုရ် နတ်မိုက်ရန်ပေါင်း ဘေးလွတ်ရှောင်း၏။
၅။ မကောင်း အိပ်မက် မမြင်မက်ဘိ
၆။ ထင်လျှက် သတိ ခိုင်မြဲဘိ၍ ၀ိပရိဏံ ဖောက်ပြန် စိတ်ရင်း ရူးသွပ်ခြင်းမှ ရှင်းရှင်းလွတ်ရှောင်း ကျိုးဆက်ကောင်း၏။
၇။ နောက်နှောင်းဘ၀ ပစ္ဆိမ၀ယ် ဂုဏကဲပို အရဟတ္တဖိုလ် ဟု ထိုထို ကျေးဇူးလွန့်ပြန့်ပြူးသည်
ဆောက်ဦးလှူကျိုး ခွန်နစ်တည်း။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP