* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 3, 2011

စွဲလျှင်ဆင်းရဲ ဟူသော အကုသိုလ်အကြောင်း

Posted in: ချမ်းသာစွာဘဝနေနည်း | Comments (0)

ဓမ္မပီယ— (စွန့်လျှင်ချမ်းသာ ) ဆိုတဲ့ ကုသိုလ် တရားကိုတော့ ကိုယ့် စိတ်ဖြစ်စဉ် နဲ့ ကိုက်ပြီး သဘောပေါက် ပါပြီ ဘုရား ။ အကုသိုလ် အကြောင်း ကိုလည်း ရှင်းပြ တော်မူပါဘုရား။

ဦးဝိဇယ—-အကုသိုလ်ကို ဒီဇယား ကိုကြည့်ပြီး နားလည် ပါဘုရား။

အကြောင်း (သာဝဇ္ဇ ) + အကျိုး (ဒုက္ခဝိပါက) = အကုသိုလ်ရခြင်း

(၁) မရှိသေးတာကို စွဲလန်းခြင်း + ဆာလောင်မှု ဖြင့် ဆင်းရဲခြင်း =စွဲလျှင် ဆင်းရဲခြင်း။

(၂) ရှိပြီးသားကို ဆုပ်ထားခြင်း + စိတ်မချမှု ဖြင့် ဆင်းရဲခြင်း = စွဲလျှင်ဆင်း ရဲခြင်း။

(၃) ပျက်စီးသွားရင် စိုးရိမ်ခြင်း + ပူလောင်မှုဖြင့် ဆင်းရဲခြင်း = စွဲလျှင် ဆင်းရဲခြင်း။

အကုသိုလ် လက္ခဏာကို (စွဲ လျှင်ဆင်းရဲ) ဟုနားလည် မှတ်သား ပါဘုရား။ (ကိုယ်ပိုင်၊ကိုယ်ဆိုင်) ဟု မရှိမဖြစ် သဘော ကို လိုချင်၊ဖြစ်ချင်၊ ရချင်မှု များဖြင့် စွဲလန်းနေရင် မဆင်းရဲဘူး လားဘုရား။

ဓမ္မပီယ—- (ကိုယ်ပိုင်၊ကိုယ်ဆိုင် )ဆိုတာတွေဟာ ကုသိုလ် တုံးကပြော ခဲ့ တဲ့ အတိုင်း ဟု သဘောပေါက်ပါတယ် ဘုရား။ ကိုယ့်အိမ်၊ကိုယ့်လမ်း၊ ကိုယ့်ရပ် ကွက် စသော (၃၁) ဘုံမှာ မရှိမဖြစ်သေးတာကို လိုချင်၊ ဖြစ်ချင်၊ရချင်နေ တဲ့အခါ ဆာလောင်မှုဖြင့် အလွန် ဆင်းရဲပါတယ်ဘုရား။

ဦးဝိဇယ—-စွဲလန်းတဲ့စိတ်ဟာ အပြစ်မကင်းသော ၊စိတ်ညစ်နွမ်းသော၊ စိတ်ဖြစ်တဲ့အတွက်ကြောင့် ၊……………..

အကုသလာ= သာဝဇ္ဇ ဒုက္ခ ဝိပါကလက္ခဏာ ဟူသော ပါဠိ နှင့် အညီ (သာဝဇ္ဇ) ဟူသော အကုသိုလ် လက္ခဏာ တစ်ပါးနှင့်ညီပြီး ဆင်းရဲသော အကျိုးကိုပေးသောကြောင့် (ဒုက္ခဝိပါက) ဟူသော လက္ခဏာ တစ်ပါးနှင့်လည်း ညီပါသည် ဘုရား။ နောက်တစ်ခုက (ကိုယ်ပိုင်၊ကိုယ်ဆိုင်) ဟု ထင်ထားတာတွေကို စိတ်မချနိုင်ပဲ ဆုပ်ကိုင်ထားလျှင်လည်း မဆင်းရဲဘူးလားဘုရား။

ဓမ္မပီယ—- စိတ်မချနိုင်သော စိတ်ဟာ အစဉ်အမြဲ လေးပင် နေသောကြောင့် မရှိသေးတာ လိုချင်တဲ့ ဆင်းရဲ ထက်ပင် စောင့်ရှောက်ရသော ဒုက္ခက ပိုသောကြောင့် ပိုပြီး ဆင်းရဲပါတယ်ဘုရား။

ဦးဝိဇယ—- စိတ်မချနိုင်ပဲ ဆုပ်ကိုင်ထားသော စိတ်ဟာ အပြစ်မကင်းသော (သာဝဇ္ဇ) စိတ်ဖြစ်ပြီး ဆင်း ရဲ တာကတော့ (ဒုက္ခဝိပါက) အကျိုး ဖြစ်ပါတယ်။ ထို့ကြောင့် အကုသိုလ် လက္ခဏာ နှင့် ညီနေသောကြောင့် အကုသိုလ်စိတ် ဖြစ်ပါတယ် ဘုရား။ (ကိုယ်ပိုင်၊ကိုယ်ဆိုင်) ဟုဆုပ်ကိုင်ထားသော အရာဝတ္ထုများ တစ်ခုခု ပျက်စီး သွားလျှင် လည်း မဆင်းရဲ ဘူးလား ဘုရား။

ဓမ္မပီယ—-ပျက်စီးသွားလို့ စိုးရိမ်သော ဆင်းရဲဟာ မရှိသေးတာ လိုချင်ခြင်း၊ ရှိပြီးသားကိုကိုင်ထားခြင်း၊ အကုသိုလ်ထက် ဝန်ပိုပြီး ဆင်းရဲပါတယ်ဘုရား။ အချို့ဆို ( ရူးသွားတယ်၊ အချို့ ဆိုသေသွားတယ်) အလွန့်အလွန် ပင်ပန်း ဆင်းရဲ ကြပါတယ်ဘုရား။

ဦးဝိဇယ—- ပျက်စီးတာကို စိုးရိမ် စွဲလန်းခြင်း ၊သည် အပြစ်နှင့်တကွ ဖြစ်သော ကြောင့် (သာဝဇ္ဇ )ဟူသော အကုသိုလ် လက္ခဏာ တစ်ပါး နှင့်ပြည့်စုံပြီး အလွန့် အလွန် ပင်ပန်း ဆင်းရဲသောကြောင့် (ဒုက္ခဝိပါက) ဟူသောလက္ခဏာ (၁)ပါးနှင့်လည်း ပြည့်စုံ နေပါတယ်ဘုရား။ ထို့ကြောင့် အကုသိုလ် စိတ်ဟုခေါ် ပါတယ် ဘုရား။

Tags:

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP