* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 3, 2011

တကယ်သာဖြစ်လိုက်ပါတော့

ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ်ငြိမ်သက်လို့…..။ ခါတိုင်း အော်မြည်နေတဲ့ ဌက်ကလေးတွေလည်း ဘယ်များ ရောက်လို့ နေကြပါလိမ့်. ။ ကြားနေကျ ဌက်လေးတွေရဲ့ တေးသံချိုလေး တခုကို တမ်းတမိလိုက်တာ!!!

ဆောင်းလေရဲ့ အအေးဓါတ် လွန်ကဲမှုကြောင့် ခပ်ကွေးကွေးလေး ဖြစ်နေတဲ့ ကျမ ဆက်ပြီးတော့ ကွေးနေလိုက်တယ်.။ စိမ့်ပြီး အေးလိုက်တာ……!

ဟိုးးးးးးးးးးးး မိုးကုတ်စက်ဝိုင်းရဲ့ တခုသော နေရာလေးကို ရောက်သွားခဲ့တယ်.။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ သာယာအေးချမ်းတဲ့ အလင်းတန်းကြီးတခုက အုပ်မိုးလို့.။

အို….. လူတွေ လူတွေအများကြီးပါလား……..

သူတို့တွေ ဘယ်ကိုသွားနေကြပါလိမ့်…!

ကျမသွားမယ့် နေရာကိုများ ဦးတည် သွားနေကျတာများလား..!

ကျမလည်း လူအုပ်နဲ့အတူ တိုးဝင် ရောက်သွားပြီ…

သူတို့ အားလုံးရဲ့ မျက်ဝန်းလေးတွေကလည်း မျှော်လင့်ချက် ရောင်ခြည်တွေနဲ့ တလက်လက် တောက်နေလိုက်တာ… ပန်းတိုင်တခုကို ချီတက် နေကြသလိုပဲ....။

တချို့ လူတွေကို ကြည့်လိုက်တော့ တူညီဝတ်စုံတွေနဲ့ ရင်ထဲ အသည်းထဲက အချိန်ကာလကြာ မြိုသိပ်ထားခဲ့ကြတဲ့ စကားလုံးတွေကို ဖွင့်ဟလို့…။

ကျမရဲ့ ရင်ထဲက ပြောချင်နေတဲ့ စကားလုံးတွေကတော့ လည်ချောင်းဝမှာပဲ တစ်ဆို့ နေပါလားးးးးးးး

တဖြည်းဖြည်း လျှောက်သွားရင်းနဲ့ ရှေ့တူရုဆီကို ကြည့်လိုက်တော့ ကျမတို့ အားလုံးရဲ့ ရှေ့မှာ မားမားမတ်မတ် ရပ်တည်နေတဲ့ မေတ္တာတရား နက်ရှိုင်းပြီး ရဲရင့်တဲ့ နှလုံးသားပိုင်ရှင် အမေ………!

ကျမတို့ အားလုံးကို ပြောဆို လမ်းပြပေးနေတဲ့ စကားလုံးတိုင်း စကားလုံးတိုင်းတွေက ရင်ထဲထိအောင် စွဲမြဲ နစ်ဝင်လို့ နေခဲ့ပါပြီ…။

အခက်အခဲတွေ အားလုံးကို ကျော်လွှားရင်ဆိုင်နိုင်ဖို့ ခွန်အားသတ္တိတွေ ကိုလည်း အပြည့်အ၀ ရရှိနေ ခဲ့ကြပါပြီ…။

အားလုံးသော သူတွေရဲ့ ရင်ထဲမှာတော့ ညီညွတ်မှုတွေနဲ့ အရာရာကို မကြောက်မရွံ့ ဇွဲ နဲ့ ချီတက်ဖို့ တာဆူနေခဲ့ကြပါပြီ..။

လိုချင်တာကို ရအောင် အားလုံးသောသူတွေနဲ့ အတူတကွ ကြိုးစားပြီး လုပ်ရမယ်တဲ့…. ။ ကြိုးစားဖို့ အားလုံး အသင့် ဖြစ်နေကြပါပြီ…။

တချက်တချက်တော့ လူအုပ်ကြီးရဲ့ ၀မ်းသာမှုတွေနဲ့ ပြောဆိုနေကြတဲ့ အသံတွေကြောင့် ဘာပြောသံမှ မကြားရလောက်အောင် ဖြစ်သွားခဲ့ရပြန်တယ်..။ ကျမလည်း ပြောချင်လိုက်တာ…! အမေကတော့ ပြောတယ်… ကိုယ့်ရဲ့ စိတ်ထဲမှာ ရှိနေတာတွေကို အသိပေးပါတဲ့… ကျမပြောလို့ မရပါလားးးးးးးးးးးး ကျမပြောမယ့် စကားလုံးတွေက လည်ချောင်းဝမှာတင်ပဲ အပြင်ကို ထွက်မလာပါလား…………!

ဒါပေမဲ့…………

ကျမရဲ့ ရင်ထဲမှာတော့ သေချာ ထုတ်ပိုးထားတဲ့ စကားလုံးတွေက အစီအရီပါပဲ……..

ကျမ အတွေးရေယာဉ် ကြောကြီးထဲ နစ်မြောနေတုန်း ဟေးးးးးးးးးးးးဟေးးးးးးးးးးးးးးး ဆိုတဲ့ အသံကြောင့် ရုတ်တရက် လန့်သွားတယ်… အော် ကျမတယောက် အတွေးလွန်နေတာကိုး…။

`ကျမ တယောက်ထဲ လုပ်ဖို့ လုံးဝ ရည်ရွယ်ချက် မရှိဘူး..။ အများနဲ့ အတူလုပ်မှာ. ကျမတို့ အပေါ်မှာ ကြင်နာမှုရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေနဲ့ အတူ လုပ်မယ်တဲ့´… ကျမ ကြက်သီးထလိုက်တာ….! အမေရဲ့ တည်ကြည် လေးနက်တဲ့ သစ္စာ စကားတွေထဲက တခွန်း…!

အော်…. အမေ. ဘယ်လောက်များ ပင်ပန်းနေရှာရော့မလဲ…

အမေ.. ကျန်းမာပါစေ၊ ချမ်းသာပါစေ…………………….. ဆိုတဲ့ အသံတွေ မိုးကောင်းကင် တခုလုံး ပြည့်လျှံလို့ မြည်ဟိန်းသွားလိုက်တာ.!!!

အပြန်ခရီးမှာတော့ ကျမရဲ့ ရင်ထဲက ပြောချင်နေတဲ့….

အမှန်တရားကို ချစ်မြတ်နိုးပြီး ယုံကြည်ချက်ရှိရှိနဲ့ လျှောက်လှမ်းနေကြတဲ့ သူတွေရဲ့ ရင်ထဲက စစ်မှန်တဲ့ ဆန္ဒတွေ…॥ အနှစ်နှစ် အလလ စောင့်မျှော်နေကြတဲ့ မျှော်လင့်ချက် လင်းရောင်ခြည် တန်းလေးတွေ…। မတူညီပေမဲ့ တူညီကြတဲ့ ညီရင်းတွေရဲ့ ညီညွတ်မှု သံစဉ်တွေ…॥ တဦးနဲ့တဦး နားလည်မှု၊ ယိုင်းပင်းမှု၊ သည်းခံမှု၊ သိတတ်မှု၊ တန်ဖိုးထားတတ်မှု ဆိုတဲ့ အမြင်ကောင်းလေးတွေနဲ့ ဆက်ဆံမှုတွေ…॥ ငြိမ်းချမ်းရေး ရှိဖို့ ရှေ့ဆောင်လမ်းပြပေးပြီး ကျမတို့တွေရဲ့ ယုံကြည်မှု အင်အားကို အမိအရ ဆုပ်ကိုင်ထားနိုင်တာတွေ…॥ ဆိုတဲ့ ပြည့်လျှံနေတဲ့ စကားလုံးတွေကို ထွေးပိုက်ရင်း…।!!!

ခိုင်မြဲတဲ့ ယုံကြည်ချက် အင်အားတွေ တနင့်တပိုးနဲ့ စိတ်ရွှင်လန်း တက်ကြွလို့ လှမ်းလာခဲ့တော့တယ်…

အိမ်ကို ပြန်ရောက်တော့ အတွေးထဲမှာတင် ပျော်နေလိုက်တာ..!

ဗြုန်းဆို စိမ့်ကနဲ အေးစက်သွားပြီး ကြည့်လိုက်တော့ ဟင်…… ကျမရောက်နေတဲ့ နေရာလေးက အမေနဲ့ အဝေးမှာပါလားးးးးးးးးး

အေးစက်နေတဲ့ ပါးပြင်ပေါ်မှာ ဆောင်းလေအေးနဲ့အတူ အေးစက်စက် မျက်ရည်စတချို့ ကပ်ငြိ တွဲခိုလို့…!!!!!

သဒ္ဓါလှိုင်း



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP