* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 3, 2011

သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံတော်

ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ
အမှတ်တရ ပေးစဉ်
သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်းလဲ့လဲ့နှင့် လွင်မိုးတို့က ဖဲကြိုးကိုင်
ရုပ်ရှင်သရုပ်ဆောင်များ ဆရာတော်ကြီးအား နုတ်ဆက်စဉ်
ခွဲစိတ်ပြီးလူနာများ
သီတဂူအာယုဒါနဆေးရုံ မျက်စိဌာန ဒုတိယဆေးရုံအုပ် ဒေါက်တာမိမိခင် စမ်းသပ်စစ်ဆေးစဉ်

သီတဂူဆရာတော်ကြီးသည် ဆေးရုံစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လာရာမှ ယခုဆိုရင် မြန်မာနိုင်ငံရှိ ပြည်နယ်ဒေသကြီးများနှင့် တိုင်းဒေသကြီးများတွင် တည်ဆောက်ဖွင့်လှစ်ပြီးဆေးရုံ ၁၂ ခုနှင့် တည်ဆောက်ဆဲ ဆေးရုံ ၆ ခုတို့ဖြစ်သည်။

ထိုဆေးရုံ ၁၈ ခုတို့တွင် ၂၇-၂-၂၀၁၁ နေ့က ရန်ကုန်းတိုင်း ရန်ကင်းမြို့တွင် သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံတော်ကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံရှိ ဆေးရုံသုံး ပစ္စည်းများအားလုံးကို သီတဂူဆရာတော်ကြီးက လှူဒါန်းသည်၊ ထိုတန်ဖိုးသည် ကျပ်သိန်းနှစ်ထောင် (၂၀၀၀,၀၀၀၀၀) ကျော် ရှိသည်ဟု သိရသည်။

ဖွင့်ပွဲ
ထိုဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော် သံဃာမဟာနာယက ဥက္ကဋ္ဌ ဘဒ္ဒန္တကုမာရာဘိဝံသ ဗန်မော်ဆရာတော်ကြိး၊ သံဃနာယက ဆရာတော်များ၊ ကျန်းမာရေးဌာန ဒုဝန်ကြီးနှင့်အဖွဲ့၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အနုပညာရှင်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

မျက်စိအထူးကု ဆရာဝန်ကြီးများဖြစ်ကြသော ဒေါက်တာမြအောင်၊ ဒေါက်တာစဂျေလွင်၊ ဒေါက်တာရီရီအောင်၊ ဒေါက်တာမိမိခင်နှင့် အခြားမျက်စိ ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် သူနာပြုများက မျက်စိ ဝေဒနာရှင် ၁၀၄ ယောက်ကို မျက်စိအလင်းပေးခဲ့ပြီး ခွဲစိတ်စရာမလိုသော မျက်စိဝေဒနာရှင်များကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည်ဟု သိရသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၃-၂၀၁၁
စာရေးသူ sitagustar
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP