CDMA 800 ငါးသိန်းဖုန်းများ၏ ရှေ့ကုတ်နံပါတ်အား (၀၁ မှ ၀၉)သို့ ပြောင်းလဲ
| CDMA 800 ငါးသိန်းဖုန်းများ၏ ရှေ့ကုတ်နံပါတ်အား ၀၁ မှ ၀၉ သို့ ပြောင်းလဲမှု ဖေဖော်ဝါရီလ ၂၀ ရက်သို့ ရွှေ့ဆိုင်း | | |
CDMA 800 ငါးသိန်းဖုန်းများ၏ ရှေ့ကုတ်နံပါတ်အား ယခုလ ၁၅ ရက်နေ့တွင် ၀၁ မှ ၀၉ သို့ ပြောင်းလဲမည်ဟု သတ်မှတ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(အလုံ)မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။ ငါးသိန်းဖုန်းများတွင် ရှေ့ကုတ်ဂဏန်း ၀၁ မှ ၀၉ သို့ ပြောင်းလဲခြင်းကို မူလက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြောင်းလဲရန် သတင်း ထုတ်ပြန်ခဲ့သော်လည်း အဆိုပါနေ့တွင် ပြောင်းလဲမည် မဟုတ်တော့ဘဲ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြောင်းလဲသွားမည် ဖြစ်ကြောင်း သိရသည်။ ''၀၁ ကနေ ၀၉ ကို ချိန်းတဲ့ အချိန်မှာ ဖုန်းခေါ်ဆိုရ ခက်တာတွေ ဖြစ်နိုင်ပါတယ်။ အရင်ကပြောင်းဖို့ သတ်မှတ်ခဲ့တဲ့နေ့က ဖုန်းဆက်သွယ်မှုများနိုင်တဲ့ ရုံးဖွင့်ရက် ဖြစ်နေတော့ ရုံးပိတ်ရက်ဖြစ်တဲ့ ၂၀ ရက်နေ့မှာ ၀၉ ကုတ်နံပါတ်ကို ပြောင်းလဲဖို့ လုပ် သွားပါမယ်''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(အလုံ)မှ တာဝန်ရှိသူက ရှင်းပြခဲ့သည်။ ငါးသိန်းဖုန်းများ၏ ကုတ်နံပါတ်အား ၀၁မှ ၀၉သို့ ပြောင်းလဲလိုက်ပါက ယခင်က သတ်မှတ် နယ်မြေထက် ကျော်လွန်ကိုင်ဆောင်လျှင် ၀န်ဆောင်ခအနေဖြင့် ပေးဆောင်ရသည့် ငွေကျပ် ၁၀ အား ထည့်သွင်းပေးဆောင်ရမည် မဟုတ်ကြောင်းနှင့် ငါးသိန်းဖုန်းများကို မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် အသုံးပြုခွင့်ပေးရန် စီစဉ်လျက် ရှိကြောင်းလည်း ထပ်မံ သိရှိရပါသည်။ |

0 comments:
Post a Comment