* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 19, 2011

သန္ဓေတားခြင်း

Guest "လျှောက်တင်ပါရစေဘုရား ကိုယ်ဝန်တားဆေးက သန္ဓေသားဖြစ်လာမယ့်အဆင့် မရောက်အောင် သန္ဓေမအောင်အောင် တားဆီးခြင်းဖြစ်လို့ ပါဏ ဆိုတဲ့ အသက်ကို ဖျက်ဆီးတာ မဟုတ်ဘူးလို့" သိရပါတယ်ဘုရား။




သားလောင်းအဖြစ် ရောက်နိုင်သောအဆင့် မဖြစ်ရလေအောင် ပြုလိုက်ခြင်း ဖြစ်ပါတယ်။ ဒီလို သန္ဓေမအောင်အောင် တားဆီးခြင်း မပြုလို့ သန္ဓေအောင်သွားရင်တော့ ရုပ်ဇီဝိတ နာမ်ဇီဝိတရှိတဲ့ သန္ဓေသား ဖြစ်လာပါတယ်ဘုရား။




သန္ဓေအောင်ပြီး ဖြစ်တည်လာတဲ့ သန္ဓေသားဆိုလျင်တော့ ရက်သား ဖြစ်စေကာမူ အသက်ရှိပါတယ်။ ထိုအဆင့်ရောက်မှ ပါဏာတိပါတကကံ မြောက်မယ်လို့ သိရပါတယ်ဘုရား။


အမိ၏ ကျန်းမာရေးမှာ သန္ဓေသားကို ဆက်လက်လွယ်လျှင် မွေးဖွားလျှင် အသက်ဘေးရှိလို့ ဘယ်သူ့အသက် ရွေးရမလဲ ဆုံးဖြတ်စရာ ဖြစ်လျှင်တော့ ဆက်လက်သန္ဓေစွဲခွင့် ပြုထားခြင်းဖြင့် မှီခိုခံလူသား၏ အသက်ကို ဖျက်ဆီးတော့မည့် သန္ဓေသားကို ဖယ်ရှားပေးရခြင်းမှာ သေစေလိုသောဆန္ဒမပါ လူသား ၁ - ဦး လူ့ဘဝရောက်ဖို့ သူ့အရင်လူသား၏ အသက်ကို ဆုံးရှုံးမခံသင့်သည်ဖြစ်၍ မလွှဲသာ၍ ကိုယ်ဝန်ဆိပ်မတက်မီ အမိမသေမီ သန္ဓေသားကို ဖယ်ရှားပေးရခြင်းမှာ ပါဏာတိပါတကံ မမြောက်ဟု ထင်ပါ

သည်။ အမှားပါလျှင် ခွင့်လွှတ်ပါဘုရား


ရွာဦးကျောင်းဆရာတော်။ ။ အခုလို ပါဝင်ဆွေးနွေးခြင်းကို ကျေးဇူးတင်ပါသည်။

သန္ဓေသားဘဝသို့ မရောက်မီ တားခြင်းသည် ပါဏခေါ် အသက် ဝိညာဉ် မရှိသေး၍၊ ပါဏာတိပါတကံ မထိုက်သေးဟု ဆိုသည်မှာ မှန်ပါသည်။


ဤအတိုင်းဖြစ်ခဲ့လျှင်ကောင်းပါသည်။ တစ်ခု သတိထားရမည်မှာ၊ သိပ္ပံပညာဖြင့် အသက်မရှိသေးဟု ယူဆထားသော ကာလမှ စ၍၊ ကလလရေကြည်(သုပ်သွေး)ဘဝကို အဘိဓမ္မာ သဘောအရ အသက်ရှိသည်ဟု ယူဆပါသည်။ အထက်ပါ ကိုယ်ဝန်တားခြင်း ဆိုရာ၌၊ အဘယ်အချိန်တွင် တားဆီးခဲ့ပါသနည်းဟု ဆိုသည်မှာ အလွန်အရေးကြီးလှပေသည်။


သိပံ္ပဖြင့် အသက်မရှိသေးသော အချိန်ဟု ယူဆထားသော ကာလ၌ တားဆီးခဲ့လျှင်၊ ဥပဒေအရ တရားရင်ဆိုင်ရန် မလိုသော်လည်း၊ အဘိဓမ္မာအရ အသက်ရှိသည်ဟု ယူဆထားချိန်ဖြစ်ခဲ့ပါက၊ ကံထိုက်ပါလိမ့်မည်။


မိခင်၏အသက်ကိုငဲ့ကွက်၍ မလွဲသာ မရှောင်သာ သန္ဓေသားကို ဖျက်ဆီးပစ်ရခြင်းမျိုး များစွာ ရှိကြပါသည်၊ ဤနေရာ၌ စဉ်းစားရန်မှာ၊ မသိနားမလည်သေးသော လူသားခလေးငယ်ဖြစ်၍သာလျှင်၊ မိခင်၏ အသက်ကိုငဲ့၍ အသတ်ခံလိုက်ရခြင်းသာ ဖြစ်ပါလိမ့်မည်။


အကယ်၍သာ အသက်အရွယ်ကြီးနေရင့်နေပြီး ဖြစ်သော သားအား မိခင်၏ အသက်ကိုကယ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့်၊ ကိုယ်အင်္ဂါ အစိပ်အပိုင်း တစ်ခုခုကို အလိုရှိ၍ သတ်ခဲ့လျှင် မည်ကဲ့သို့ ဆုံးဖြတ်ကြမည်နည်း။


(အမိဝမ်းထဲ့သို့ မရောက်လာသေးသော သန္ဓေကိုတားလျှင် ကံမထိုက်၊ ရောက်ရှိနေပြီးသော သန္ဓေကိုတားလျှင် မည်သည့်နည်းဖြင့်၊ မည့်သောသို့အကြောင်းကြောင့် တားသည်ဖြစ်စေ၊ ကံထိုက်ပါသည်။)


မည်သူမဆို ပါဝင်ဆွေးနွေး ရေးသားနိုင်ကြပါသည်၊ ဤရွာဦးကျောင်းဘလော့သည်၊ အင်တာနက်တွင် ကျင်လည်ကျက်စားနေကြသည့် လူငယ်မောင်မယ်များကို ဘာသာရေး အသိရှိစေရန် ရည်ရွယ်လျှက်၊ လူငယ်များကျက်စားရာ အင်တာနက်၌ ရေးသားထားခြင်းသာ ဖြစ်ပါသည်၊ မိမိတို့ရေးသားပြုစုသော ကျမ်းဂန်များအတွက် ကိုးကားစရာအဖြစ် တစ်စုံတစ်ခုမျှ ဤဘလော့တွင် မရှိပါကြောင်းနှင့် အမှားပါခဲ့လျှင်လည်း သတိပေးဆုံးမကြပါရန်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP