* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, February 17, 2011

သိက္ခာထပ်မင်္ဂလာပွဲဆင်ယင်ကျင်းပကြပါမည်




ဘုရားတပည့်တော်၊ တပည့်တော်မတို့သည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လျှက်, မအိုမသေအမြဲနေရာ ဖြစ်သောမြတ်နိဗ္ဗာန်ကို ရည်သန်တောင်းတလျှက်, ကုသိုလ်ပါရမီ အထောက် အပံ့ဖြစ်ပါစေရန်လည်းကောင်းသာသနာတော်အကျိုးဆ ထက်တပိုးသယ်ပိုးနိုင်ရန်လည်း ကောင်း ရည်သန်လျှက်.......

စင်္ကာပူနိုင်ငံ၌ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယအတိုင်းဝိဿနာတရားတော် စည်ပင်ပြန့်ပွားရေးအတွက်တက်ကြွစွာသာသနာပြုလျှက်ရှိသော........ ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ(စင်္ကာပူ)၊ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ(မလေးရှား)၊ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ
(မြန်မာပြည်)တို့၏နာယကချုပ်ဆရာတော်ဒေါက်တာအရှင်ဝိစိတ္တ(Ph.D)(ဒေါက်တာရာဟု လာ) နှင့်

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်၊ ဆွာမြို့တောင်နှစ်လုံးတောရ မိုးကုတ်ရိပ်သာဆရာတော် အရှင် တိဿဓမ္မ အရှင်မြတ်နှစ်ပါးတို့အား.......................

သိက္ခာထပ်မင်္ဂလာပွဲကို ဆင်ယင်ကျင်းပကာ သံဃာတော်အရှင် သူမြတ်(၁၀)ပါး တို့အား လှူဒါန်း ဖွယ်ရာအဖြာဖြာတို့ဖြင့်လှူဒါန်းပူဇော်မည်ဖြစ်ပါသဖြင့်ကမ္ဘာတစ်ဝန်းလုံးရှိ ဗုဒ္ဓဘာသာ ဆွေတော်မျိုးတော် အပေါင်းတို့အား ၀မ်းမြောက်နုမော် သာဓုခေါ်စေအပ်ပါသည်။

သိက္ခာထပ်မင်္ဂလာကို (၂၀၁၁၊ဖေဖေါ်ဝါရီ(၂ရ)ရက်၊ တနင်္ဂနွေနေ့)တွင် အောက်ပါအစီအစဉ် အတိုင်း ကျင်းပမည် ဖြစ်ပါသောကြောင့် တက်ရောက်ကြ့ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်
(၁ ) နံနက် (၉း ၀၀) သိက္ခာထပ်မင်္ဂလာကျင်းပရန်
(၂ ) နံနက် (၉း ၃၀) သိမ်ဆင်းလောင်းလှူရန်
(၃ ) နံနက် (၉း ၄၅) သိက္ခာထပ်မင်္ဂလာတရားတော်နာယူကြရန်
(၄ ) နံနက် (၁၀း ၁၅) မြန်မာ့ရိုးရာမုန့်တီဖြင့်ဧည့်ခံရန်


ဖိတ်ကြားသူပါရမီရှင်များ

(၁) ကိုစိုင်း + မစုစုအောင်၊
(၂) ဦးမင်းထွန်း + ဒေါ်ကေသီအောင်၊
(၃)ဦးကြည်ထွန်း + ဒေါ်လဲ့လဲ့မိုး၊
(၄)ကိုမောင်ပို + မသွယ်သွယ်စိုး၊
(၅)မခင်ညိုညိုဆန်း၊
(၆)မမြမြသင်း၊
(၇)မနန်းထွေး၊
(၈)မသန့်ယဉ်တင့်၊
(၉)မအိလှိုင်မွန်၊
(၁၀)မစောနီလာ၊
(၁၁)မချယ်ရီ၊
(၁၂)မမေစန္ဒီလင်း၊
(၁၃)အန်တီနီ၊
(၁၄)အန်တီမြင့်၊
(၁၅)မမေဇင်နွယ်၊
(၁၆)မခင်အေးမြင့်၊
(၁၇)ဦးအောင်မျိုးသန့် + ဒေါ်သက်ထားဦး၊
(၁၈)ဒေါ်မြင့်မြင့်သန်း၊
(၁၉)ဒေါ်ခင်မာလာ၊
(၂၀)မဇင်မာ၊
(၂၁)မခြည်ခြည်၊
(၂၂)မနုနုဝင်း၊
(၂၃)ကိုမိုးမြင့်မောင်မောင်၊
(၂၄)ဒေါ်သွယ်သွယ်ခိုင်၊
(၂၅)ကျေးဇူးရှင်ဖခင်ကြီးအားအမှူးထာ၍ကိုမောင်မောင်+မနှင်းဆီ သမီးကြီးနှင်းနုဝေ၊သမီးငယ်စောစန္ဒီမောင် မိသာစု၊
(၂၆)ကိုပြည့်ဖြိုးနိုင်၊ မသူဇာဝင်း (Bishan)
(၂၇)မပွင့်လေးညို၊
(ဆက်ရန်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP