* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, February 17, 2011

စွန်းလွန်းဆရာတော်နှင့် အနာဂါမ် ဒေါ်ငွေဘုံ တွေ့ဆုံခဏ်း

ဘို့ကြီးနဲု့ ချိုထောင်၊ ကုန်းခေါင်ခေါင် ဟိုအချက်၊

လှည်းကွက်ချည်း ရုန်း-နိုင်ပေါင်။

နွားမတွေ ဟိုတစ်စု၊ ချိုတစ်ခုမျှ မပါပေါင်၊

ဘို့ ဆိုတာ ဝေလာဝေး၊

ခွါလေးက သေးမြှောင်မြှောင်၊ ကိုယ်ကောင်က လှီကင်း၊

နွားမတွေ ထိုတစ်သင်းရယ်က၊

လှည်းပေါ်မှာ ကုန်တွေသွင်း၊ ရုန်း-ချက် ကပြင်း ။

ဒါယိကာမများသည် ယုံယုံကြည်ကြည်နှင့် ဟိုနှယ် ဒီနှယ် မတွေးဆပဲ ဆရာသမား ဆုံးမသွန်သင် ပြသ သည့်အတိုင်း သံသယကင်းကင်း ရှင်းရှင်းထားကာ နောက်မဆုတ်တမ်း အားထုတ်ကြသည်နှင့် တရားတွေ့လွယ်သော်လည်း ရဟန်းတော်များနှင့် လူဒါယကာများသည် မိမိတို့ကလဲ ပညာ ဗဟုဿုတ နှင့် ပြည့်စုံသင့်သလောက် ပြည့်စုံထားကြတော့ နှိုင်းချိန် စဉ်းစားနေတာနဲ့ တရားမတွေ့လွယ်ကြောင်း ကို စွန်းလွန်းဆရာတော်ဘုရားကြီး သက်ရှိထင်ရှားရှိစဉ်က ဆရာတော်ဘုရားကြီးထံ နည်းခံ အား ထုတ်ခဲ့ဖူးသော သထုံအပိုင် ခရွဲရွာဆရာတော် ဘုရားက စပ်ဆိုထားခဲ့တဲ့ စာချိုးတပိုဒ်ပါ။

( ယင်းဆရာတော်ကား နှယ်နှယ်ရရ မဟုတ်ပါပေ၊ သေက္ချတောင်ဆရာတော် ဦးတိလောက ၊ ဦးဥတ္တမ နှင့် ခရွဲဆရာတော်သုံးပါး တို့သည် စိတ်တူကိုယ်တူ " ဒီဘ၀ ဒီခန္ဓာကိုယ်နှင့် တစ်မဂ် တစ်ဖိုလ် ရအောင် အားထုတ်ကြမည်၊ သတ္တ၀ါတွေကို ကောင်းကင်ကနေပြီး တရားဟောနိုင်မှ ပြန်ကြ တော့မယ် " ဟု စိတ်ပိုင်းဖြတ်ကာ တရားရှာ ထွက်ခဲ့ကြဖူးသည်။ နောက်ပိုင်း ဒုက္ခအမျိုးမျိုး တွေ့ပြီး လိုရင်းကိစ္စ မပြီးမြောက်နိုင်တာနှင့် ပြန်လှည့်ခဲ့ရသည် ဟု ဆို၏။

ပြန်လာပြီး နောက်ပိုင်း၌ စွန်းလွန်းဆရာတော်ကြီးသည် ဘယ်လိုနည်းနဲ့မှ ဘယ်လို ပုဂ္ဂိုလ်ကမှ သိမ်သမုတ်လို့ မရ တောကြမ်းသည် ဟု နာမည်ကြီးနေသော သထုံမြို့ နေမိန္ဓရ တောင်တော်သို့ သိမ်သမုတ်ရန် ကြွလာသည့် အခိုက်၌ သိမ်သမုတ်ခြင်းကိစ္စလည်း ပြီးစီးအောင်မြင်ပြီဖြစ်ရာ အထက်ပါ ခရွဲဆရာတော်က သမထတည်ထောင်ပုံ၊ စသည်ဖြင့် နိဒါန်းပြိုး မေးမြန်းလေတော့သည်။ ထိုအခါ စွန်းလွန်းဆရာတော်က အရှင်ဘုရား ဟောဟို ကွမ်းအစ်ထဲမှာ ကွမ်းရွက် ဘယ်နှစ်ရွက်ရှိသလဲ ဖြေနိင်ပါသလား ဘုရား ? ဟု မေးသည့်အခါ တပည့်တော် အဲဒီလောက်အထိ အာရုံမပြုနိုင်သေးပါဘု ရား ဟု လျောက်ထားတော့မှ ကွမ်းရွက် ဘယ်နှစ်ရွက် ရှိသည် ဟု စွန်းလွန်းဆရာတော်က ဖြေကြားတော်မူလေသည် )

နောက်တဖန် မာတုဂါမများ တရားထူးရကြပုံနှင့် ပက်သက်၍ တင်ပြပါအုံးမည်၊ အနာဂါမ် ဒေါ်ငွေဘုံ ဟု ကျော်ကြားနေသူ မင်းကွန်းဆရာတော်ဘုရားကြီး၏ တပည့်မတစ်ယောက် သည် မောင်ရင်ပေါ်ချောက်တွင် တရားပေါက်၍ ရဟန်းကိစ္စပြီးသော ပုဂ္ဂိုလ်တပါးရှိကြောင်း ကြားသိရ သည်နှင့် ဟုတ် မဟုတ် စုံစမ်းလိုသည်ဖြစ်ရာ စွန်းလွန်းဆရာတော် သီတင်းသုံးနေရာ မောင်ရင်ပေါ် ချောက်သို့ လာရောက်လေသည်။ ဆရာတော်၏ တပည့် ဒကာ များသည် ဆ၇ာတော်နှင့် ဒေါ်ငွေဘုံ တို့ ၏ အမေးအဖြေများကို နားထောင် ကြားနာလိုသည်ဖြစ်၍ ကျောင်းသို့ လာရောက်စုရုံးနေစဉ်ပင် ဒေါ်ငွေဘုံလည်း ရောက်ရှိလာလေသည်။

ဒေါ်ငွေဘုံ ရောက်ရှိစဉ်ခဏ မေးခွန်းများ မမေးမှီကပင် စွန်းလွန်းဆရာတော်သည် ပရိကံ မှ မဂ်ကျသည် အထိ သဘာဝကျကျနှင့် အမိန့်ရှိတော်မူသည့်အပြင် ဆက်လက်မေးလျောက်မည့် ၀ိပဿနာ အကြောင်းအရာ များကိုပါ တစ်ခုမကျန် ကြိုတင်ဖြေဆိုတော်မူလေသည်။ ထိုအခါ ဒေါ်ငွေဘုံက အရှင်ဘုရား၏ တရားကျင့်စဉ် လမ်းတလျောက်တွင် သတိကို အဓိက ထားခြင်းသည် သဘာဝ ကျလှပါသည်ဘုရား ဟု လျောက်ထားကာ '' ဒါမှ ငါ့သား - ဒါမှ ငါ့သား " ဟု လက်ခမောင်း ခတ်ကာ ၀မ်းမြောက်ဝမ်းသာ ထခုန်သောအခါ စွန်းလွန်းဆရာတော်က " သားတော်ချင်ရင် ကျွေးမှ - အမေ တော်မှာ " ဟု ပြန်လည် အမိန့်ရှိတော်မူလေသည်။

ဒေါ်ငွေဘုံသည် နောက်တနေ့တွင် ကျောင်းတွင်းရှိ သံဃာတော်များအား ဆွမ်းကပ် လှူဒါန်း၍ သာဓု အနုမောဒနာ ပြုပြီးမှ ပြန်သွားလေသည်။

( သူက ငါ့ထံကို ချက်ချင်းမလာပဲ ကျောင်းဝိုင်းထဲက ဇရပ်တစ်ခုမှာ တည်းခိုပြီး စုံစမ်းနေတုန်း ငါက သူမေးမည့် ပုစ္ဆာတွေကို အာရုံပြုထားပြီး ဖြစ်လေတော့ ကြိုတင်ဖြေဆိုနိုင်တာပေါ့၊ သူမေးမဲ့ ဟာတွေဟာ မခေလှဘူး၊ သဘာဝကျလှတယ်၊ စာလဲတတ်တယ်၊ ၀တ်စားနေထိုင်ပုံ သပ်သပ် ရပ်ရပ် နဲ့ တည်ကြည်တဲ့ အမူအရာ ရှိတယ် လို့ ဒေါ်ငွေဘုံကို စွန်းလွန်းဆရာတော်ကြီးက ချီးမွမ်း တော်မူခဲ့ဖူးလေသည်။

ကျမ်းကိုး။ ။ စွန်းလွန်းဆရာတော် အတ္ထုပ္ပတ္တိ နှင့် တရားအားထုတ်နည်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP