* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 22, 2011

It Hasn't Yet Got Late, Old and Changed - မနှောင်းသေးပါဘူး မဟောင်းသေးပါဘူး မပြောင်းသေးပါဘူး


ဒေါက်တာအရှင်န္ဒကရဲ့ Dhamma Gardenမှာ ဖတ်လိုက်ရပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ဘာသာရေးသင်တန်းဆင်း လက်မှတ်တွေဟာ အလုပ်လျှောက်ရာမှာ အသုံးဝင်ပါသတဲ့။ ဒီအကြောင်းကို သီလရှင် ဆရာလေးတစ်ပါး ရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာလည်း ဖတ်ခဲ့ဖူးပါတယ်။ အီးမေးလ် ရခဲ့တာပါ။ ရန်ကုန် နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်းအတွက် ရေးတာလို့ ပြောတယ်ထင်တာပါပဲ။ သူ့ဆောင်းပါးမှာ အဓိကတင်ပြတာကတော့ သီရိလင်္ကာက တနင်္ဂနွေ ဘာသာရေး သင်တန်းကျောင်းတွေကို အားကျတဲ့အကြောင်း ဖြစ်ပါတယ်။

ဒါနဲ့ HRမှာ အလုပ်လုပ်နေတဲ့ မြန်မာဒကာလေး တစ်ယောက်ကို အဲဒီအကြောင်း ပြောပြပြီး သူ့အမြင်ကို မေးကြည့်တော့ “မဆိုင်ပါဘူး”တဲ့။ သူက အလုပ်ခန့်ထားရေးမှာ အတွေ့အကြုံ နဲ့ အတွေးအကြံ ရှိတဲ့သူ။ သူ့အမြင်က ဘာသာရေးဟာ ဘာသာရေး၊ အလုပ်ဟာ အလုပ်တဲ့။ အလုပ်သမား ရွေးခြယ်ရာမှာ ဘာသာရေးသင်တန်းဆင်းလက်မှတ်ကို အလုပ်အရည်အချင်းအတွက် သက်သေခံအဖြစ် အသိအမှတ် မပြုနိုင်ဘူးတဲ့။ ဘာသာရေးစာတွေ တတ်နေလို့ အလုပ်အတွက် ဘာမှအသုံးမကျနိုင်ဘူးတဲ့။

အမြင်ဆိုတာကတော့ မြင်ချင်သလို မြင်နိုင်ကြတာပေါ့။ ဘာသာရေးက အလုပ်နဲ့ မဆိုင်ဘူး အလုပ်ကို အထောက်အကူ မပြုနိုင်ဘူးလို့ မြင်နိုင်သလို ဆိုင်တယ် အထောက်အကူ ပြုနိုင်တယ်လို့လည်း မြင်နိုင်ပါတယ်။ ဆိုပါစို့ ဘာသာရေး သင်တန်းတက်ထားသူ တစ်ယောက်ဟာ ဘာသာရေးအရ သိမ်မွေ့မှု ကောင်းမြတ်မှုတွေ ရှိနေမယ်။ စိတ်ဓာတ်စင်ကြယ်မယ်။ သိမ်မွေ့မယ်။ အလုပ်ရှင်နဲ့ အလုပ်ဖော်နဲ့ ဆက်ဆံရေး ပြေပြစ်မယ်။ အလုပ်ရှင်ကို အလုပ်ဖော်ကို ချစ်ခင်မယ်။ လေးစားမယ်။ အလုပ်လုပ်ရာမှာ သမာသမတ်ကျမယ်။

နောက်တစ်ခုက အစွန်းထွက် ပြဿနာ။ ဘာသာရေးသင်တန်းဆင်းလက်မှတ် ကိုင်ထားတာနဲ့ ဘာသာရေးအရ သိမ်မွေ့မှု ကောင်းမြတ်မှုတွေ ရှိနိုင်ပါမလား ဆိုတာပါပဲ။ မသေချာပါဘူး။ ဒါပေမယ့် သာသာရေးသင်တန်းဆင်း လက်မှတ်လည်း တစ်ခြားလက်မှတ်တွေလိုပဲပေါ့။ ကွန်ပျူတာသင်တန်းဆင်းလက်မှတ် ကိုင်ထားတာနဲ့ ကွန်ပျူတာ ကျွမ်းကျင်သူ မဖြစ်နိုင်သလိုပေါ့။ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် လက်မှတ်စာရွက် ဆိုတာကတော့ အရည်အချင်းရှိတယ်လို့ ယေဘုယျ သတ်မှတ်ပေးတဲ့ အရာသာ ဖြစ်ပါတယ်။

ဒါကတော့ ဖတ်မိခဲ့တာနဲ့ ပတ်သက်လို့ တွေးဖြစ်လိုက်တဲ့ အတွေးသက်သက်သာ ဖြစ်ပါတယ်။ ဘာသာရေး အသိ ဘာသာရေး အကျင့်ကို လုပ်ငန်းခွင်မှာ နေရာပေးမပေး ဆိုတာကတော့ သက်ဆိုင်ရာ လုပ်ငန်းခွင်မှာ မူဝါဒ ချမှတ်သူတွေနဲ့သာ သက်ဆိုင်ပါတယ်။ သက်ဆိုင်သူတွေပဲ လုပ်ပိုင်ခွင့် ရှိပါတယ်။ သီရိလင်္ကာမှာလို ဘာသာရေး အသိကို အသိအမှတ်ပြုမယ်ဆိုရင် ဦးဂါးဒင်း [ဒေါက်တာ အရှင်ဣန္ဒကကို ချစ်စနိုးခေါ်တဲ့ နာမည်။ :)] ပြောသလိုပေါ့။ "မနှောင်းသေးပါဘူး။"

ဗုဒ္ဓဘာသာ တရားတော်တွေကို ကျင့်မယ် သုံးမယ်ဆိုရင် တရားတော်တွေဟာ ဒီနေ့ခေတ်မှာလည်း အသုံးဝင်ပါသေးတယ်။ အထူးသဖြင့် နေရာတိုင်းမှာ အသုံးဝင်တဲ့ စိတ်ဓာတ်စင်ကြယ်မှု သိမ်မွေ့မှုကို တရားတော်တွေက လှုံ့ဆော်ဖန်တီး ပေးနိုင်ပါတယ်။ "မဟောင်းသေးပါဘူး။"

ဗုဒ္ဓဘာသာ နိုင်ငံတော်အတွင်း လက်ရှိအခြေအနေကတော့ . . . ဒီလိုပါပဲ။ ဗုဒ္ဓဘာသာဆိုင်ရာ သင်တန်းဆင်းလက်မှတ်တွေကို အလုပ်လျှောက်ရာမှာ သုံးလို့ မရသေးပါဘူး။ [သုံးလို့ရမယ် ဆိုရင်လည်း နိုင်ငံတော်က သင်တန်းဆရာတွေကို လခပေးတဲ့ သီရိလင်္ကာမှာလို သင်တန်းတွေ လုံလုံလောက်လောက် မရှိသေးပါဘူး။] "မပြောင်းသေးပါဘူး။"


Photo from (22 January 2011):
http://snapshot-news.com/index.php?option=com_content&view=article&id=4341:2010-04-03-15-51-56&catid=289:vol2-no79&Itemid=118

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP