* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 21, 2011

မေတ္တာအပို့ခံရသူမှာ အကျိုးဘယ်နှစ်ပါးရပါသလဲ

မေတ္တာအပို့ခံရသူမှာ အကျိုးဘယ်နှစ်ပါးရပါသလဲ

ဒကာ။ ။ အချင်းချင်းမေတ္တာထားကြ၊ မေတ္တာပွားကြ၊ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းပွားများသူမှာ ခုချက်ချင်း လက်ငင်း အကျိုး တဆယ့်တပါး ရရှိခံစားရတယ်၊ သေရင် ဗြဟ္မာ့ပြည်လားတယ် ဟု ပြောဟောကြပါတယ်၊ မေတ္တာအပို့ခံရသူမှာတော့ ဘယ်လို ချမ်းသာတယ်၊ ဘယ်လို အကျိုးစီးပွားတွေခံစားရတယ်လို့ ဟောပြောတာ မကြားသိရပါဘူး၊ မေတ္တာအပို့ခံရသူတွေအတွက် အကျိုးစီးပွားဖြစ်ပေါ်ခံစားရပုံများ ပိဋကတ်တော်မှာ ပါရှိရင် သိပါရစေ ဆရာတော်။
ဆရာ။ ။ မေတ္တာပို့သ ပွားများပေးခြင်း၊ မေတ္တာခံယူခြင်း နှစ်မျိုးရှိရာမှာ မေတ္တာကို ခံယူသူတို့ဖက်က အကျိုးရရှိပုံတွေလည်း များစွာပဲ ရှိပါတယ်၊ ဒကာကြီးတို့ မယုံကြည်ရင် မေတ္တာအစစ်အမှန်နဲ့ ပွားများပို့သ စမ်းသပ်ကြည့်ကြပေါ့၊ မေတ္တာပို့သူများ လိုက်နာကျင့်သုံးထားရှိရမည့် အင်္ဂါ ၁၅ ပါးနဲ့ အညီ ပို့သပွားများပေးရင် အပို့ခံရသူမှာ မုချချမ်းသာ သုခရရှိနိုင်ပါတယ်။
ဒကာ။ ။ မေတ္တာပို့သသူ၏ လိုက်နာကျင့်သုံးထားရှိရမည့် အင်္ဂါ ၁၅ ပါးဆိုတာ ဘာတွေပါလဲ ဆရာတော်၊ ဒကာကြီးတို့ သိရအောင် ထုတ်ပြပါဦး ဘုရား။
ဆရာ။ ။ မေတ္တာကမ္မဋ္ဌာန်းတရား ပွားများအားထုတ်လိုသူတို့အတွက် မေတ္တာသုတ် ဒေသနာတော်မှာ မြတ်စွာဘုရားဟောကြားတော်မူသော မေတ္တာမပို့ခင် ကြိုတင်ပြင်ဆင် ကျင့်သုံးပြည့်စုံထားရမည့် မေတ္တာပုဗ္ဗဘာဂတရား ၁၅ ပါးဆိုတာက...
(၁) သက္ကော - သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ်၊ ငါးပါးစွမ်းအားရှိသူ ဖြစ်ရခြင်း။
(၂) ဥဇု - ကိုယ် နှုတ်ဖြောင့်မတ်ရိုးသားရခြင်း။
(၃) သုဟုဇု - စိတ်ထားဖြောင့်မတ်ရိုးသားရခြင်း။
(၄) သုဝစ - ပညာရှိတို့ ဆိုဆုံးမမှုကို လွယ်ကူစွာ လိုက်နာရခြင်း။
(၅) မုဒု - ကိုယ် နှုတ် စိတ်ထား သုံးပါးလုံး နူးညံ့သိမ်မွေ့ ပျော့ပျောင်းနေသူဖြစ်ရခြင်း။
(၆) အနတိမာနိ- မာန်မာနတရား ထောင်လွှားမှု မရှိရခြင်း။
(၇) သန္တုဿက- ရရှိသမျှဖြင့်သာ ရောင့်ရဲ တင်းတိမ်ကျေနပ်သူဖြစ်ရခြင်း။
(၈) သုဘရ - သူတပါးတို့ စောင့်ရှောက်ပေးလှူ မွေးမြူရေး၌ လွယ်ကူစွာ လိုက်နာ ကျေနပ်သူ ဖြစ်ရခြင်း။
(၉) အပ္ပကိစ္စ - မိမိကျင့်ဝတ် ကိစ္စမှ တပါး အခြားကိစ္စများ နည်းပါးသူ ဖြစ်ရခြင်း။
(၁၀)သလ္လဟုကဝုတ္တိ - ပစ္စည်းဥစ္စာများစွာ မထား ငှက်များကဲ့သို့ ပေါ့ပါးလွယ်ကူစွာ သွားလာနေထိုင် အသက်မွေးမှုရှိရခြင်း။
(၁၂) နိပက - အပြစ်ကင်းသော လုပ်ငန်းရပ်တို့၌ ကောင်းစွာကျွမ်းကျင် ရင့်ကျက်သော ဉာဏ်အမြင်ရှိရခြင်း။
(၁၃) အပ္ပဂဗ္ဘ - ကိုယ်နှုတ်စိတ်ထား သုံးပါးလုံး ရိုင်းပြ ကြမ်းတမ်းမှု မရှိ ယဉ်ကျေးသူ ဖြစ်ရခြင်း။
(၁၄)ကုလေသွ နာနုဂိဒ္ဓ - ရဟန်းသည် ဒကာ ဒကာမတို့အပေါ်၌ တဏှာပေမဖြင့်တွယ်တာ ငြိကပ်ခြင်း မရှိစေရ။
(၁၅) - ပညာရှိတို့ ကဲ့ရဲ့ စွပ်စွဲစရာ မကောင်းသော အမှုကိစ္စ ဟူသမျှကို အသေးအဖွဲကလေးမျှဖြစ်စေ ဘာတခုမျှ မပြုလုပ်ရ။
ကဲ...အဲဒီ တဆယ့်ငါးပါးသော “မေတ္တာ ပုဗ္ဗ ဘာဂ ပဋိပဒါ” ခေါ်တဲ့ မေတ္တာမပွားမီ ရှေးဦးစွာ မိမိပြုလုပ်ထားရမည့် ကိုယ်ကျင့်တရားများကို ပြီးစီးပြည့်စုံစွာ ပြုလုပ်ထားပြီးမှ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများမှု ပြုတဲ့သူ၏ မေတ္တာစစ် မေတ္တာမှန်ဟာ အပို့ခံရသူမှာ မုချ ချမ်းသာသုခ ရရှိနိုင်ပါတယ်၊ မယုံရင် စမ်းကြည့်ပေါ့၊ မြတ်ဗုဒ္ဓရဲ့ ဓမ္မက အစမ်းခံနိုင်တဲ့ လက်တွေ့ “ဧဟိ ပဿက” ဂုဏ်ရှိတယ်၊ မှန်းဆပြီး ဟောပြောတာ မဟုတ်ဘူး၊ ကိုယ်တွေ့ဒိဋ္ဌ ဟောပြောချက်တွေ။
ဒကာ။ ။ မေတ္တာစစ် မေတ္တာမှန်ဖြင့် အပို့ခံရသူမှာ ချမ်းသာသုခရရှိတဲ့ ပုံစံဝတ္ထု ပိဋကတ်တော်မှာ ထင်ရှားတဲ့အကြောင်းများရှိရင် အနည်းငယ် လိုရင်းမျှ ထုတ်ပြပါဆရာတော်၊ မေတ္တာသမားများ အားတက်စရာဖြစ်အောင်ပေါ့ ဘုရား။
ဆရာ။ ။ အင်း၊ ပိဋကတ်တော်မှာ လာရှိတဲ့ ဝတ္ထုသက်သေတွေ များစွာရှိပါတယ်လေ၊ မေတ္တာကမ္မဋ္ဌာန်းသမားများ မှတ်သားထားကြဖို့ တခုလောက်တော့ ထုတ်ပြပေးပါ့မယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP