* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 21, 2011

အင်္ဂုလိမလသုတ်

မြတ်စွာဘုရားရှင်ရဲ့ ရွှေလက်ထက်တော်အခါက စောရနက္ခတ်နဲ့ ယှဉ်ပြီးမွေးလာတဲ့ လူငယ်လေးကို သူရဲ့ မိဘတွေက ”အဟိံသက” (မညှဉ်းဆဲတတ်သူ)လို့ နာမည်ကို ပြောင်းပြန်ပေးခဲ့ကြဖူးပါတယ်။ အသက် အရွယ်ရလာတော့ တက္ကသိုလ်တိုင်းပြည်မှာ ပညာ သင်ကြားရင်း အထင်မှားရှာတဲ့ ဆရာက လက်ညိုးပေါင်း (၁ဝဝဝ) ရှာခိုင်းလိုက်ရာက လူဆိုး လူမိုက်ကြီးဘဝကို ရောက်ခဲ့ရပါတော့တယ်။

ကောသလရှင်ဘုရင်က အဲဒီ လက်ညိုးဖြတ် လူသတ်သမား တောပုန်းဓားပြကို အသေသတ်ဖို့ ဖမ်း ခိုင်းနေတဲ့နေ့မှာ မြတ်စွာဘုရားက ကြွရောက်ပြီး တရား ဟောကြားလို့ သတိသံဝေဂရစေတော်မူခဲ့ပါတယ်။ ဧဟိဘိက္ခု ရဟန်းဘဝကနေ မကြာမီ ရဟန္တာ အရှင် မြတ်ကြီးဘဝ ရောက်ခဲ့ရပြီဖြစ်တဲ့ အင်္ဂုလိမာလ မထေရ် မြတ်ဟာ လူ့ဘဝက သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် စိတ်နာကြတဲ့သူတွေက ခဲနဲ့ပေါက်, တုတ်နဲ့ပစ် စတာတွေ လုပ်တာတောင် ခံခဲ့ရရှာပါသေးတယ်။

တစ်နေ့ သာဝတ္ထိမြို့ထဲကို ဆွမ်းခြွံကွတော်မူခိုက် သားသမီးမမွေးဖွားနိုင်လို့ အကြီးအကျယ် ဒုက္ခရောက် နေရှာတဲ့ မိခင်လောင်းတစ်ယောက်အပေါ်မှာ သနား ကရုဏာစိတ်ဝင်ပြီး မြတ်စွာဘုရားကို လျှောက်ထား တော့ မြတ်စွာဘုရားက သစ္စာဆိုပြီး ကူညီပေးလိုက်ဖို့ နည်းလမ်းညွှန်ပြ သြဝါဒပေးတော်မူခဲ့ပါတယ်။

” ငါ အရိယာဖြစ်တဲ့နေ့ကစပြီး ဘယ်သူ့ကိုမျှ မသတ်တာမှန်ပါရင် ဒီသားအမိ ၂ ယောက်စလုံး ချမ်းသာကြပါစေသတည်း” လို့ သစ္စာဆိုလိုက်တာ အားလုံးကျန်းမာချမ်းသာ သွားကြရပါတော့တယ်။ ဒီ အဂုင်္လိမာလ ပရိတ်ဒေသနာတော်ဟာ သား သမီး မမွေးဖွားနိုင်လို့ ဆင်းရဲဒုက္ခရောက်နေ ကြရရှာတဲ့ မိခင်လောင်းတွေအတွက် ရည်ရွယ်ပြီး ဟောကြားတော်မူ ခဲ့တယ်။

ဆေးဖက်ဝင်ဂါထာ မန္တန်တော်၊ ဒေသနာတော် တစ်ပုဒ်ဖြစ်တာကြောင့် ဒီပရိတ်တော်ကိုရွတ်ပြီး သစ္စာ ပြုပြီး ပရိတ်ရေသောက်တာ, မျက်နှာသစ်တာ၊ ပက် ဖျန်းတာတွေလုပ်ရင် သားသမီးရော မိခင်ပါ လက်တွေ့ ကျန်းမာချမ်းသာနိုင်ကြပါတယ်။ သစ္စာပါရမီတော်ပြ အလွန်အစွမ်းထက်လှတဲ့ ဒီအင်္ဂုလိမာလသုတ် ပရိတ်ဒေသနာတော်ကို ကြည်ညို သဒ္ဓါ ရိုသေစွာနဲ့ ရွတ်ကြ၊ ဖတ်ကြ၊ ကြည်ညို ပူဇော်ကြပါစို့ သူတော်ကောင်းတို့။

မချိပြင်းပြ၊ ဣတ္ထိယလည်း သာလှမဖွား၊ ခက်ခဲငြားသော် စကားသစ္စာ၊ မှန်စွာပြုဘိ အဂုင်္လိဟု၊ မည်ရှိခေါ်ဆို ရန်စစ်ပြိုလျက်၊ ရေကိုသုံးခါ စစ်ပြီးကာမှ၊ သတ္တာမန်းတိုက် ကိုယ်၌အန္တရာယ်၊ စင်ကြယ်လွတ်ငြား သားလျှင်ဖွား၏။

အဂုင်္လိမာလသုတ်ရွတ်ဖတ်ရန်အချိန်နှင့် ရွတ်ဖတ်ရခြင်းအကျိုး

အဂုင်္လိမာလသုတ်တော်တွင် အရှင်အဂုင်္လိမာလမထေရ်သည် မှန်ကန်သော သစ္စာစကား မြွက်ဆိုခြင်းဖြင့် မီးမဖွားနိုင်၍ ဝေဒနာခံစားရသော မိန်းမများ ချမ်းသာစွာ မီးဖွားနိုင်ခဲ့ပုံကို ဟောကြားထားပါသည်။ အဂုင်္လိမာလသုတ်ကို အမြဲရွတ်ဖတ်ခြင်းဖြင့် ကိုယ်တွင်းရှိသမျှ ဘေးရန်ကိုပျောက်ကင်းစေပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် မိမိ၏ ရင်သွေးငယ်ကို အခက်အခဲမရှိ လွယ်ကူစွာ မီးဖွားနိုင်သည်။ တခြားသော ဘေးအန္တရာယ်အမျိုးမျိုးကိုလည်း ပျောက်ကင်းနိုင်သည်။
(၁) ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာနဓောဝနံ။ ဥဒကမ္ပိ ဝိနာသေတိ၊ သဗ္ဗမေဝ ပရိဿယံ။

အိုသူတော်ကောင်းတို့ အကြင်အင်္ဂုလိမာလသုတ် တော်ကို ရွတ်ဆိုသောပုဂ္ဂိုလ်၏ နေရာထိုင်ခုံကို ဆေး ကြောင်းဖြစ်သော ရေသော်မှလည်း အလုံးစုံသာလျှင် ဖြစ်သော ဘေးရန်ကို ကင်းပျောက်စေနိုင်ပေ၏။

(၂) သောတ္ထိနာ ဂဗ္ဘဝုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ ။ ထေရဿင်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။ ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

အကြင်အဂုင်္လိမာလပရိတ်တော်သည် ပရိတ်ရွတ်စဉ် ထိုအခိုက်၌ပင် ချမ်းချမ်းသာသာဖြင့် ကိုယ်ဝန်မှထ မွေးဖွား ရခြင်းကိုလည်း ပြီးစေနိုင်ပေ၏၊ အင်္ဂုလိမာလ မည်သော မထေရ်အား မြတ်စွာဘုရားသည် ဟောတော်မူအပ်သော ကမ္ဘာဆုံးသည်ထိ တည်တတ်သော သဘာဝရှိသော ကြီးမားသော အစွမ်းရှိသော ထိုအင်္ဂုလိမာလသုတ် ပရိတ်တော်ကို ငါတို့သည် ရွတ်ကြကုန်စို့။

(၃) ယ တောဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော၊ နာဘိ ဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ၊ တေန သစ္စေန သောတ္ထိ တေ ဟောတု သောတ္ထိ ဂဗ္ဘဿ။

နှမ ငါသည် အကြင်အခါမှစ၍ အရိယာဇာတ်ဖြင့် ဖြစ်ခဲ့၏၊ ထိုအခါမှစ၍ သေစေလိုသော စေတနာဖြင့် အားထုတ်၍ သတ္တဝါကို ဇီဝိတိနြေ္ဒမှ ချခဲ့ သတ်ခဲ့သည် ဟူ၍မသိပေ၊ ထိုသစ္စာစကားကြောင့် သင့်အားချမ်းသာ ခြင်းသည်ဖြစ်စေသတည်း၊ သူငယ်၏ချမ်းသာခြင်းသည် ဖြစ်စေသတည်း။

အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP