* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 9, 2010

လူကြီးမင်းအား မြန်မာ နှင့် ရခိုင်ရုပ်ရှင်အနုပညာရှင် ပွဲတော်သို့ဖိတ်ကြားခြင်း

၂၀၁၀ - ခုနှစ် အောက်တိုဘာလ တွင် တိုက်ခတ် ခဲ့သော ဂီရိလေမုန်တိုင်းကြောင့် အတိဒုက္ခရောက် နေကြရသော ရခိုင်ပြည်နယ် ကျောက်ဖြူ၊မြေပုံ၊ မင်းပြားနှင့် ပေါက်တော မြို့နယ်များမှ ရခိုင်ပြည်သူ များအတွက် ပြန်လည် တည်ဆောက်ရေးနှင့် ကယ်ဆယ်ရေး ၊ ရံပုံငွေ ရှာဖွေစုဆောင်းရန် ရည်ရွယ်လျှက် လေးဝတီ ရခိုင်အနူပညာရှင်အဖွဲ့ (ရန်ကုန်)နှင့် ဥက္ကာဦးသာ plus+3 Music Band တို့မှာ ကြီးမူး၍ "ရှင်သန်နိုးထ အာရက္ခ" ခေါင်းစဉ်ဖြင့် အနုပညာ ပွဲတော်ကြီးကို အောက်ပါအစီအစဉ်အတိုင်း အခမ်းအနားကို ကျင်းပမည်ဖြစ်ပါသည်။


နေ့ရက်။ ။ ၂၀၁၀-ခုနှစ် ၊ ဒီဇင်ဘာလ (၁၃)ရက် ကြာသပတေးနေ့
အချိန်။ ။ညနေ့ ၅း၀၀ နာရီ မှ ၉း၀၀ နာရီး ထိ
နေရာ။ ။သုဝဏ္ဏ မိုးလုံလေလုံ အားကစာရုံ(၁)


တီးဝိုင်း။ ။ လေးဝတီရခိုင်အနူပညာအဖွဲ့နှင် ဥက္ကာဦးသာ ၏ Plus +3 Music Band
ပွဲတော်အစီအစဉ်များတွင် ရခိုင်ရိုးရာအကပဒေသများ နှင့် တေးသီချင်းသီဆိုမူများအပြင် မြန်မာနှင့် ရခိုင်ရုပ်ရှင် အနုပညာရှင် အမြောက်အမြားကလည်းပါဝင် ဖြေဖျော်ကြမည် ဖြစ်ပါသည်။ ငွေ နှင့် ပစ္စည်း လှူဒါန်း လိုသူများကလည်း ပွဲတော်မတိုင်မီဖြစ်စေ၊ ပွဲတော်အချိန်တွင် ဖြစ်စေ၊ လှူဒါန်းနိုင်ပါကြောင်း တိုက်တွန်း နိုးဆော်အပ်ပါသည်။ သို့ပါ၍ ယင်းပွဲတော်သို့ ကြွရောက်ချီးမြင့် ဂုဏ်ပြုပေးပါရန် လူကြီးမင်းအား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ပွဲတော်ကျင်းပရေးကော်မတီများ.
ဆက်သွယ်ရန်။ ။ဦးဇင်း ဘီလူး ဖုန်း 0949234889 / ဦးသန်းမောင် ဖုန်း 01.73034288 / ဦးထွန်းဝင်း ဖုန်း 095174891


အလိုတော်ပြည့်သတင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP