“လူကောင်းတရား လေးပါး”
လောကတွင် “ကလျာဏကာရီ=ကောင်းတာကိုပဲ ပြုလုပ်တတ်တဲ့ လူကောင်း၊ ပါပါကာရီ= မကောင်းတာကိုပဲ ပြုလုပ်တတ်တဲ့ လူဆိုး” ဆိုပြီးတော့ လူနှစ်မျိုး ရှိပါတယ်။
ထိုနှစ်မျိုးနှစ်စားသော လူထဲမှ လောကရှိ လူသားများ အလိုရှိကာ နှစ်သက်တောင့်တ လိုချင်မိကြတဲ့ လူအမျိုးအစားကတော့ “ကလျာဏကာရီ=လူကောင်း” ကိုပဲ အလိုရှိကြစမြဲပါ။ လောက ပြောစကားအားဖြင့်တော့ “တကယ် ဒီကလေးက လူတော်လူကောင်းလေး မဟုတ်တာ မကောင်းတာကို ဘယ်တော့မှ မလုပ်ဘူး။ တော်လိုက်တာ၊ ငါ့သား င့ါသမီးလေးများ ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ” စသည်ဖြင့် “လူတော် လူကောင်းတွေကို” ချီးမွမ်းခြင်းပြုကာ တောင့်တမိကြပါတယ်။ လိုချင်မိကြပါတယ်။ လူဆိုး လူမိုက် လူရမ်းကားတွေကိုတော့ အပြစ်ဖို့ကာ မနှစ်မြို့တဲ့ အမှုအရာ၊ အပြောအဆိုများနဲ့ တုန့်ပြန်တတ်ကြပါတယ်။
လူသားအားလုံးသည် မိမိကို သူတစ်ပါးက မုန်းတီးခြင်း၊ ကဲ့ရဲ့ခြင်း၊ အပြစ်ဖို့ခြင်း၊ အားကိုးအားထားမပြုခြင်း၊ မရိုမသေ ဆက်ဆံပြောဆိုခြင်းများကို မနှစ်သက်ကြ မလိုလားကြမိပေမယ့်လို့ မိမိကို သူတစ်ပါးက ချစ်ခင်ခြင်း၊ ချီးမွမ်းခြင်း၊ ကောင်းကွက်ကိုပြောခြင်း၊ အားကိုးအားထားပြုခြင်း ရိုရိုသေသေ လေးလေးစားစား ဆက်ဆံခြင်းကိုတော့ လိုလားစွာ နှစ်သက်မိကြ တောင့်တမိကြမယ်ဆိုတာ သေချာပါတယ်။
အဲဒီလို လူအများက မိမိကို ချစ်ခင်စွာ ဆက်ဆံပြောဆိုခြင်း၊ ချီးမွမ်းခြင်း၊ အားကိုးအားထားပြုပြီး ရိုရိုသေသေ ဆက်ဆံစေချင်ရင်တော့ မိမိဘက်က ထိုကဲ့သို့သော ဆက်ဆံခြင်းမျိုးကို ရရှိစေမယ့်၊ ဖြစ်ပေါ်စေမယ့် အရာများကို မလွဲမသွေ ပြုလုပ်ကျင့်ကြံနေမှ ရမယ်ဆိုတဲ့ နိယာမ သဘောတရားကို နားလည်ထားမှ ဖြစ်ပါလိမ့်မယ်။
ဒီတော့ “လူအများက လူတော် လူကောင်းများကို နှစ်သက်တယ်။” ဒါဆိုရင် မိမိဘက်က လူတော် လူကောင်းဖြစ်အောင် ကျင့်ကြံဖို့ပဲ လိုတာပါ။
လူတော် လူကောင်းဖြစ်အောင် ဘယ်အရာတွေကို ကျင့်ကြံရမလဲဆိုတာကို ပြောမပြသေးခင် အောက်ပါ ၀တ္ထုလေးကို အရင် ဖတ်ကြည့်ရအောင်ပါ။
ဇာတ်လမ်းဝတ္ထုလေးကတော့ ရင်းနှီးပြီသားဖြစ်တဲ့ ၀ိဓှုရဇာတ်တော်လေးပါပဲ ဒါကြောင့် အကျဉ်းချုံးနဲ့ လိုရင်းလေးလောက်ပဲ ပြောပါရစေ။
တစ်ခါက ကုရုတိုင်း၊ကန္ဒပတ္တနဂိုပြည်မှာ ကောရဗျ အမည်ရှိတဲ့ မင်းကြီး အုပ်ချူပ်ပါတယ်။ ထိုမင်းကြီးမှာ ပညာအရာမှာ ဇမ္ဗူဒိပ်ကျွန်းမှာရှိတဲ့ တိုင်းပြည်များတိုင်အောင် ပျံ့နှံ့ကျော်ဇောထင်ရှားလှတဲ့ ၀ိဓူရသုခမိန် လို့ အမည်ရှိသော ပညာရှိအမတ်ကြီးတစ်ဦးရှိပါတယ်။ ထို ၀ိဓှုရသုခမိန်ဟာ ဘုရားအလောင်းတော်ပါပဲ။ တစ်နေ့သော ဥပုသ်နေ့မှာတော့ ကောရဗျမင်းကြီးက မိမိရဲ့ ဥယျာဉ်တော်ထဲမှာ သီလစောင့်ထိန်းနေပါတယ်။ ကောရဗျမင်းနဲ့အတူ သိကြားမင်း၊ ဂဠုန်မင်း၊ နဂါးမင်းတို့ကလည်း မိမိတို့ရဲ့ နေရာအသီးသီးကနေ လာရောက်ပြီး ကောရဗျမင်းကြီးရဲ့ ဥယျာဉ်တော်ထဲမှာပဲ ဥပုသ်သီတင်း စောင့်ထိန်းကြပါတယ်။
ညနေချမ်းအခါရောက်တော့ ထို မင်းလေးပါးတို့ဟာ မင်္ဂလာလေးထောင့်ကန် ဇရပ်မှာ အသီးအသီးရောက်ရှိလာကြပြီးတော့ နဂါးမင်းကလည်း မိမိရဲ့ ရန်သူဖြစ်တဲ့ ဂဠုန်မင်းကို မမှု့ဘဲ သီလစောင့်တဲ့အတွက်၊ ဂဠုန်မင်းကလည်း မိမိအစာဖြစ်တဲ့ နဂါးကို မစားဘဲ အစာငတ်ခံသီလစောင့်တဲ့အတွက်၊ သိကြားမင်းကလည်း နတ်စည်းစိမ် ကာမဂုဏ်ကို လျစ်လျူရှု့ပြီး သီလစောင့်တဲ့အတွက်၊ ကောရဗျမင်းကြီးကလည်း မင်းစည်းစိမ်ကို လျစ်လျူရှု့ပြီး သီလစောင့်တဲ့အတွက် “ငါ့သီလက ပိုမြတ်တယ်၊ သူ့သီလက ပိုမြတ်တယ်”စသည်ဖြင့် ပြိုင်ဆိုင်ကာ ဂုဏ်ယူ ငြင်းခုန်နေကြပါတယ်။
နောက်ဆုံး ဘယ်သူမှ ဆုံးဖြတ်လို့ မရတာနဲ့ ၀ိဓူရသုခမိန်ရဲ့ အဆုံးအဖြတ်ကို လက်ခံကြဖို့ သဘောတူညီချက်ထားပြီး သွားရောက်ကာ ဘယ်သူ့သီလက မြတ်ပါသလဲလို့ မေးမြန်းကြပါတယ်။ ဒီတော့ ၀ိဓူရသုခမိန်က “မင်းလေးပါးတို့ရဲ့ စောင့်သုံးခြင်း ဥပုသ်သီလများဟာ ၀ီတိက္ကမ ကိလေသာများကို ပယ်တဲ့နေရာမှာ တဒင်္ဂပဟာန်ခြင်းအားဖြင့် တူကြတာကြောင့် အားလုံးရဲ့ သီလဟာ ထပ်တူထပ်မျှ မြတ်ကြတာခြင်း အတူတူပါပဲ” လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။
ထိုဆုံးဖြတ်ချက်ကို အားလုံးက သဘောတူလက်ခံနှစ်သက်သဘောကျပြီးတော့ သိကြားမင်းက ၀ိဓူရသုခမိန်ကို ဘွဲ့ဖြူပုဆိုး၊ နဂါးမင်းက ပတ္တမြား၊ ဂဠုန်မင်းက ရွှေပန်းကုံး များဖြင့် အသီးအသီး ပညာဥာဏ်ပှုဇော်မှု့ပြုကြသလို ကောရဗျမင်းကြီးကလည်း ဆင်း မြင်း အစရှိတဲ့ ရတနာများနဲ့ ပှုဇော်လိုက်ကြပါတယ်။ ပှုဇော်ပြီးတော့ မိမိတို့ရဲ့ နေရာဋ္ဌာနသို့ အသီသီးပြန်သွားကြပါတယ်။ နဂါးမင်းလည်း မိမိရဲ့ နဂါးပြည်ရောက်တော့ နဂါးမင်းကြီးရဲ့ လည်ပင်းမှာ ၀တ်ဆင်ထားတဲ့ ပတ္တမြားကြီးကို သူမိဖုရားကြီးက မတွေ့တော့ မေးမြန်းလေတော့ ရဲ့ တရားဓမ္မကို နာယူမှတ်သားရတဲ့အတွက် ၀ိဓူရသုခမိန်ဥာဏ်ပှုဇော်ခအနေနဲ့ ပေးလှု ပှုဇော်ခဲ့ကြောင်း ရှင်းပြတော်မှုပါတယ်။
နဂါးမင်းကြီးရဲ့ ရှင်းပြချက်ကို ကြားရစဉ်မှာပဲ မိဖုရားကြီးဟာလည်း ၀ိဓူရသုခမိန်ရဲ့ တရားဓမ္မကို နာယူချင်တဲ့ စိတ်ဆန္ဒတွေ တစ်ဖွားဖွားဖြစ်ပေါ်လာပါတယ်။ ဒါပေမယ့်လို့ မိဖိုရားကြီးအနေနဲ့ ၀ိဓူရသုခမိန်ကို မိမိရဲ့ နန်းတော်ကိုပင့်ဖိတ်ပြီး တရားနာကြားဖို့ ခွင့်ပန်ဖို့ မရှိတာကြောင် ဥပါယ်တမျင်ဖြင့် အခန်းဝင် အစားအသောက်လည်းမစား ဖျားနာတဲ့ အမှုအယာ ပရိယာယ်ဆင်ပါတယ်။ ဒီအကြောင်းကို နဂါးမင်းကြီးကသိတော့ ချစ်လှစွာသော မိဖုရားအတွက် ဘာဖြစ်ဖြစ် ရောဂါသာပျောက်မယ်ဆိုရင် သူစွမ်းဆောင်ပေးပါ့မယ် လိုချင်သာပြော ကြားပါ မိဖုရားကြီးလို့ ပြောတော့ မိဖုရားကြီးက “၀ိဓှုရသုခမိန်ရဲ့ နှလုံးသားကို တရားသဖြင့် ရရှိမယ်ဆိုရင် သူ့ရောဂါပျောက်ကင်းပြီး ကျန်းမာပါမယ်” လို့ လျောက်ထားလိုက်ပါတယ်။
မိဖုရားကြီးရဲ့ စကားထဲမှာ တရားသဖြင့် ရပါမှ ပျောက်ကင်းပါ့မယ် ဆိုတာပါပါတယ်။ ဒီတော့ နဂါးမင်းကြီးအနေနဲ့ ၀ိဓှုရသုခမိန်ကို အကြမ်းနည်းနဲ့ တိုက်ခိုက် သတ်ဖြတ်ကာ နှလုံးသားကို ရယူလို့မရပါဘူး။ တရားသဖြင့်ဆိုတာက ၀ိဓှုရသုခမိန်က လိုလိုလားလား သူ့နှလုံးသာကို သူကိုယ်တိုင်ပေးမှ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် သှု့ဘာသာအလိုလို သေဆုံးပြီးမှသာ သူ့နှလုံးသားကို ရယူနိုင်မှာဖြစ်ပါတယ်။ တကယ်တော့ မိဖုရားကြီးက ၀ိဓှုရသုခမိန်ရဲ့ နှလုံးသားကို လိုချင်ပါတယ်၊ သူ့နှလုံးသားကို ရပါမှ ရောဂါပျောက် ကျန်းမာလာပါမယ်လို့ ဆိုရင်းက ၀ိဓှုရသုခမိန်ရဲ့ တရားဓမ္မကို နာကြားလိုရင်းကို ပြောဆိုတာပါ။
ဒီတော့ မိမိရဲ့ မိဖုရားကြီး ပြန်လည်ကျန်းမာလာဖို့အတွက် နဂါးမင်းကြီးအနေနဲ့ မိမိရဲ့ သမီးအလှ ဣရန္ဓတီကို ဟိမ၀န္တာမှာရှိတဲ့ ကာဠာဂိရိ တောင်ပေါ်ကိုတက်ကာ ကပြရင်း “၀ိဓှုရသုခမိန်ရဲ့ နှလုံးသားကို တရားသဖြင့် ရအောင် ယူဆောင်ပေးနိုင်တဲ့သူကို မိမိရဲ့ ခင်ပွန်းအဖြစ် အသိအမှတ်ပြုပါ့မယ်”ဆိုတဲ့ အဓိပ္ပါယ်ရှိတဲ့ သီချင်းတစ်ပုဒ်ကို သီဆိုခိုင်းပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ထိုကာဠာဂရိတောင်ထိပ်မှာ နတ်သဘင်အစည်းအဝေးပွဲကို တက်ရောက်ဖိုလာတဲ့ မနောမယ သိန္ဓောမြင်းကို စီးနင်းလာတဲ့ ပုဏ္ဏကဘီလူး ထိုသီချင်းသံကို ကြားသွားပါတယ်။ သူဟာ ဣရန္ဓတီရဲ့ လှပတဲ့အက၊ ချောမောတဲ့ရုပ်ရည်၊ နားသောတကို ဘ၀င်အတိဖြစ်စေတဲ့ အသံကောင်းမှု့များကို တွေ့မြင် ခံစား မိသွားပြီး ၀ိဓှုရသုခမိန်ရဲ့ နှလုံးသားကို တရားသဖြင့် သူရအောင် ဆောင်ယူပေးပါ့မယ်လို့ ကတိက၀တ်ပြုလိုက်ပါတယ်။
ဒီလိုနဲ့ ပုဏ္ဏကဘီလူးဟာ ၀ိဓှုရသုခမိန်ရဲ့ နှလုံးသားကို ရယူဖို့အတွက် မနောမယ သိန္ဓောမြင်းကိုစီး ဝေပုလ္လတောင်ကနေ မနောဟရပတ္တမြားကို ယူဆောင်ကာ ဣန္ဒပတ္တနဂိုရ်ပြည် ကောရဗျမင်းကြီးရဲ့ နန်းတော်ရှေ့ကို ရောက်ရှိလာပါတော့တယ်။ သူဟာ ကြွေအန်ကစားခြင်းကို နှစ်သက်တဲ့ ကောရဗျမင်းကြီးနဲ့အတူ ကြွေအန်ပြိုင်ကစားဖို့အတွက် လာရောက်ဖြင်းဖြစ်ကြောင်း သူရဲ့ နာမည်ကတော့ ကစ္စည်းလုလင်ဖြစ်တဲ့အကြောင်း သူ့မှာ လောင်းကြေးသဘောအနေနဲ့ မနောမယသိန္ဓောမြင်းနဲ့ မနောဟရပတ္တမြားတို့ ပါတဲ့အကြောင်းကို လျောက်ထားပြီး သူ့ရဲ့ မနောမယသိန္ဓောမြင်းနဲ့ မနောဟရပတ္တမြားတို့ရဲ့ အစွမ်းအစကို မင်းကြီးအား နှစ်သက်သည်အထိပြသပါတယ်။
မင်းကြီးကလည်း နှစ်သက်သဘောကျကာ ကြွေအန်အတူကစားဖို့ သဘောတူပြီး သူ့ဘက်က လောင်းကြေးအနေနဲ့ ထီးနန်းနဲ့ သူ့ရဲ့ မိဖုရားကြီးမှတစ်ပါး ကျန်တာအကုန် တောင်းယူနိုင်ပါတယ်လို့ ကတိက၀တ်ပြုကာ ကစားကြပါတယ်။ အခါတိုင်း မင်းကြီးကစားစဉ်မှာ သူ့ရဲ့ ကိုယ်စောင့်နတ်သမီးရဲ့ အကှုအညီကြောင့် မင်းကြီးအမြဲတမ်းနိုင်ပေမယ့် အခုအခါမှာတော့ မင်းကြီးရဲ့ ကိုယ်စောင့်နတ်သမီးလည်း ပုဏ္ဏကဘီလူးရဲ့ ခြိမ်းခြောက်မှု့ကို ကြောက်လန့်ကာ အဝေးထွက်ပြေးရပါတယ်။ ဒါကြောင့် မင်းကြီးမှာ အကှုအညီမရှိတော့တာကြောင့် ပုဏ်ဏကနဲ့ ကစားပွဲမှာ မင်းကြီး ရှုံးသွားပါတယ်။
ဒီတော့ ပုဏ္ဏကဘီလူးကို မင်းကြီးက အစောက ပြောထားတဲ့ မိဖုရားနဲ့ ထီးနန်းကလွဲလို့ ကြိုက်တာတောင်းပါလို့ပြောတော့ ပုဏ္ဏကဘီလူးက ၀ိဓှုရသုခမိန်ကို လောင်းကြေးအဖြစ်ပေးပါလို့ တောင်းပါတယ်။ ဒါကို မင်းကြီးက ၀ိဓှုရသုခမိန်ဟာ လောင်းကြေးထဲမှာ မပါလို့ မပေးနိုင်ကြောင်း ငြင်းဆန်ပါတယ်။ သူတို့ရဲ့ အငြင်းပွားမှု့က နန်းတော်မှာပဲ မပြီးဆုံးဘဲ ၀ိဓှုရသုခမိန်ဆီရောက်ရှိသွားကြပြန်ပါတယ်။ ဒီတော့ ၀ိဓှုရသုခမိန်က သူ့အနေဲ့ သူဟာ မင်းကြီးရဲ့ ကျေးကျွန်တစ်ယောက်ဖြစ်တဲ့အတွက် လောင်းကြေးထဲမှာပါတဲ့အတွက် ပေးသင့်ပါတယ် လို့ ၀ိဓှုရသုခမိန်က ဆုံးဖြတ်ပေးလိုက်တာကြောင့် မင်းကြီးလည်း စိတ်မချမ်းမြေ့စွာနဲ့ ပေးလိုက်ရပါတယ်။
ပုဏ္ဏကဘီလူးကနောက်ကို ၀ိဓှုရသုခမိန်မလိုက်မီမှာ မိမိရဲ့ မိသားစုများကို ဆုံးမစကားပြောကြားဖို့အတွက် အိမ်မှာ နှစ်ရက်၊ သုံးရက်ခန့် နေထိုင်ခွင့်ပေးပါလို့ ပြောကြားပါတယ်။ ဒါကို ပုဏ်ကလက်ခံသဘောတူလိုက်ပါတယ်။ ထို နှစ်ရက် သုံးရက်အတွင်းမှာ ပုဏ္ဏကဘီလူးကို ၀ိဓှုရသုခမိန်ကို သှု့ရဲ့အိမ်မှာ နေထိုင်စဉ်ကာလအတွင်းမှာ နှစ်သက်သဘောကျသလိုနေထိုင်ပါလို့ ပြောကြားထားသလို ရိုရိုသေသေ လေးလေးစားစား ဧည့်ဝတ်ကျေပွန်အောင် ဧည့်ဝတ်ပြုပေးပါတယ်။
ဝိဓှုရသုခမိန်က မိမိရဲ့ မိသားစုများကို ပစ္စုပ္ပာန် တမလွန်လောကအတွက် ကောင်းကျိုးတရားရရှိမှု့နဲ့ ပတ်သက်ပြီး ဟောပြဆိုဆုံးမသလို ကောရဗျမင်းကြီးအားလည်း မိမိရဲ့ မိသားစုများကို ကြည့်ရှု့စောက်ရှောက်တော်မှုပေးပါရန် တောင်ပန်လျောက်ထားကာ ပုဏ္ဏကဘီလူး နောက်လိုက်ပါသွားခဲ့ပါတယ်။ ၀ိဓှုရသုခမိန်ကို ပုဏ္ဏကဘီလူးက သူ့ရဲ့ မနောမယသိန္ဓောမြင်းရဲ့ အမြီးကို ဆွဲကိုင်ပြီး လိုက်စေခဲ့ပါတယ်။ ၀ိဓှုရသုခမိန်ကလည်း ပုဆိုးကျွတ်မကျအောင် အဓိဋ္ဌာန်ပြီးတော့ မြင်းမြီးကို ဆွဲပြီး ပုဏ္ဏကဘီလူး ခေါ်ဆောင်ရာကို ကြည်ဖြူစွာ မေတ္တာစိတ်လေးထားရှိကာ လိုက်သွားပါတယ်။
ပုဏ္ဏကဘီလူးကလည်း မြင်းကို သစ်ပင် ချူံပိတ်ပေါင်းထူထပ်တဲ့ တောလျှို တောင်ကြားအစရှိတဲ့နေရာများရှိရာကို မြင်းကိုဒုန်းဆိုင်းပါတယ်။ ၀ိဓှုရသုခမိန်ကို တိုက်ခိုက်မိပြီး သေအောင် တမင်လုပ်တာပါ။ ဒါပေမယ့်လည်း ၀ိဓှုရသုခမိန်က ပုဏ္ဏကဘီလူးအပေါ်ထားရှိတဲ့ မေတ္တာ စေတနာတိုကြောင့် ဘယ်အရာမှ သူ့ကို မထိခိုက်နိုင်ပါဘူး။ တောင်များနဲ့ တိုက်သတ်ပေမယ့် မသေသေးတာကြောင့် ကောင်းကင်မြင့်မြင့်ကို တက်ကာ လေအဟုန်သို မြင်းကို စိုင်းပြန်ပါတယ်။ ဒါပေမယ့် ၀ိဓှုရသုခမိန်မသေပါဘူး။ ဒီလိုနဲ့ ဘယ်လိုလုပ်လိုမှ မသေတာကို တွေ့ရတော့ ပုဏ္ဏကဘီလူးက ဒေါသအမျက်ထွက်လာကာ ကာဠာဂရိတောင်ထိပ်ကိုသွား ၀ိဓှုရသုခမိန်ကို အောက်ချကာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဘီလူးအသွင်ကိုဖန်တီးပြီး ခြောက်လှန့်သလို ခြင်္သေ့အသွင်၊ မုန်ယစ်နေတဲ့ဆင်ပြောင်ကြီးအသွင်၊ ကြီးမားကာ အဆိပ်ပြင်းတဲ့ မြွေကြီးအသွင်စတဲ့ ကြောက်မက်ဖွယ် အသွင်ပေါင်းများစွာနဲ့ ခြောက်လှန့်ပါတယ်။ ဒါပေမယ့် ၀ိဓှုရသုခမိန်မသေ။ တုန်တုန်မျှ မလှုပ်၊ နောက်ဆုံးဘယ်လိုမှ ခြောက်လှန့်လို မရတဲ့အဆုံးမှာ ၀ိဓှုရသုခမိန်ကို ခြေထောက်ကနေကိုင် ပထမအကြိမ် ယူဇနာ ၁၅ ယူဇန၊ ဒုတိယအကြိမ် ယူဇနာ ၃၀ယူဇနာ၊ တတိယအကြိမ် ယူဇနာ ၆၀ယူဇနာတိုင်အောင် လွှင့်ပစ်ကာ သေအောင်သတ်ပေမယ့်လည်း ၀ိဓှုရသုခမိန်မသေပါဘူး။
ဒီတော့ ၀ိဓှုရသုခမိန် စဉ်းစားလာပါတယ်။ ဒီဘီလူးင့ါကို မသေသေအောင် သတ်နေတာဟာ အကြောင်းတစ်ခုခုတော့ရှိမှာပဲဆိုတာကို တွေးမိပြီး သူ့ကို ဘာကြောင့် မသေသေအောင် အားထုတ်လုပ်ကြံသတ်နေရတာလဲလို့ မေးလေတော့ “၀ိမလာဒေ၀ီဖြစ်တဲ့ နဂါးမိဖုရားကြီးက သင်ရဲ့ နှလုံးသားကို တရားသဖြင့် လိုချင်နေတာဖြစ်တာကြောင့် သတ်ဖို့ကြိုးစားနေခြင်းဖြစ်ကြောင်းကို” ပုဏ္ဏကဘီလူးက ရှင်းလင်းပြောပြပါတယ်။ ဒီတော့ ၀ိဓှုရသုခမိန်က “၀ိမလာဒေ၀ီက ငါ့ရဲ့နှလုံးသားကို တရားသဖြင့် လိုချင်တယ်ဆိုတာဟာ ငါ့ရဲ့ တရားကို နာကြားချင်လိုပဲဖြစ်တယ်"ဆိုတာကို ချက်ချင်းသိလိုက်ပါတယ်။ ဒါကြောင့် ၀ိဓှုရသုခမိန်က သူ့ရဲ့ ပညာအစွမ်းနဲ့ သူ့ရဲအသက်လည်း မသေရလေအောင်၊ ၀ိမလာဒေ၀ီလည်း တရားနာနိုင်အောင်၊ ပုဏ္ဏကဘီလူးကလည်း
ဣရန္ဓတီနဲ့ ပေါင်းစုံရလေအောင် ပြုလုပ်မယ်လို့ ဆုံးဖြတ်ပြီးတော့ ပုဏ္ဏကဘီလူးကို သူမသေမီ သူဟောပြမယ့် လူကောင်းတရားကို အရင်နာပြီးမှ သင်စိတ်ကြိုက် ရှေဆက်လုပ်စရာရှိတာ လုပ်ပါလို့ ပြောပြီး လူကောင်းတရားကို ၀ိဓှုရ သုခမိန်က ပုဏ္ဏကဘီလူးကို ဟောကြားလိုက်ပါတယ်။
ဣရန္ဓတီနဲ့ ပေါင်းစုံရလေအောင် ပြုလုပ်မယ်လို့ ဆုံးဖြတ်ပြီးတော့ ပုဏ္ဏကဘီလူးကို သူမသေမီ သူဟောပြမယ့် လူကောင်းတရားကို အရင်နာပြီးမှ သင်စိတ်ကြိုက် ရှေဆက်လုပ်စရာရှိတာ လုပ်ပါလို့ ပြောပြီး လူကောင်းတရားကို ၀ိဓှုရ သုခမိန်က ပုဏ္ဏကဘီလူးကို ဟောကြားလိုက်ပါတယ်။
“ပုဏ္ဏက လောကမှာ လူကောင်းတစ်ယောက်ဖြစ်ချင်ရင် လူကောင်းတစ်ယောက်ဖြစ်စေဖို့အတွက်………………
၁။ မိမိအပေါ် ပြုဖူးသော သူတစ်ပါးရဲ့ ကျေးဇှုးတရားကို တုန့်ပြန်မှု့ပြုရပါမယ်။ တကယ်လို့ ကျေးဇှုးတရားကို တုန့်ပြန်ကာ ပြန်မဆပ်နိုင်သေးဘူးဆိုရင်တောင် ထိုကျေးဇှုးရှင်ကို စိတ်နဲ့တောင် မပြစ်မှားမိပါစေနဲ့။ စိတ်ဖြင့် ပြစ်မှားမိမယ်ဆိုရင် စိုပြီးသားလက်ကို ခြောက်အောင်ပြုရာ ရောက်ပါတယ်။
၂။ ထိုကဲ့သို့သော ကျေးဇှုးရှင် မိတ်ဆွေများကို သက်မဲ့ပင်ဖြစ်စေ သက်ရှိပင်ဖြစ်စေ ကာယကံအားဖြင့်လည်း ပြစ်မှားခြင်းမပြုပါနဲ့။
၃။ မှားယွင်းသော အမှု့များကို ပြုမိစေအောင် တိုက်တွန်းဖြစ်ပေါ်စေတတ်တဲ့ အသိဥာဏ်ကင်းတဲ့ မောဟကိလေသာ ထူပြောခြင်းကိုလည်း မဖြစ်စေပါနဲ့။
၎။ မိန်းမတို့၏ ယုတ်မာသော အလိုသို့လည်း မလိုက်မိပါစေနဲ့။”
“စွတ်လက်မဖုတ်၊ မပြုတ်မိတ်ဆွေ၊ ကိလေပါပ၊ မိုက်မောဟနှင့်၊ မိန်းမနိုင်ငံ၊ ဆက်ဆံမလိုက်၊ လူ၌ထင်ရှား၊ ဤလေးပါးကား၊ ပိုင်းခြားစတု၊ မှတ်ကြောင်းပြုသည်၊ သာဓုနရ၊ မြတ်ဓမ္မတည့်။” (မဃဒေ၀နီတိလမ်းညွှန်များ၊ ၂၅၅)
“ပုဏ္ဏက ထိုလေးမျိုးသော လူကောင်းတရားများကို ပြည့်စုံအောင် ဖြည့်ကျင့်ပါမှ လောကမှာ လူကောင်းဖြစ်နိုင်ပါတယ်။ လူကောင်းလို့ ခေါ်ဆိုထိုက်ပါတယ်။” လို့ ၀ိဓှုရသုခမိန်က ပုဏ္ဏကဘီလူးကို ဟောကြားလိုက်ပါတယ်။ ပါဠိဝေါဟာရအနေနဲ့ “လူကောင်းတရားကို=သာဓုနရ”လို့ခေါ်ပါတယ်။
ဝိဓှုရသုခမိန်ရဲ့ သာဓုနရ-လူကောင်းတရားလေးပါးကို နာကြီးပြီးတော့ ပုဏ္ဏကဘီလူးဟာ သူ့ရဲ့ မှားယွင်းတဲ့ ကျူးလွန်မှု့ကို တွေးပြီး သံဝေဂရသွားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လူကောင်းတရားအရဆိုရင် ၀ိဓှုရသုခမိန်က သူ့ကို အိမ်မှာ သုံးရက်တိုင်တိုင် ကျွေးမွေးစောက်ရှောက်ခဲ့တဲ့ ကျေးဇှုးတရားရှိပါတယ်။ သူဟာ အခု ကျေးဇှုးရှင် ၀ိဓှုရသုခမိန်ကို ကာယကံအားဖြင့်ကော၊ မနောကံအားဖြင့်ပါ သူပြစ်မှားမိခဲ့ပါတယ်။ မောဟကိလေသာရဲ့ လွှမ်းမိုးမှု့ကို ခံရပြီးတော့ ဣရန္ဓတီရဲ့ အလိုကို လိုက်မိကာ ကျေးဇှုးရှင် အဆွေခင်ပွန်း ၀ိဓှုရသုခမိန်ကို ပြစ်မှားမိတာကြောင့် သူဟာ လူကောင်းတစ်ယောက် မဟုတ်သေးဘူးဆိုတာ သိရှိနားလည်သဘောပေါက်သွားပါတယ်။ နားလည်သဘောပေါက်ပြီးတော့ ၀ိဓှုရသုခမိန်ကို နေရပ် ဣန္ဒပတ္တနဂိုရ်ပြည်ကို ပြန်လည်ပို့ဆောင်ပေးပါ့မယ်လို ပြောပါတယ်။
ဒါပေမယ့်လို့ ၀ိဓှုရသုခမိန်က သူ့ကို ၀ိမလာဒေ၀ီရှိတဲ့ နဂါးပြည်ကို ပို့ပေးပါဆိုတဲ့ စကားကြောင့် ပို့ပေးလိုက်ပါတယ်။ ၀ိမလာဒေ၀ီလည်း ၀ိဓှုရသုခမိန်ကြီးဟောကြားတဲ့ မေတ္တာတရားနဲ့ စပ်ယှဉ်တဲ့ တရားဓမ္မကို နာကြားရတဲ့အတွက် ကျန်းမာရွှင်လန်း ၀မ်းမြောက်ကျေနပ်သွားရပါတယ်။ ပုဏ္ဏကဘီလူးလည်း ဣရန္ဓတီနဲ့ ပျော်ရွှင်စွာ ထိမ်းမြားလက်ထပ်ခွင့်ရရှိသွားပါတယ်။ ပုဏ္ဏကဘီလူးက ၀ိဓှုရသုခမိန်ကို သူ့ရဲ့ မနောဟရပတ္တမြားနဲ့ ပှုဇော်ကာ ဣန္ဒပတ္တနဂိုရ်ပြည်ကို ပြန်လည်ပို့ဆောင်ပေးပြီး ဣရန္ဓတီနဲ့အတူ သူ့ဘုံဗိဗ္မာန်ရှိရာ စတုမဟာရာဇ်နတ်ပြည်ကို ခေါ်ဆောင်သွားပါတော့တယ်။
“လောကမှာ မေတ္တာနဲ့ သူတစ်ပါး မိမိအပေါ်ပြုဖူးသော ကျေးဇှုးကို အောက့်မေ့သိတတ်ပြီး အမှတ်ရတတ်တဲ့ ကတညူတ ဂုဏ်နဲ့ ပြည့်စုံဖို့ လိုအပ်သလို၊ ထိုထက်အလွန် သိရုံတင်မက သူကျေးဇှုးကို ထုတ်ဖော်ပြောဆို တတ်တဲ့ မြင့်မြတ်တဲ့ ကတဝေဒီဂုဏ်နဲ့လည်း ပြည့်စုံဖို့ အထူးလိုအပ်လှပါတယ်။ ကတညူတ ကတဝေဒီ ဆိုတာ ဒါကိုဆိုလိုတာပါ။”
ကတညူတ ကတဝေဒီနဲ့ ပတ်သက်ပြီး မန်လည်ဆရာတော်ဘုရားကြီးက မဃဒေ၀လမ်းညွှန်နီတိမှာ အခုလို စပ်ဆိုမှု့ပြုကာ သတိပေးထားတော်မှုပါတယ်။
“မေတ္တာရှေးဦး၊ ပြုပေဖူးကို၊ ကျေးဇှုးသိမှ၊ ကတညူတည့်၊ ထိုသူထက်ပင်၊ ကျေးဇှုးအင်ကို၊ ထင်ထင်ချွတ်ချွတ်၊ ပြောဆိုတတ်က၊ သူမြတ်မှန်လှ၊ ကတဝေဒီ၊ ဟူတုံပြီရှင့်။”
မေတ္တာနဲ့ သူတစ်ပါး မိမိအပေါ်ပြုဖူးသော ကျေးဇှုးကို သိတတ်ပါမှ ထိုသူသည် သူကျေးဇှုးကို သိတတ်သူ ကတညူတ မည်ပါတယ်။ ထိုထက်အလွန် သိရုံတင်မက သူကျေးဇှုးကို ထုတ်ဖော်ပြောဆို တတ်ပါမှ ထိုသူကို မြင့်မြတ်တဲ့ ကတဝေဒီလို့ ခေါ်ပါတယ်။
မိန်းမတစ်ယောက်ရဲ့ ယုတ်မာသော အလိုကို လိုက်မိပြီး ကိုယ့်မိဘအရင်းများကိုတောင် မောဟအတိုက်ခံမိပြီး ရိုက်နှက်သတ်ပုတ်ခဲ့တဲ့ လက်ဝဲတော်ရံ အဂ္ဂသာဝကကြီး အရှင်မဟာမောဂ္ဂလာန် အလောင်းတော်ဘ၀ဖြစ်စဉ်က ဖြစ်ပုံက ပိုပြီးထင်ရှားပါတယ်။
(စာရေးသူသည် ဤပုံဝတ္ထုထဲက မိန်းမ၏ ယုတ်မာမှု့ကိုသာ သိရှိအောင် ဥပမာပြ ပြောဆိုခြင်းပင်ဖြစ်ပါသည်။ အားလုံးသော မိန်းမဆိုသှုများကို မရည်ညွှန်းပါ။ အားလုံးမှာ မတူသော စရိုက်သဘာဝ ရှိကြစမြဲလည်းဖြစ်ပါသည်။)
ကဲ စာချစ်သူ……
လူသားအားလုံးက မိမိကို မုန်းတီးခြင်း၊ ကဲ့ရဲ့ခြင်း၊ အပြစ်ဖို့ခြင်း၊ အားကိုးအားထားမပြုခြင်း၊ မရိုမသေ ဆက်ဆံပြောဆိုခြင်းများကို မနှစ်သက်ကြ မလိုလားကြခြင်းကို အလိုမရှိပါဘူးဆိုရင် မိမိကို သူတစ်ပါးက ချစ်ခင်ခြင်း၊ ချီးမွမ်းခြင်း၊ ကောင်းကွက်ကိုပြောခြင်း၊ အားကိုးအားထားပြုခြင်း ရိုရိုသေသေ လေးလေးစားစား ဆက်ဆံခြင်းကိုတော့ လိုလားစွာ နှစ်သက်မိကြ တောင့်တမိကြခြင်းကို အလိုရှိပါတယ်ဆိုရင် “သာဓုနရ=လူကောင်းတရားလေးပါးကိုသာ” ပြည့်စုံအောင် ကျင့်ကြံလိုက်ပါ၊ စာချစ်သူ တောင့်တတဲ့ ဆန္ဒတစ်ဝကြီး ပြည့်စုံပါလိမ့်မယ်…………။
ကျမ်းကိုး။
မဟာနိပါတပါဠိတော် ၊ ၀ိဓှုရဇာတက။
မန်လည်ဆရာတော် ဘုရားကြီး၏ မဃဒေ၀လမ်းညွှန်နီတိများ။
လယ်တီဆရာတော် ဘုရားကြီး၏ နိုင်ငံတွင်း ပုစ္ဆာအဖြေပေါင်းချူပ် (ပထမတွဲ)
ဦးရွှေအောင်၏ ဗုဒ္ဓ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇှုးရှင် (ကိုယ်ကျင့်ဗုဒ္ဓ၀င်)
(ဥယျာဉ်မှုးလေး)

0 comments:
Post a Comment