* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, December 7, 2010

၇-ရက် ဓမ္မသင်တန်းနှင့် တရားစခန်းသိမ်းပွဲ

စာမရေးဖြစ်တာ နည်းနည်းကြာသွားတယ်။ အလုပ်တွေ ရှုပ်နေတယ်လို့ပဲ ဆိုရမယ်။ အားလပ်ချိန်မရှိဘူးတော့လည်း မဟုတ်ပါဘူး။ စာရေးဖို့ကို အာသီသမရှိတာ။ အခုတော့ သင်တန်းလည်း ပြီးသွားပြီ။ ရလိုက်တဲ့ အတွေ့အကြုံတွေ အများကြီးပဲ။ ဘယ်ကနေ စပြီး ပြောရပါ့မလဲ။

ဒီအစီအစဉ်လေးအကြောင်းကို အရင်ပြောပြချင်တယ်။ ဒီသင်တန်းက ပီနန်းမြို့၊ ဓမ္မိကာရာမမြန်မာကျောင်းမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်တဲ့ ပွဲလေးဖြစ်ပါတယ်။ ၇-ရက်တာ အမျိုးသားများက ကိုရင်ဝတ်၊ အမျိုးသမီးတွေကတော့ သီလရှင်ဝတ်လိုသူက သီလရှင်ဝတ်၊ ယောဂီအဖြစ်နဲ့ပဲ နေလိုသူက နေပေါ့။ ဒီပွဲလေးကို မနှစ်က အကြောင်းတိုက်ဆိုင်လို့ ကူညီဖြစ်ခဲ့တယ်။ ဒီနှစ်တော့ ပီနန်းကျောင်းက လက်ထောက်ဆရာတော် ဦးဝိစိတ္တက လှမ်းပင့်တာနဲ့ မလေးရှားကို ရောက်လာဖြစ်တယ်။ သူကပဲ အစစအရာရာ ခရီးစရိတ်စသည် အကုန်အကျ ခံပေးတယ်။ ဒီအတွက် ဦးဝိစိတ္တကို ကျေးဇူးအများကြီး တင်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ကြောင့် အတွေ့အကြုံတွေ အများကြီး ရခွင့်ကြုံခဲ့ရတယ်။

မနှစ်က ကိုရင် အပါး ၂၀-နဲ့ သီလရှင် ၂-ပါး၊ ယောဂီ ၂-ယောက်ဆိုတော့ နည်းနည်းများတယ်။ ဒီနှစ်တော့ ကိုရင် ၁၀ ပါး၊ သီလရှင် ၂-ပါးနဲ့ ယောဂီ ၄-ယောက် စခန်းဝင်ကြတယ်။ ကိုရင်ဆိုပေမယ့် အသက် ၄၀၊ ၅၀ တွေက များပါတယ်။

ပထမရက် စပြီဆိုတာနဲ့ မိုးလင်းက မိုးချုပ် ဘာတွေ သင်ပေးရမလဲ။ ဘာတွေ မျှဝေရမလဲလို့ပဲ တွေးနေခဲ့ရတယ်။ အတွေ့အကြုံကလည်း ဒီထက် ပိုဆည်းပူးရအုံးမယ်လေ။ အင်္ဂလိပ်လို သင်တာကလည်း အတွေ့အကြုံ၊ အသိအမြင် ကြွယ်ဝပါမှ အဆင်ပြေနိုင်တယ် မဟုတ်လား။ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး အသိအမြင်က အထိုက်အလျောက်ရှိတယ်လို့ ဆိုနိုင်ပေမယ့် ဒီလို ဟောရတဲ့ အတွေ့အကြုံက အလွန်နည်းပါတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ရပါတယ်။ ကိုယ့်ကိုကိုယ် အားမရပေမယ့် သူတို့ဆီက အရမ်းကောင်းတယ်၊ ကိုယ်ပြောတာ သဘောပေါက်တယ်လို့ စကားပြန်ရတဲ့အခါ ပျော်ရပါတယ်။ သူတို့ကို ကျေးဇူးလည်း တင်ရပါတယ်။
အခုတော့ ဆောင်းပါးလည်း မဟုတ်၊ အပြည့်အစုံရေးဖို့လည်း အာရုံမကျတာနဲ့ ပိတ်ပွဲဓာတ်ပုံလေးတွေနဲ့ သင်တန်းကဓာတ်ပုံလေးတွေပဲ တင်လိုက်ပါတယ်။
















0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP