လောကမာယာ
လောကမာယာ
သိမ့် (မြန်မာစာ)
မဖျက်ဆီးတတ်သလို
ပျက်စီးမယ့်ဘက်ကို
ဦးမတည်စေဘူး…..။
စိန်မခေါ်တတ်ပေမယ့်
အရှုံးမပေးတတ်ပါဘူး……။
မယှဉ်တတ်ပေမယ့်
ကြောက်တတ်ပါဘူး……။
မမုန်းတတ်ပေမယ့်
ဟန်ဆောင်မပြုံးတတ်ဘူး……။
ငါသိနေတဲ့
လောကမာယာတွေကို
ငါ အသာလေး
ထိုင်ကြည့်နေမယ်……။ ။
သိမ့် (မြန်မာစာ)




0 comments:
Post a Comment