* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 20, 2010

Ph.D. Program (ဒေါက်တာဘွဲ့)




မာတိကာ

၁။ ရည်ရွယ်ချက်
၂။ ခေါင်းစဉ်ရွေးချယ်ခြင်း
၃။ ကျမ်းစာရေးရာ၌ အသုံးပြုရမည့်ဘာသာစကား
၎။ Ph.D. ၀င်ခွင့်ရရန် အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း
၅။ ၀င်ခွင့်ရယူခြင်း
၆။ Supervisor ရွေးချယ်ခြင်း
၇။ Ph.D. ကျမ်းစာတင်သွင်းခြင်း
၈။ လူတွေ့စစ်ဆေးခြင်း
၉။ Ph.D. ဘွဲ့ရယူခြင်း
၁၀။ ဘွဲ့အပ်နှင်းခြင်း

၁။ ရည်ရွယ်ချက်
Sitagu International Buddhist Academy သည် ဗုဒ္ဓတရားတော်ကို ထေရ၀ါဒနည်းကျကျဖြန့်ချိရန် ရည်ရွယ်သည်အားလျော်စွာ Ph.D. Program ကိုလည်း ထိုရည်ရွယ်ချက်အတိုင်း ရေးဆွဲအကောင်အထည်ဖော်သည်။

၂။ ခေါင်းစဉ်ရွေးချယ်ခြင်း
ဆဋ္ဌသင်္ဂါယနာမူ ပါဠိတော် အဋ္ဌကထာ ဋီကာကို အခြေခံ၍ Philosophical, Historical, Psychological, Cultural, Social, Archaeological နှင့် Linguistic အစရှိသော ရှုထောင့်အမျိုးမျိုးမှ ထေရ၀ါဒဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော ခေါင်းစဉ်တစ်ခုခု ဖြစ်ခြင်း။
(သို့မဟုတ်)
ထေရ၀ါဒနှင့် မဟာယာနဗုဒ္ဓဘာသာကို အထက်ဖော်ပြ ပါရှုထောင့်များမှ နှိုင်းယှဉ်လေ့လာသော ခေါင်းစဉ်တစ်ခုခုဖြစ်ခြင်း။
(သို့မဟုတ်)
ထေရ၀ါဒဗုဒ္ဓဘာသာနှင့် Hindu, Christian, Islam, Jainism စသောဘာသာကြီးတို့ကို အထက်ပါရှုထောင့်များမှ နှိုင်း ယှဉ်လေ့လာသော ခေါင်းစဉ်တစ်ခုခုဖြစ်ခြင်း။

၃။ ကျမ်းစာရေးရာ၌ အသုံးပြုရမည့်ဘာသာစကား
ကျမ်းစာရေးရာ၌ အသုံးပြုရမည့်ဘာသာစကားမှာ English (သို့မဟုတ်) ပါဠိဘာသာဖြစ်သည်။

၎။ Ph.D. ၀င်ခွင့်ရရန် အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း
(က) S.I.B.A. မှ M.A. ဘွဲ့ရရှိခြင်း၊
(သို့မဟုတ်)
(ခ) ပြည်တွင်းပြည်ပရှိ English Media ဖြင့် သင်ကြားသော တက်္ကသိုလ်ကြီးတစ်ခုခုမှ M.A. ဘွဲ့ကိုရရှိပြီး ပြည်တွင်းပြည်ပတက္ကသိုလ် တစ်ခုခု၌ Philosophical, Historical, Psychological, Cultural, Social, Archaeological နှင့် Linguistic အစရှိ သောဘာသာရပ် တစ်ခုခုကို သုတေသနလုပ်ခြင်း (သို့) သင်ကြားပို့ချခြင်းအတွေ့အကြုံ အနည်းဆုံးနှစ် နှစ်ရှိပြီးနောက် Sitagu International Buddhist Academy က ကျင်းပပေးသော English အရည် အချင်းစစ်စာမေးပွဲ (ရေးဖြေနှင့်လူတွေ့)ကို အောင်မြင်ခြင်း။

၅။ ၀င်ခွင့်ရယူခြင်း
အထက်ပါအရည်အချင်းနှင့်ပြည့်စုံသော Candidate များသည် အောက်ပါအစီအစဉ်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ပြီးပြည့်စုံစေ၍ ၀င်ခွင့်ရယူရမည်ဖြစ်သည်။

(က) မိမိကို Supervise လုပ်မည့ှ်Supervisor ၏သဘောတူညီမှုကို ရယူခြင်း၊
(ခ) Supervisor ၏ခွင့်ပြုချက်ဖြင့် ခေါင်းစဉ်ရွေးချယ်ကာ တက္ကသိုလ်သို့တင်ပြ၍ သဘောတူညီချက်ရယူခြင်း၊
(ဂ) မိမိရေးသားမည့်ကျမ်းစာမိတ်ဆက်စာတမ်းကို စာမျက်နှာ(၅)မျက်နှာထက်မနည်းစေပဲ ရေးသားတင်ပြ၍ တက္ကသိုလ်၏ ခွင့်ပြုချက်ရယူခြင်း၊

၆။ Supervisor ရွေးချယ်ခြင်း
Ph.D. Candidate တစ်ဦးကို Supervise လုပ်မည့် Supervisor တစ်ဦးသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်။

(က) တက္ကသိုလ်တစ်ခုခုမှ ဗုဒ္ဓစာပေနှင့်ပတ်သက်သော ခေါင်းစဉ်ဖြင့်သောလည်းကောင်း၊ Philosophical, Historical, Psychological, Cultural, Social, Archaeological နှင့် Linguistic အစရှိသော ဘာသာ ရပ်တစ်ခုခုနှင့်ပတ်သက်သော ခေါင်းစဉ်တစ်ခုခု ဖြင့်သော်လည်းကောင်း Ph.D. ဘွဲ့ရရှိထားပြီး ဖြစ်ရမည်၊
(ခ) ထေရ၀ါဒရဟန်းတော်ဖြစ်ရမည်၊
(ဂ) အနည်းဆုံး ဓမ္မာစရိယအောင်ပြီးသူဖြစ်ရမည်၊
(ဃ) S.I.B.A. ၌ လက်ရှိပါမောက္ခရာထူးတာဝန်ကို ထမ်းဆောင်နေဆဲ (သို့မဟုတ်) ထမ်းဆောင်ခဲ့သူ (ပါမောက္ခရာထူး တာဝန်ထမ်းဆောင်စဉ်အတွင်း အဝေးသို့ တာဝန်ထမ်းဆောင်ရန် S.I.B.A. က တာဝန်ပေးစေလွှတ်ခြင်းခံရသူ) ဖြစ်ရမည်၊
(င) S.I.B.A က Supervisor လုပ်နိုင်ခွင့်တာဝန်ကို တရားဝင်ပေးအပ်ထားသူ ဖြစ်ရမည်။

၇။ Ph.D. ကျမ်းစာတင်သွင်းခြင်း
တင်သွင်းသည့်ကျမ်းစာသည် S.I.B.A. က သတ်မှတ်ပေးထားသော စည်းမျဉ်းစည်းကမ်းများနှင့် ညီရမည်။ (စည်းမျဉ်း စည်းကမ်းများကို နောက်ဆက်တွဲအနေဖြင့်ဖော်ပြရန်) ၀င်ခွင့်ရရှိသည့်နေ့မှစ၍ ၃-နှစ်ထက်မစော ၅-နှစ်ထက် နောက်မကျစေပဲ တင်သွင်းနိုင်ရမည်။ (၅-နှစ်ပြည့်သည်အထိ ကျမ်းစာကို မတင်သွင်းနိုင်ပါက နောက်ထပ်အသစ်ထပ်မံ၍ ၀င်ခွင့် ရယူရမည်ဖြစ်သည်။) ရေးသားပြီးသောကျမ်းစာကို ၅ မူကူး၍ S.I.B.A. နှင့် အခြားတက္ကသိုလ်တစ်ခုခု၌ လက်ရှိပါမောက္ခတာဝန် ထမ်းဆောင်နေသော (သို့) ထမ်းဆောင်ခဲ့သော Ph.D. ဘွဲ့တစ်ခုခုရရှိပြီးသော S.I.B.A. က သတ်မှတ်ပေးထားသော ပုဂ်္ဂိုလ်များအနက် တက္ကသိုလ် က ရည်ညွှန်းသည့်ပုဂ္ဂိုလ် ၂- ဦးသို့ တင်ပြပြီး ထောက်ခံချက်ရ ယူရမည်။ ရေးသားပြီးသောကျမ်းစာ ၅ မူအနက် ၃ မူကို Ph.D. Candidate ကိုယ်တိုင်တစ်မူ သိမ်းထားပြီး Supervisor အတွက် တစ်မူ တက်္ကသိုလ်စာကြည့်တိုက်သို့ တစ်မူပေးအပ်ရမည်။

၈။ လူတွေ့စစ်ဆေးခြင်း
တက္ကသိုလ်က သတ်မှတ်ပေးသောရက်၌ တက္ကသိုလ်က ဖိတ်ကြားထားသော ပါမောက္ခများနှင့် တွေ့ဆုံ၍ လူတွေ့စစ်ဆေး ခြင်းခံရမည်။

၉။ Ph.D. ဘွဲ့ရရှိခြင်း
Supervisor ၏ ထောက်ခံချက်ဖြင့် တက္ကသိုလ်သို့တင်ပြလာသော ကျမ်းစာကို Internal and External Examiners များလက်ခံ၍ အဆင့်အတန်းမီကြောင်း ထောက်ခံလက်မှတ်ရေးထိုးပါက လူတွေ့စစ်ဆေးခြင်းကို ခံယူပြီး လူတွေ့စစ်ဆေးသော ပါမောက္ခအားလုံးက စာတမ်းတင်သွင်းသူသည် တင်သွင်းသော စာတမ်းဖြင့် Ph.D. ဘွဲ့ကို ပိုင်ဆိုင်သင့်ကြောင်း တညီတညွတ်တည်း ထောက်ခံချက်ကိုရရှိပါက ကျမ်းစာတင်သွင်းသူသည် ထိုကျမ်းစာဖြင့် Ph.D. ဘွဲ့ကို ပိုင်ဆိုင်သင့်ကြောင်း တက်္ကသိုလ်က အသိအမှတ်ပြုမည်။

၁၀။ ဘွဲ့အပ်နှင်းခြင်း
လူတွေ့အဆင့်အထိအောင်မြင်ပြီးသော ကျမ်းစာတင်သွင်းသူကို ယာယီအောင်လက်မှတ် ထုတ်ပေးထားပြီး တက္ကသိုလ်က နှစ်စဉ်ကျင်းပသော ဘွဲ့နှင်းသဘင်တွင် ဘွဲ့လက်မှတ်ပေးအပ် မည်ဖြစ်သည်။ ဘွဲ့လက်မှတ်ကို ကိုယ်တိုင်သော်လည်းကောင်း၊ အဝေးရောက် စာတိုက်မှတဆင့်သော်လည်းကောင်း ထုတ်ယူနိုင်ပါသည်။


သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ Program များပြီး၏။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၁၉-၉-၂၀၁၀

0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP