* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 20, 2010

ဗုဒ္ဓ၀ါဒရှု့ထောင့်မှ လူ့သဘာဝနှင့်ပဋိပက္ခ (၁)



(၁) နိဒါန်း

မျက်မှောက်ကမ္ဘာတွင် ယဉ်ကျေးမှုများ၊ ဘာသာစကားများနှင့် ဘာသာရေးများ ကွဲပြားခြားနားမှုများက လူတစ်ဦးနှင့်တစ်ဦး အုပ်စုတစ်စုနှင့်တစ်စုအကြားတွင် ပဋိပက္ခကို ဖြစ်ပေါ်လာစေရန် အလွန်လွယ်ကူစေပါတယ်။ လူသားသတ္တ၀ါများနှင့် လူ့အဖွဲ့အစည်းများ၌ ပဋိပက္ခဖြစ်ခြင်း၏အကြောင်းမှာ များပြားစွာရှိပါတယ်။ အမှန်အားဖြင့် စပ်ဆက်စဉ်းစားကြည့်ပါက ပဋိပက္ခဟာ လူသားဘ၀တွင် သဘာဝဖြစ်စဉ်နှင့် မရှိမဖြစ်လိုအပ်သော အရာဝတ္ထုများ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အချို့ပညာရှင်များအလိုအရ စောစောပိုင်းအချိန်များကတည်းကပင် လူသားများနှင့်လူ့အဖွဲ့အစည်းများဟာ အမြဲတမ်း ပဋိပက္ခရှိခဲ့ပြီး ဖြစ်ပါတယ်။ အမှန်အားဖြင့် ခြားနားသော လူအဖွဲ့အစည်း ပတ်ဝန်းကျင်တွင် သူတို့ကို မွေးဖွါးလာကတည်းက ထိုပဋိပက္ခကို ရှောင်လွှဲ၍ မရနိုင်ခဲ့ပါဘူး။ အဲဒီအတွက် ပဋိပက္ခဟာ ကောင်းသလား ဆိုးသလားဆိုတဲ့ မေးခွန်းများကို ဖြစ်ပေါ်စေပါတယ်။

ပဋိပက္ခ-သဘောတရားအရ ပြောဆိုပြီးခဲ့တဲ့အတိုင်း လူသားဟာ သူ၏လူ့အဖွဲ့အစည်းအတွင်း တစ်စုံတစ်ခုသော စံနှုန်းကို ပုံဖော်သော လူမှုရေးသတ္တ၀ါ ဖြစ်ပါတယ်။ လူများဟာ သူတို့ရဲ့အလိုဆန္ဒများကို ကျေနပ်မှုရရှိရန်အတွက် ရုပ်ပိုင်း ဆိုင်ရာရင်းမြစ်များကို ရှာဖွေဖိုး ကြိုးစားပါတယ်။ တချိန်တည်းမှာပဲ သူတို့ရဲ့အလိုဆန္ဒသဘာဝကို ပြည့်ပြည့်၀၀ နားမလည်းသမျှကာလပတ်လုံး သူတို့ဟာ အကန့်အသတ်မရှိတဲ့ လိုအပ်ချက်များ ရှိလာပါတယ်။ အကျိုးဆက်အဖြစ် သူတို့ဟာ ပဋိပက္ခမှဖြစ်ပေါ်သော ဒုက္ခ၏ ထောင်ချောက်ထဲသို့ ကျရောက်သွားပါတော့တယ်။

နိုင်ငံရေးပညာရှင်အချို့ကမူ ပဋိပက္ခ၏ရင်းမြစ်များဟာ စိတ်ကူးယဉ်ဝါဒနှင့် စီးပွါးရေးပြဿနာများမှ အကြောင်းပြု၍ ဖြစ်ပေါ်လာတာမဟုတ် ယဉ်ကျေးမှုအခြေခံအုတ်မြစ်မှ ဖြစ်ပေါ်လာသည်ဟု သူတို့၏အမြင်ကို ပေးကြပါတယ်။ သူတို့ ကောက်ချက်ချတာကတော့ ထိုအရာဟာ လူမှုတိုးတက်မှု၏သဘောထားကွဲလွဲခြင်း ဖြစ်တယ်ဟု ဆိုပါတယ်။ အချို့နိုင်ငံရေးပညာရှင်များကလည်း အမျိုးသားရေးဝါဒ၊ မိမိယဉ်ကျေးမှုကို ဗဟိုပြုစံထားသောဝါဒနှင့် ဘာသာရေးများဟာ ပဋိပက္ခနှင့်အကြမ်းဖက်မှု၏ရင်းမြစ်ဖြစ်တယ် ဆိုတာကို အခိုင်အမာ ပြောဆိုကြပါတယ်။

ဒီနေရာမှာ ငြိမ်းချမ်းသောဘာသာတရားဆိုတဲ့ ဗုဒ္ဓဘာသာက ပဋိပက္ခဟာ လူသားများနှင့်လူ့အဖွဲ့အစည်းများရဲ့ သဘာဝဖြစ်စဉ်ဖြစ်တယ်ဆိုတာကို သဘောတူ မတူ ဆိုတဲ့အပိုင်းပါ။

မြတ်ဗုဒ္ဓက “ငါဟာ ဒုက္ခနှင့်ဒုက္ခ၏ကုန်ဆုံးခြင်းကိုသာလျင် ဟောကြား၏”ဟု မိန့်ဆိုထားပါတယ်။ သည်အဓိပ္ပါယ်အရ ပဋိပက္ခဟာ ဒုက္ခ၏ပုံစံတစ်ခုဖြစ်ပြီး လူသားတို့ဟာ ထိုအရာကို သင်ယူသင့်သည်၊ နားလည်သင့်သည်၊ ကိုင်တွယ်ဖြေရှင်းသင့်သည်ဆိုတာကို နားလည်နိုင်ရမည် ဖြစ်ပါတယ်။

(၂) ပဋိပက္ခဆိုတာ ဘာလဲ

ဆွေးနွေးမှုရဲ့သော့ချက်ဖြစ်တဲ့ ပဋိပက္ခဆိုတဲ့ စကားလုံးကို ဖွင့်ဆိုခြင်းဖြင့် စတင်ကြည့်မယ်ဆိုလျင် တိုက်ခိုက်ခြင်း၊ စစ်ပွဲ၊ သဟဇာတမဖြစ်ခြင်း၊ အတိုက်အခံပြုခြင်းတို့ ဖြစ်ပါတယ်။ အကျိုးဆက်အားဖြင့် တိုက်ခိုက်ရန်၊ ငြင်းခုံရန်၊ နောက်ဆုံး အချင်းချင်း သတ်ဖြတ်ဖို့အတွက်တောင် တကယ်ခြားနားထားတဲ့ ယုံကြည်ချက်၊ အခြေအနေ၊ လိုအပ်ချက်၊ အကျိုးစီးပွါးများရှိနေတဲ့ အုပ်စု၊ လူ နှစ်ဦးတို့အတွက် ပဋိပက္ခကို အသုံးပြုပါတယ်။

အချို့နေရာမှာတော့ ပဋိပက္ခကို မနာခံမှု၊ အကြမ်းဖက်မှုနှင့် ဇွတ်အတင်းလုပ်မှု-ဟု ဆိုနိုင်သည့် ခုခံတော်လှန်ခြင်းကို ဆိုလိုပြီး ငြင်းခုံခြင်း၊ ဆန့်ကျင်ခြင်းဖြစ်တဲ့ ကန့်ကွက်ချက်များကိုလည်း ဆိုလိုပါတယ်။ အချို့ကလည်း ပဋိပက္ခ-ကို လူသားရဲ့အပြုအမူနှင့်ဆက်စပ်သည်ဟု ပြောဆိုပါတယ်။ ပဋိပက္ခဟာ သူတို့ရဲ့ အကျိုးစီးပွါးကို ဆန့်ကျင်၍ အလုပ်လုပ်နေတဲ့ အခြားသောအုပ်စုများရှိတယ်ဆိုတာကို သူတို့ဟာ သက်ဆိုင်နေ နားလည်နေသောကြောင့် ဖြစ်ပါတယ်။ သို့ဖြစ်၍ ပဋိပက္ခဟာ အခြေအနေ၊ အပြုအမူနှင့်အတူတကွ သွားပါတယ်။ ဒါ့ကြောင့် သူတို့ဟာ အကြောင်းအကျိုးဆက်သွယ်မှုမှာ တည်ရှိတယ်ဆိုတာကို အကြံပြုကြပါတယ်။

ဗုဒ္ဓဒေသနာတော်များတွင် ပဋိပက္ခအတွက် အသုံးပြုတဲ့ဝေါဟာရများမှာ ၀ိဝါဒ၊ ကလဟ၊ ၀ိရောဓ၊ ၀ိရုဒ္ဓ၊ ပဋိက္ခိပ၊ ၀ိပရီတ စသည်တို့ဖြစ်ပါတယ်။ လူများ၊ အုပ်စုများဟာ တန်ဖို့း၊ အချက်အလက်၊ စိတ်ဝင်စားမှု၊ ဖွဲ့စည်းတည်ဆောက်ပုံအမြင်များနှင့် ပတ်သက်၍ သဘောထားကွဲနိုင်ပါတယ်။ ဒီပြဿနာများကို မဖြေရှင်းနိုင်တဲ့အခါ၊ အကောင်းဆုံးဖြေရှင်းချက်ကို မရှာဖွေနိုင်တဲ့အခါ ပဋိပက္ခဟာ ဖြစ်ပေါ်လာပါတယ်။ တနည်းအားဖြင့် ပဋိပက္ခဟာ အခြားသောသူများ၏ အမြင်များ၊ ရုပ်ပိုင်းဆိုင်ရာရင်းမြစ်များနှင့် ဆန့်ကျင်၍ တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင် စိတ်ဝင်စားမှုကို ကာကွယ်ရန်ကြိုးစားခြင်းမှ ပထမဆုံးအနေဖြင့် ပုံမှန်ဖြစ်ပေါ်လာပါတယ်။ အဲဒီကာကွယ်မှုကို အမှန်တကယ် အောင်မြင်အောင် မပြုလုပ်နိုင်တဲ့နေရာများမှာ အချို့လူများ၊ အုပ်စုများဟာ တစ်ဦးကိုတစ်ဦး သဟဇာတမဖြစ်ခြင်း၊ တိုက်ခိုက်ခြင်း၊ ထိခိုက်ခြင်းများ ဖြစ်ပေါ်စေမှာပါ။

အကျဉ်းချုပ်ရလျင် အောက်ပါအတိုင်း ပဋိပက္ခကို ရှင်းလင်းပြနိုင်ပါတယ်။
(၁) အပြုသဘောဆောင်သည့် အတွေးအခေါ်တွင် ပဋိပက္ခဟာ တွေးခေါ်ခြင်းကို ဖန်တီးရန် ဦးတည်သောအရာဖြစ်ပြီး ယေဘုယျအားဖြင့် အသင်းဝင်းများ၊ လူ့အဖွဲ့အစည်းများရဲ့တိုးတက်မှုကို ဦးတည်ပါတယ်။
(၂) သူ့ရဲ့ဆန့်ကျင်ဘက်အဓိပ္ပါယ်တွင် ပဋိပက္ခဟာ အသင်းအဖွဲ့အစည်းများက စီမံအုပ်ချုပ်နိုင်မှု မရှိသောအရာဖြစ်ပြီး အဲဒီနောက် အကြမ်းဖက်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်းများဟာ အကျိုးဆက်အနေနဲ့ အတူတကွ ပါလာပါလိမ့်မယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP