* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 20, 2010

*ပါရမီဖြည့်သူ၌ ရှိထိုက်သောတရား*

Written by တောသားလေး 1 အကြံပြုပါသည်။ Posted in:

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ကိုယ်တစ်ယောက်တည်းအတွက်မဟုတ်ပဲ အများအတွက် ကိုယ်ကျိုး မငဲ့ဘဲ ပါရမီဖြည့်သူ၌ ရှိထိုက်သောတရားတို့ကို အောက်ပါအတိုင်းဟောကြားတော်မူခဲ့ပါသည်။
၁။ သတ္တ၀ါတို့အပေါ်၌သနားမှု- ဂရုဏာ
၂။ အကျိုးလိုလားမှု- မေတ္တာ
၃။ ကယ်တင်နိုင်သူဖြစ်လိုသော- ဆန္ဒ
၎။ ကြံစည်စဉ်းစားမှု- ဥာဏ်ပညာ
၅။ ကြိုးစားမှု- ၀ီရိယ
၆။ မိမိဆိုင်ရာ ကိစ္စအရပ်ရပ်၌ မလစ်လပ်မှု- သတိ
၇။ စိတ်မပြောင်းမှု- သမာဓိ
၈။ ဤသို့ကြိုးစားလျှင် ရည်ရွယ်ချက်ထမြောက်အောင်မြင်နိုင်သည်ဟု ယုံကြည်မှု- သဒ္ဓါ
၉။ မိမိစိတ်ကိုလှုံ့ဆော်ပေးသော- စေတနာ။
ဤတရားများသည် ပါရမီဖြည့်ခြင်း၊ ပြည့်လည်းပြည့်ခြင်း၏ အကြောင်းရင်းဖြစ်ကြပါသည်။

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး

အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP