* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 30, 2010

ကျနော်နဲ့ အဇ္ဈတ္တလူမျိုးများ

ကျနော့်ဇာတိရုပ် ကျနော်ပေါ်လွင်ချင်တယ်
ကျနော် မြန်မာပါ
ဘယ်တော့မှ အပြောင်းအလွဲမရှိဘူး
ကျနော် နိုင်ငံကူးတာထက် လူမျိုးမကူးဘူး။

ကျနော်ချစ်တာ ကျနော့်နိုင်ငံပဲ
ကျနော် ဗမာလူမျိုး
တရုပ်လည်းမဖြစ်ဘူး
ကုလားလည်းမဖြစ်ဘူး
ထိုင်းလူမျိုးမဖြစ်ဘူး
ကျနော်ကျေနပ်ထားတာ ကျနော်ပြောတာ
စစ်စစ်လို့ ခံယူထားတဲ့ကျနော်
အခြားနာမည် ကျနော် မပြောင်းလဲဘူး။

သူတို့စကားမှ မတတ်တဲ့ ကျနော်
ရှမ်းဖြစ်လို့မရဘူး
ချင်းဖြစ်လို့မရဘူး
မွန်ဖြစ်လို့မရဘူး
စသည် စသည် ကျနော်ဖြစ်ခွင့်မရှိဘူး
ဖြစ်နေတဲ့ဘဝမှာ စစ်စစ်ဖြစ်ဖို့ကိုပဲ
ကျနော့်ကို ကျနော်ကြိုးစားရင်း
ကျနော့်ကို ကျနော်ဂုဏ်ယူတယ်။

လူမျိုးပြောင်းချင်လည်း ပြောင်းကြ
ကျနော် ဗွေမယူဘူး
ကိုယ့်သိက္ခာ ကိုယ့်လူမျိုးနဲ့ ကိုယ်ကိုး။

ဒါပါပဲ
ကျနော်ကတော့ စစ်စစ်ပဲ
ကျနော် ဗမာ(သို့) မြန်မာပါ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP