* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 30, 2010

စစ်တပ်တရားတော်

(စစ်သားမေး၍ ဆရာတော်ဖြေကြားသည့် ဗလိနတ်စာအကြောင်း ပါဝင်သည်။)

တရားအခြေခံ

ယခုဟောပြမည့်တရားက "စစ်တပ်နှင့် သာသနာသည် နိုင်ငံတော်၏ အားထားရာဖြစ်ကြောင်း" ဟူသော ခေါင်းစဉ်ကို အခြေတည်ထားတဲ့ တရားဖြစ်တယ်။ အဲဒီတရားထဲမှာ အခန်း (၃) ခန်းပိုင်းခြားလိုတယ်။

ပထမအခန်းက

"ရှေးသူတော်ကောင်းများနှင့်စစ်တပ်",

ဒုတိယအခန်းက

"စစ်တပ်နှင့် သာသနာကို လေးစားကြပုံ",

တတိယအခန်းကတော့

"စစ်သားများ၏ ကိုယ်ကျင့်တရား"
အဲဒီလို (၃) ခန်း ပိုင်းခြားပြီး ဟောပြမယ်။

ယခု မြန်မာနိုင်ငံမှာရှိတဲ့သာသနာတော်ဟာ ထိုမဟိန္ဒမထေရ်မှ ဆက်သွယ်လာတဲ့ သာသနာတော်ဘဲ၊ အကယ်၍ ဓမ္မာသောကမင်းမှာ ဘုန်းတန်ခိုးနဲ့ စစ်တပ်အင်အား နည်းပါးခဲ့ပါမူ ယခုအခါ မြန်မာနိုင်ငံ၌ သာသနာ ရှိကောင်းမှရှိမယ်၊ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့လက်ရှိသာသနာတော်ဟာ ဟို…ဓမ္မာသောကမင်းရဲ့ စစ်တပ်နှင့် အဆက်အသွယ်မကင်းဘူးဆိုလျှင် မှားမယ်မထင်ဘူး၊ ဒါ့ကြောင့် အားလုံးသော စစ်ဗိုလ်စစ်သားတွေမှာ သာသနာတော်ကို စောင့်ရှောက်လိုတဲ့စိတ်လည်း အမြဲရှိစေလိုတယ်။

[တရားတော်မှ ကောက်နှုတ်ချက်]



Download- ပြုလုပ်ရန်...

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP