* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 16, 2010

ပြဇာတ်မင်းသာလို တရားဟောသင့်ပါသလား

အမေး။ ။အရှင်ဘုရား…..MRTV,FOREDU တို့မှာ အချို့ဘုန်းကြီးများ တရားဟောတာနဲ့ပတ်သက်ပြီး တပည့်တော်ဝေဖန်မိပါတယ်ဘုရား။ အချို့ဘုန်းကြီးများဟာ ပြဇာတ်မင်းသားလို အသံရှည်ရှည် ဆွဲငင်ဟောတာတွေ့ရပါတယ်။ တပည့်တော် နားထောင်ရတာလဲ သီချင်းဆိုသလိုပါပဲ ဘုရား။ တပည့်တော်သိချင်တာက တရားဟောတဲ့အခါ အသံနေအသံထားနဲ့ ဆွဲငင်ဟောကြားတာဟာ ၀ိနည်း တော်နဲ့ညီညွတ်မှုရှိပါသလားဘုရား။
အေးသီတာဝင်း
MCC မြိတ်

အဖြေ။ ။ တရားဟောတဲ့နေရာမှာ အသံရှည်ဖြင့် ဆွဲငင်ပြီး တရားမဟောကောင်းပါ။ ဘာကြောင့်လဲဆိုရင်..အသံရှည်ဆွဲငင်ဟောကြားတဲ့ အတွက် ဘုရားရှင်ရဲ့အလိုတော်နဲ့ဆန့်ကျင်နေတဲ့အပြင် အပြစ်ငါးပါး ဖြစ်လို့ပါပဲ။ အပြစ်ငါးပါးက…
(၁) မိမိအသံ၌ မိမိသာယာခြင်း။
(၂) တရားနာသူတို့က တရားကိုမမက်၊အသံကိုသာတပ်မက်ကြခြင်း။
(၃)ပညာရှိသူတို့က ကဲ့ရဲ့အပြစ်တင်မှုကို ခံရခြင်း။
(၄) အသံကောင်းအောင်လုံ့လပြုရသဖြင့် သမာဓိပျက်ရခြင်း။
(၅) နောက်နောက်ပုဂ္ဂိုလ်တို့ အတုလိုက်၍ ဟောကြားမှုတို့ကြောင့် သာသနာပျက်ကွယ်ရခြင်း တို့ဖြစ်ကြပါတယ်။
(အဂုင်္တ္တိုရ်ပါဠိတော်၊ နှာ၊၂၁၉၊ ဋ္ဌ ၊ ၇၈)
ပြီးတော့ တရားကို အသံလုပ်ပြီးဟောတဲ့နေရာမှာ အသံကိုပဲချီးမွန်းခံရတယ်။ တရားကတော့ပျောက်သွားတယ်။ တရားဖက်မလည်တော့ ဘဲ ၊ တဏှာဖက်ကို လည်သွားတယ်။ ဒါနဲ့စပ်လို့ ဘုရားရှင်လက်ထက်တော်အခါက ဆဗ္ဗဂ္ဂီ လို့ခေါ်တဲ့ စောင့်စည်းမှုမရှိကြတဲ့ ရဟန်းတစ်စု ရှိကြတယ်။ ထိုရဟန်းတစ်စုဟာ တရားဟောတဲ့အခါ အသံလုပ်ပြီးဟောကြတယ်။ ဒါကို တွေးတတ်တဲ့လူများက “ဒီရဟန်းတွေဟာ တရားတော်ကို သီချင်းဆိုသလို ဆိုကြတယ်” လို့ ကဲ့ရဲ့ကြပါတယ်။ ဒီကဲ့ရဲ့တဲ့သတင်းဟာ နောက်ဆုံး ဘုရားရှင်ထံရောက်သွားတယ်။ ထိုအခါ ဘုရားရှင်က “ရဟန်းတို့…အသံရှည်ဆွဲပြီး သီချင်းသံဖြင့် တရားတော်ကို သီဆိုမဟောအပ်၊ တကယ်လို့ ဟောပါက ထိုရဟန်းအား ဒုက္ကဋ် အာပတ်သင့်စေ” လို့ သိက္ခာပုဒ်ပညတ်တော်မူခဲ့ပါတယ်။ ဒါကြောင့် တရားတော်ကို သီချင်းဆိုသလို အသံလုပ်ဟောနေကြတဲ့ရဟန်းတော်များဟာ ဘုရားစကားတော်ကို ဆန့်ကျင်တဲ့အတွက် အပြစ်ဖြစ်ပါတယ်၊ မဟောကောင်းဘူးဆိုတာဖြေကြားပေးလိုက်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP