* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 16, 2010

ဒေါ်ရီမွေးနေ့အလှူ (၁၃-၉-၂၀၁၀)

သာသနာသက္ကရာဇ် ၂၅၅၄ ခု၊ တော်သလင်းလဆန်း (၅)ရက် တနင်္လာနေ့ ၁၃.၉.၂၀၁၀ ရက်

ဒေါ်ရီမွေးနေ့အလှူ

အရုဏ် - မုန့်ဟင်းခါးဆွမ်း
နေ့ဆွမ်းလောင်း
-ဆွမ်း၊ ၀က်သား+ကျောက်ဖရုံသီးဟင်း၊ ပဲ၊ သရက်ချဉ်သုတ်၊ ပုစွန်ခြောက်+ငရုတ်သီးကြော်


















အလှူရှင်ကတော့ ဒေါ်ရီ (မွေးနေ့အလှူ) ဖြစ်ပါတယ်။
ရာသီဥတုကမိုးအုံ့လိုက်ရွာလိုက်ဖြစ်နေပါတယ်။
ရာသီဥတုအခြေအနေကြောင့် သီလရှင်အပါး၁၀၀ မကြွရောက်နိုင်ခဲ့ပါ။ ထို့ကြောင့်သီလရှင်
အပါး၁၀၀ အား ၂၀.၉.၂၀၁၀ ရက်နေ့တနင်္လာနေ့အလှူ တွင် လှူဒါန်းပေးမည်ဖြစ်ပါသည်။

အလှူရှင်မငုဇာခိုင် လှူဒါန်းခဲ့သော တမံသလင်းခင်းခြင်း အလှူကြောင့်
ဆွမ်းခံကြွကြသောသံဃာတော်များ
အဆင်ပြေခဲ့ပါတယ်။ ဆွမ်းလောင်းရာမှာလည်းအဆင်ပြေခဲ့ပါတယ်။
အရင်က မိုးရွာလျှင် ရွံ့ဗွက်များထနေသော
နေရာတွင်ယခု တမံသလင်းခင်းခဲ့ခြင်းအတွက် အလွန်အဆင်ပြေပါတယ်။


၁၂.၉.၂၀၁၀ ရက်နေ့ နံနက်ပိုင်းတွင် လပြည့်ဝန်းလမ်းတွင် ကိုရင်တစ်ပါး ဓါတ်တိုင်မှ
လျော့နေသောမီးကြိုးမှ ဓါတ်လိုက်ခဲ့ပါတယ်။

အချိန်မီ ပတ်ဝန်းကျင်မှသိရှိခဲ့ခြင်းကြောင့်ကျန်းမာရေးဆိုးဆိုးဝါးဝါးထိခိုက်မှုမရှိခဲ့ပါ။ညနေပိုင်းတွင်ဇိနောဒယပရိယတ္တိစာသင်တိုက်ဆရာတော်မှသြ၀ါဒချီးမြင့်ခဲ့ပါတယ်။အဆိုပါနံနက်ခင်းကဖြစ်ပွားခဲ့သောအဖြစ်အပျက်အားဆရာတော်မှမိန့်ကြားခဲ့ပါတယ်။ဒီအတိုင်ဆက်ထားပါကလမ်းသွားလမ်းလာရဟန်း၊ရှင်၊သီလရှင်၊လူများအတွက်တွင်အန္တရာယ်အလွန်ကြီးကြောင်းမိန့်ကြားခဲ့ပါတယ်။လပြည့်ဝန်းလမ်းတွင်ဓါတ်တိုင်
(၇)တိုင်ရှိရာအဆိုပါဓါတိုင်များမှာ အသားတိုင်များဖြစ်၍ ရာသီဥတု
ဒါဏ်ကြောင့် ပျက်စီးပြိုလဲနေပါသည်။
အဆိုပါဓါတ်တိုင်များအတွက်လျှက်စစ်ဌာနမှတာဝန်ရှိသူများနှင့်တိုင်ပင်ဆွေးနွေးကြည့်ရာ
ကွန်ကရစ်ဓါတ်တိုင်များလယ်လှယ်ပေးပါကအဆင်ပြေမည်ဖြစ်ကြောင်းကွန်ကရစ်ဓါတ်တိုင်+မီးကြိုးတင်ရန်သံတန်းများ၊
ကြွေသီးများနှင့်တပ်ဆပ်ပြုပြင်ခင်း ၀န်ဆောင်ခ ကုန်ကျစားရိတ်စုစုပေါင်း
တစ်တိုင်လျှင် တစ်သိန်းငါးသောင်းကျပ်ခန့်ကုန်ကျမည် ဟုသိရပါသည်။အဆိုပါ
ဓါတ်တိုင် (၇)တိုင်လဲလှယ်ရန်အတွက် အလှူရှင်များဖိတ်ခေါ်အပ်ပါသည်။

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP