* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, August 9, 2010

နှိုးစက်

ဗရမ်းဗတာထွက် ကျည်ဆံ
သွေးပျက် ငိုညည်းသံ
ပဲ့တင် အထပ်ထပ်နဲ့
ခရီးဆက်
နေ့စွဲတွေ တပတ်လည်ပြန်တယ်…။

သမိုင်းကိုယ်စီ အတွက်
ကြိုးဝိုင်းအပေါ် တက်ခဲ့တယ်
ကျည်ဆံသုံး အရှိန်သတ်ရုံနဲ့
ကိစ္စ ပြတ်သွားရောတဲ့လား...။

လက်ဖြောင့် သမားတွေ
ပစ်မှတ်မရောက်ဘူးဆိုတာ
ဒီလောက်ခရီးကြာ
သဘောပေါက်ဖို့ ကောင်းသား...။

သေသွားတာ ရှုံးပေးရာရောက်လား
ငါတော့ မယူဆဘူး
ငါ့ဆန္ဒတွေ
လမ်တွေပေါ်ပုံထားခဲ့တယ်
မိုးမရွာမချင်း ဆက်ရှိနေမယ်…။

ပစ္စုပ္ပန်နဲ့ အနာဂါတ်ကို
တံတားထိုးဖို့
အတိတ်ဟာ ကုန်ကြမ်းဖြစ်တယ်
ငါတို့ခြေလှမ်းတွေ
ကျွံမသွားဖို့
နှိုးစက်လေးရေ…
တည့်မတ် ပေးလှည့်…။

ကိုပိန်
(၀၈.၀၈.၂၀၁၀)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP