* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, August 9, 2010

နယူးဒေလီဆေးရုံမှ အတွင်းလူနာ ရဟန်းတော်၏ နောက်ဆက်တွဲ သတင်း


နယူးဒေလီဆေးရုံရှိ ဂိလာန လူနာရဟန်းတော်သည် သွေးချိုများ တက်နေဆဲ ဖြစ်သောကြောင့် အရေးပေါ်ခန်းထဲမှ ထွက်ခွင့်မရသေးပါကြောင်း သတင်းရရှိပါသည်။

ယနေ့ထိ (၀၇-၀၈-၂၀၁၀) စုစုပေါင်းကုန်ကျငွေမှာ ရူပီးငွေ 122,000 (တစ်သိန်းနှစ်သောင်းနှစ်ထောင်) ဖြစ်ကာ စာသင်သားရဟန်းတော်အား အိန္ဒိယနိုင်ငံပညာသင် မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့မှ စိုက်ထုတ် ကုန်ကျငွေမှာ ရူပီး ၃၀၀၀၀ (သုံးသောင်း) ဖြစ်ပါသောကြောင့် အလှူငွေများ ထပ်မံလိုအပ်လျှက်ရှိပါကြောင်း သတင်းရရှိထားပါသည်။

သို့ပါသောကြောင့် စေတနာသုံးတန်ပြဋ္ဌာန်း၍ ရဟန်းတော်အား ပါဝင်လှူဒါန်းကူညီလိုပါက အောက်ပါဖုန်းနံပါတ်များနှင့် အီးမေလိပ်စာများသို့ ဆက်သွယ်လှူဒါန်းကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

လေးစားစွာဖြင့်
ဝိမုတ္တိရသအဖွဲ့သားများ


ဆက်သွယ်လှူဒါန်းရန်...
ဥက္ကဋ္ဌဆရာတော်= ၀၀-၉၁-၉၉၃၄၂၆၆၂၉၈
pannasami2005@gmail.com
အထွေထွေအတွင်းရေးမှူး=၀၀-၉၁-၉၆၂၁၆၆၁၆၅၆
vicitta.modern@gmail.com

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP