* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, August 9, 2010

တရားပွဲ ကြေငြာ




အရှင်တေဇောဘာသ ( မြင်းခြံ )

ဗောဓိပက္ခိယ တရား ( ၃၇ ) ပါးမှ ဗိုလ်ငါးပါးကို ၅ လ ဟောကြားပြီးသွားပါပြီ။

ဆက်လက်ပြီး သမ္မပ္ပဓာန်လေးပါး ကို တစ်လ တစ်ကြိမ်
ဟောကြားသွားပါမည်။

ယနေ့ 

( ၀၉၊ ၀၈၊၂၀၁၀) နေ့  - နံပါတ် ၄ သမ္မပ္ပဓာန်

သမ္မပ္ပဓာန် လေးပါးမှာ-
၁။ အကုသိုလ်ကို ပယ်ခြင်း( ပဟာန )
၂။အသစ်မဖြစ်စေခြင်း( သံဝရ )
၃။ကုသိုလ်ကို ဖြစ်စေခြင်း(အာရက္ခ၊ ဥပ္ပန္န)
၎။ကုသိုလ် တိုးအောင် အားထုတ်ခြင်း( ဘာဝနာ)

၁၊၂၊၃၊ ၄ အစဉ်မှာ အဘိဓမ္မာ လာအတိုင်းဖြစ်ပါသည်။

ကြိုးစားနည်း လေးမျိုးကို ၀ီရိယ နှင့်ဆိုင်ရာ
ဒေသနာတော်များမှ ထုတ်နှုတ်ကာ ဟောကြားသွားပါမည်။


တရားပွဲ ကျင်းပရာ။ ။မြူးနစ်မြို့ ၊ D B U. တက္ကသိုလ်မှတ်တိုင်
U 3/ U 6 Universität
အချိန်။ ။ည ၁၉:၀၀ မှ ၂၁:၀၀ နာရီထိ




Thema: Bodhipakkhiyā dhammā - Die 37 zur
Erleuchtung gehörenden Dinge


Zeit: jeweils 19:00-21:00 Uhr

Dhamma-Talk der Bodhi Vihara Sangha:
Ehrwürdiger Tejobhasa aus Burma
in englischer Sprache mit deutscher Übersetzung
auf Einladung der Buddhistischen Gesellschaft München
.
Ort: München, Amalienstraße 71, Meditationsraum der DBU;
erreichbar zu Fuß von der U-Bahnhaltestelle
Universität U3/U6


မြူးနစ်မြို့ ဝန်းကျင်မှာ နေထိုင်ကြကုန်သော တရားနာယူလိုကြကုန်သော
ရွှေဓမ္မမိတ်ဆွေတို့ အား အသိပေး ဖိတ်ကြားအပ်ပါသည်။

မှတ်ချက်။ ။တရားပွဲကို အင်္ဂလိပ်ဘာသာဖြင့်ဟောကြားမည်။
ဂျာမန်ဘာသာပြန်တစ်ယောက် အင်္ဂလိပ်မှ ဂျာမန်ဘာသာသို့ 
ဘာသာပြန်ပေးပါမည်။

(အကြိုတစ်ရက်နေ့ တိုင်း သတိပေးခြင်းဖြစ်ပါတယ်။)


မေတ္တာ၊မုဒိတာဖြင့်
မြတ်ရောင်နီ
(၀၉၊ ၀၈၊၂၀၁၀).

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP