“ဇူလိုင်မှတ်တမ်း”
မချောက်သေးဘူး
သွေးတွေစွန်းတုန်း
မျက်ရည်တွေ ဥလို့ပါလား
ဘာကြောင့် ဟန်ဆောင်နေရတာလဲ
အသိမှတ်ပြုတယ်ဆိုရင်…
ငိုချစမ်း…
ကြေကြေကွဲကွဲ ငိုကြွေးပြစမ်း ၊
ကောင်းကင်တ၀န်းလုံးအပြည့်ပါလား
အုံးဆိုင်းဆိုင်းနဲ့
မိုးတိမ်ရယ်
ဘာကြောင့် ခိုစီးနေရတာလဲ
အသိမှတ်ပြုတယ်ဆိုရင်…
ထစ်ချုန်းလို့ သွန်းဖြိုးစမ်း…
စိတ်ရှိလက်ရှိ ပြိုကျစမ်း…၊
သံစဉ်တွေရှိပြီးသား
ဂန္ထ၀င်မြောက်တေးသွားတပုဒ်ပဲလေ
သမိုင်းဝင်စာသားတွေ
ဘာကြောင့် ဆွံ့အ နေရတာလဲ
အသိမှတ်ပြုတယ်ဆိုရင်
သီကျူးလိုက်စမ်
ကြေကြေကွဲကွဲ ဟစ်ကြွေးလိုက်စမ်း…၊
ဒီမျက်ရည်…
ဒီမိုး…
ဒီတေး…
ဒီဇူလိုင်မှာ ဟာမိုနီမဖြစ်ရင်
လိပ်ပြာတွေ ခိုနားရာမဲ့တော့မယ်…။
ကိုပိန်
(၁၈.၀၇.၂၀၁၀)
သွေးတွေစွန်းတုန်း
မျက်ရည်တွေ ဥလို့ပါလား
ဘာကြောင့် ဟန်ဆောင်နေရတာလဲ
အသိမှတ်ပြုတယ်ဆိုရင်…
ငိုချစမ်း…
ကြေကြေကွဲကွဲ ငိုကြွေးပြစမ်း ၊
ကောင်းကင်တ၀န်းလုံးအပြည့်ပါလား
အုံးဆိုင်းဆိုင်းနဲ့
မိုးတိမ်ရယ်
ဘာကြောင့် ခိုစီးနေရတာလဲ
အသိမှတ်ပြုတယ်ဆိုရင်…
ထစ်ချုန်းလို့ သွန်းဖြိုးစမ်း…
စိတ်ရှိလက်ရှိ ပြိုကျစမ်း…၊
သံစဉ်တွေရှိပြီးသား
ဂန္ထ၀င်မြောက်တေးသွားတပုဒ်ပဲလေ
သမိုင်းဝင်စာသားတွေ
ဘာကြောင့် ဆွံ့အ နေရတာလဲ
အသိမှတ်ပြုတယ်ဆိုရင်
သီကျူးလိုက်စမ်
ကြေကြေကွဲကွဲ ဟစ်ကြွေးလိုက်စမ်း…၊
ဒီမျက်ရည်…
ဒီမိုး…
ဒီတေး…
ဒီဇူလိုင်မှာ ဟာမိုနီမဖြစ်ရင်
လိပ်ပြာတွေ ခိုနားရာမဲ့တော့မယ်…။
ကိုပိန်
(၁၈.၀၇.၂၀၁၀)

0 comments:
Post a Comment