* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, July 19, 2010

“၁၉ ဂျူလိုင် ”

ကြမ္မာလေနီကြမ်း တစ်ချက်အဝှေ့မှာ
မြန်မာ ပြည်သစ်မွေးဖွားခန်းလေး
တစ်ခန်းရက်ခဲ့
ပြဇာတ်လေးက ကြည့်မကောင်းခဲ့ဘူး
မျက်ရည်မိုးနဲ့ ငိုကြွေးသံတွေသာ
ဝိညာဉ်ခေါ်သံအဖြစ် ကြွင်းကျန်ရစ်

သွေးအလူးလူးနဲ့ ကျဆုံးခဲ့ရတဲ့
ပြည်ချစ်အာဇာနည်များ

မြန်မာပြည်ရဲ့ တရားကို
သူတို့
အပြီးတိုင် မစီရင်နိုင်ခဲ့

ဒီလိုနဲ့
ငါတို့ရဲ့ လှပတော့မဲ့အနာဂတ်များလဲ
ဂျူလိုင်မိုးရေစက်တွေရဲ့အောက်မှာ
ကျပျောက်မှေးမှိန်ခဲ့တာ
ဒီနေ့ပါနဲ့ဆို
၆၃ နှစ်တိုင်ခဲ့ပေါ့

၁၉ ဂျူလိုင်တဲ့မမေ့နိုင်တဲ့
မချိတင်ကဲနဲ့
တနုံ့နုံ့ သတိရနေစေတာပါ
ဘယ်လိုမေ့နိုင်မှာလဲ
လှော်နေရင်း တက်ကျိုးရုံမဟုတ်
လှေဦးစီးတွေပါ လှိုင်းပုတ်ခံရတော့
လှေငယ်လေးလဲ
ကမ်းနဲ့ ဝေးသထက်ဝေးခဲ့ရပေါ့

အော် ၁၉ ဂျူလိုင်
ကာလသုံးပါးလုံးမှာ
မင်းဟာ မေ့ပစ်စရာမဟုတ်ဘူး
မြန်မာတစ်ဦးဖြစ်တဲ့ငါ
အသက်ထက်ဆုံး
လွမ်းတသတသဖြစ်နေမှာပါ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP