* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, July 19, 2010

တစ်ယောက်သူလည်း ကောင်းပါစေ


တစ်စုံတစ်ယောက် ၊ ဒုက္ခရောက်၍
ပံ့ထောက်ဖေးကူ ၊ ပြုတတ်သူအား
လူလည်းနှစ်လို ၊ နတ်ကြည်ညို၏ ။

အပိုမကြွား ၊ ဟုတ်သောအားဖြင့်
သနားငဲ့ညှာ ၊ ပြုသင့်ရာကို
ပြုလိုကာမျှ ၊ မြတ်ပုညတည်း
ကိုယ်ကနှိုင်းစာ ၊ သူ့ခမျာဟု
နိုင်ရာကကူ ၊ ၀ိုင်းဝန်းထူသော်
သူလည်းတစ်ယောက် ၊ ကောင်းကျိုးရောက်လိမ့် ။

သူတည်းတစ်ယောက် ၊ ကောင်းကျိုးရောက်မူ
တစ်ယောက်သူမှာ ၊ ပျက်တတ်စွာဟု
အခါခပ်သိမ်း ၊ ဉာဏ်မတိမ်းနှင့်
မစိမ်းမကား ၊ ကိုယ့်စွမ်းအားဖြင့်
တတ်အားသမျှ ၊ ဖေးကူမ၍
ဒုက္ခလွတ်ကြောင်း ၊ ကူစကောင်းသည်
သူဟောင်းမြတ်တို့ လမ်းစဉ်တည်း ။

( တစ်ယောက်တစ်ယောက်၊ ဖေးကူထောက်၊ ၀မ်းမြောက်ချမ်းသာရှိပါစေခလို )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP