* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, July 19, 2010

*စစ်မှန်သောဥပါသကာ*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:

မြတ်စွာဘုရားရှင်က မိမိ၏ဘာသာတရားတော်ကို သက်ဝင်ယုံကြည်သော ဥပါသကာ အစစ်ဖြစ်ရေးအတွက် ဥပဒေသ(၅)ချက်ကို စံပြုသတ်မှတ်ထားပါသည်။
(၁) ယုံကြည်မူ သဒ္ဓါတရားရှိရမည်။


(၂) စောင့်ထိန်းမူ သီလရှိရမည်။


(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ။


(၄) ကံကိုသာ ယုံကြည်သူဖြစ်ရမည်။


(၅) သာသနာတော် ပြင်ပကိုးကွယ်မှုကိုမရှာမှီးရ ဟူ၍ဖြစ်ပါသည်။
အဓိပ္ပာယ်ကတော့-
(၁) ယုံကြည်မှု သဒ္ဓါတရားဆိုသည်မှာ ဗုဒ္ဓ၊ဓမ္မ၊သံဃတို့၌ အပြည့်အ၀ယုံကြည်သူကို ဆိုလိုပါသည်။
(၂) စောင့်ထိန်းမှုသီလဆိုသည်မှာ ဗုဒ္ဓဘာသာက သတ်မှတ်ထားသော ကိုယ်ကျင့်သီလကိုစောင့်ထိန်းသူဖြစ် ရပါမည်။
(၃)ကောတုဟလမင်္ဂလာဆိုသည်မှာ ရက်ရာဇာ၊ပြဿဒါး၊နေကြတ်၊လကြတ် စသောစိတ်ကူးယဉ်အတွေးတို့ ၌ယုံကြည်နေမှုကိုဆိုလိုပါသည်။
(၄) ကံကိုသာယုံကြည်ခြင်းဆိုသည်မှာ ဒသ၀တ္ထုက ကမ္မဿကတာသမ္မာဒိဋ္ဌိအမြင်နှင့် ပြည့်စုံရမည်။ မိမိ၏ကံနှင့်ကံ၏ အကျိုးဆက်ကိုသာ ယုံကြည်ရမည်။အခြားယုံကြည်မှုများကို မယုံကြည်ရဟုဆိုလိုသည်။
(၅) သာသနာတော်မှအပဖြစ်သော ကိုးကွယ်မှုများ၊ သာသနာပြင်ပမှ အလှူခံပုဂ္ဂိုလ်တို့ကို ရှာမှီး၍မဆည်း ကပ်ရပါ။ နတ်၊သိကြား၊ဗြဟ္မာ၊ဂြိုဟ်နတ်၊ထွက်ရပ်ပေါက်၊ဘိုးတော်၊မယ်တော်၊၀ိဇ္ဇာ စသောသာသနာ့ပြင်ပမှ ကိုးကွယ်မှုများကို ရှောင်ရှားရမည်ဟုဆိုလိုပါသည်။ ရေစကြိုအရှင်ဧသိက၏ထေရ၀ါဒဗုဒ္ဓဘာသာ(ပြိုင်ပွဲပထမဆုရ)စာအုပ်မှပြန်လည်ကောက်နုက်ဖော်ပြလိုက် ခြင်းဖြစ်ပါသည်။
အားလုံးသောဓမ္မမိတ်ဆွေများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP