* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 7, 2010

သဘာဝ က သဘော တွေ့ စရာ




ဖခမည်းတော် သုဒ္ဓေါဓနမင်းကြီးက မြတ်စွာဘုရားအား လျှောက်ထားခဲ့ပုံမှာ -

တပည့်တော် အရှင်ဘုရားဆီက အခွင့်ရေး တစ်ခု တောင်းဆိုချင်ပါတယ်။
အဲဒါက အရှင်ဘုရား အတွက်လည်း သင့်လျော်တဲ့ဟာပါ။ အပြစ်မရှိတဲ့ ကိစ္စပါ။

အရှင်ဘုရား ရဟန်းပြု တောထွက် သွားချိန်တုံးက
တပည့်တော် ရင်ထဲမှာ အနပ္ပကမ်း ဒုက္ခတွေ ခံစားခဲ့ရတယ်။
ဒုတိယ က နန္ဒမင်းသား ရဟန်းပြုပေးတုန်းကလည်း ဒီအတိုင်းပါပဲ။

ခုအခါ တပည့်တော် မြေးတော်လေး ရာဟုလာ ကို ဓမ္မအမွေ ပေးလိုက်တာဟာလည်း
တပည့်တော် အတော်လေး ခံစားရတယ် ဘုရား။

ဒါကြောင့်မို့  တောင်းပန်းပါရစေ။ အမေအဖေ ခွင့်မပြုပဲ ကိုရင်ဝတ်တာ
ရဟန်းခံပေးတာ မလုပ်ပါနဲ့ လား ဘုရား- တဲ့။

ဖခမည်းတော် မင်းကြီးအား ဘုရားရှင် တရားဟောကြားပြီး ပြန်သွားပြီးနောက်မှာတော့ -
မိဘ ခွင့်မပြုရင် ရှင်ပြုရဟန်းခံ မပြုလုပ်ရ။ ပြုလုပ်ရင် ဒုက္ကဋ်အာပတ်သင့်စေ။( ပညတ်ချက်)။
( မဟာဝဂ္ဂ ပါဠိ - ၁၁၆)

ပညတ်တော်မူတာကို ကြည့်ပြီး ကိုယ်ကလည်း လူမျိုးစုံတဲ့ လူပုံ အလယ် မှာ
ဖေဖေ မေမေ တို့  သားကို ရှင်ပြုခွင့်ပေးပါ ဆိုပြီး သုံးကြိမ် ဆိုလည်းဆို ၀တ်လည်းချ ။
ခွင့်တောင်းစေခဲ့တယ်။ မိဘများက ခွင့်ပြုပါတယ်။ သုံးခါပြောကြရတာပေါ့။
ဒါလေးကို ပရိသတ်တွေကို ရှင်းပြခဲ့ပါတယ်။
ခွင့်တောင်းခံခြင်း အမှတ်တရ ပုံ






ရှင်လောင်းက ဆရာဘုန်းကြီးကို သင်္ကန်း မကပ်ခိုင်းပဲ ဒါယကာတွေကို
ကပ်ခိုင်းလိုက်တော့တယ်။
ဒါယကာက ဘုန်းကြီးကို သင်္ကန်း ကပ်တဲ့ သဘောပေါ့။

ရှင်လောင်းကို ဆရာ့ထံသို့  သင်္ကန်းကပ်ခြင်း၊
ဆရာ့ထံမှ သင်္ကန်းတောင်းခြင်း ကို
မောင်ရင်လောင်းကို မဆိုခိုင်းတော့ဘူး။ မလိုအပ်ဘူးလည်း ထင်ပါတယ်။





ရှင်လောင်းကို ရှင်မပြုခင် သွန်သင် ဆုံးမ ပြောဆိုခဲ့စဉ်




ရှင်၊ သာမဏေ ၊ ကိုရင် ဖြစ်ချင်ပါတယ် ဆိုတဲ့ အကြောင်း
ရည်ရွယ်ချက်ပါ ထည့်လျှောက်ခိုင်း ဆိုစေခဲ့တယ်။

ရည်ရွယ်ချက်ကား -
အလုံးစုံသော သံသရာ ၀ဋှ် ဆင်းရဲမှ ထွက်မြောက်ရာ
နိဗ္ဗာန်ကို မျက်မှောက် ပြုပါရခြင်း အကျိုးငှါ-
ကိုရင် ၀တ်ခွင့် ပေးပါဘုရား တဲ့။
သေချာအောင် သုံးခေါက်ပြောစေခဲ့ပါတယ်။



ကိုရင် တစ်ပါးဖြစ်ဖို့ အတွက်ကတော့-

၁။ ခေါင်းရိတ်ဆံချရတယ်။
( နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ရှိရင်တော့ အဲဒီအမွေးပါ ရိတ်ရတာပေါ့။
၂။သင်္ကန်းဝတ်ရတယ်။
၃။ သရဏ ဂုမ် ပီသ စွာ ရွတ်တတ်ရတယ်။
( မဟာဝဂ္ဂ ပါဠိ - ၁၁၅)


ထို့ နောက် ကိုရင့် ကျင့်ဝတ်များ ကျင့်ကြံ လိုက်နာရတာပေါ့။

ရှင်သာမဏေ ဘ၀ အမှတ်တရ




အသက်ထက် သီလ သိက္ခာကို အရိုသေ ပေးနေကြတဲ့
ကိုရင်လေး နဲ့  မေမေ ၊ ဖေဖေ ၊ မမ တို့ 
အမှတ်တရ


မှတ်ချက် ။ ။ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်များ တန်းစီကာ
လှည့်လည်သည့် ဓာတ်ပုံများ ကျန်သေးသည်။
ဖြေးဖြေးချင်း တင်ဆက်သွားပါမည်။
မှတ်တမ်း တင်ထိုက်သည်မို့ ။


မြတ်ရောင်နီ
( ၀၇ ၊ ၀၇ ၊ ၂၀၁၀ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP