အတိတ်တချိန်က အိပ်မက်များ (၅)
အရှင် ရာဟုလာသည် အကြောင်းတရားများစွာ ဆက်စပ်ဖန်တီးလာပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်မှာ မြင့်မြတ်တဲ့ ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ ပညာသင်ယူခဲ့ဖူးတဲ့ ကျောင်းတိုက်တွေကတော့-
(၁) ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ရွေရွာ-အလယ်ကျောင်း
(၂) ရန်ကုန်မြို့၊တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ မင်္ဂလသုခပါဠိတက္ကသိုလ်
(၃) ကမာရွက်မြို့နယ်၊ အေးရိပ်မွန်ရိပ်သာ၊ သာသနာအေး ပရိယတ္တိစာသင်တိုက်
(၄) ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ၅၀-ရပ်ကွက်၊ အောင်မြေရတနာ ပရိယတ္တိစာသင်တိုက်
(၅) ရသေ့တောင်မြို့၊ သီရိသောမာရုံ စာသင်တိုက်
(၆) နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ် (ရန်ကုန်)
(၇) တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ မဟာသန္တိသုခသာသနာပြုကျောင်းတော်ကြီး
အစရှိသော ကျောင်းတိုက်များတွင် သီတင်းသုံးနေထိုင်ပြီး ပညာသင်ယူဆည်းဖူးခွင့်ရရှိခဲ့ပါတယ်။
ဆယ်နှစ်တာကာလအတွင်း မူလတန်း၊ ပထမငယ်တန်၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ ဓမ္မာစရိယတန်း၊ တက္ကသီလဓမ္မာစရိယတန်းတို့အပြင် ရန်ကုန်တက္ကသိုလ်မှ B.A ဘွဲ့ကိုပါရရှိခဲ့ပါတယ်။ ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော်၏ နိုင်ငံခြားသာသနာပြု စီမံကိန်းတွင် ၀င်ခွင့်အောင်မြင်ပြီးနောက် အထူးသင်တန်းသားအဖြစ် (၂)နှစ် သင်တန်းတက်ခဲ့ရပါတယ်။ ထိုကာလအတွင်း မိမိကို ထောက်ပံ့ကူညီကြတဲ့ တကာ တကာမတွေကို ဘာသာ သာသနာတော်ဆိုင်ရာ ဗဟုသုများနှင့် အင်္ဂလိပ်စာပေများကို သင်ကြားပို့ချပေးခြင်းဖြင့် ကျေးဇူးတုန့်ပြန်ခွင့်ရရှိခဲ့ပါတယ်။
အရှင်ရာဟုလာသည် ၂၀၀၀ပြည့် လွန်နှစ်များမှစ၍ နိုင်ငံခြားသို့ထွက်ခွါလာခဲ့ပါတယ်။ အဖော်မပါ တစ်ကောင်ကြွက်တမျှက်နှာ ဘ၀ဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့ရပါတယ်။ မလိုလားသူ အချို့တို့က ရာဟုလာကို နိုင်ငံခြားမှာ ရပ်တည်ခွင့်မရအောင် ဖိအားပေးတာကိုလည်း ခံခဲ့ရဖူးပါတယ်။ သို့သော်မလျှော့သော ဇွဲလုံ့လတို့ဖြင့် ကြိုးစားအားထုတ်ခဲ့ပါတယ်။ ပညာလိုလားသော ရာဟုလာဟာ သီရိလင်္ကာနိုင်ငံသို့ ကြွရောက်ပြီး ပညာသင်ယူဆည်းပူးခဲ့ရာ Buddhist and Pali University မှ M.A ( Buddhism) နှင့် Kalaniya University မှ M.A ( Buddhism)ဘွဲ့တို့ကို ရရှိခဲ့ပါတယ်။ သို့သော် M.A ဘွဲ့ဆိုတာက လမ်းတ၀က်သာရှိသေးတဲ့ အတွက် Ph.D (philosophy) ဘွဲ့ကိုလည်း အိန္ဒိယနိုင်ငံ အနောက်ပိုင်း Pune ဆိုတဲ့မြို့မှာ ငါးနှစ်လောက် Peseach လုပ်ကာ ပြီးမြောက်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်အတွင်း စင်ကာပူ၊ မလေးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ ၊ ထိုင်းစသောနိုင်ငံများမှာ မြန်မာရဟန်းတော်များ ခြေရာချင်းထပ်နေလောက်ပါတယ်။ ရာဟုလာ အခန်းကဏ္ဍကတော့ မိမိဒေသမှ နိုင်ငံခြားသို့ ရောက်ရှိနေသူများကို ကူညီစောင့်ရှောက်ယင်း Local များကိုပါ -- တရားဓမ္မ ဖြန့်ဝေကာ သာသာသနာပြုစင်တာများ တည်ထောင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် မလေးရှား၊ ကွာလာလမ်ပူမှာ နေထိုင်သူအချိုတို့က နေရာယူချင်ကြတဲ့အတွက် နောက်တစ်လမ်း ပြောင်းရပါတယ်။ အဲဒီအခါကျပြန်တော့လည်း သူတို့ကဆက်ပြီး ကန့်ကွက်ကြပြန်ပါတယ်။ ဒါကြောင့်စင်ကာပူမှာပဲ ဒေသခံတွေရဲ့အကူအညီနဲ့ ကျောင်းတစ်ကျောင်းတည်ထောင်ဖြစ်ပါတယ်။ ကျောင်းတိုက် စည်ကားလာတဲ့အခါမှာတော့ ရာဟုလာဟာ တံမျက်စည်းလှည်းအဆင့်လောက် လိုလိုဖြစ်တယ်လို့ သတ်မှတ်ခြင်း ခံရပြန်ပါတယ်။ အကြောင်းအမျိုးမျိုးတို့ကြောင့် အဲဒီကျောင်းကို စွန့်လွတ်လှူဒါန်းလိုက်ကာ မိမိအစွမ်းအစနဲ့ တစ်ကပြန်စပြီး လျှောက်ရမည့်လမ်းစဉ်ကို ချမှတ်ကာ လွန်ခဲ့တဲ့နှစ်က စတင်ပြီး အကောင်းအထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ ယခုတော့ ဘုန်းတော်ကြီးကျောင်းနာမည်နဲ့ စင်ကာပူအစိုးရက မှတ်ပုံတင်ချပေးထားပြီးဖြစ်ပါတယ်။ ကျောင်းအမည်က Jayamangala Buddhist Vihara ဖြစ်ပါတယ်။ မိုးကုတ် ဓမ္မရိပ်သာအဖြစ် ဖွင့်လှစ်ထားပါတယ်။ 'စေတနာကောင်းရင် ကံကောင်းတယ်' ဆိုတဲ့စကားအတိုင်း ရာဟုလာရဲ့စေတနာက အံ့မခန်းပါပဲ။ ကျောင်းတိုက်ကို ရောက်ဖူးသူတိုင်း သိကြမှာပါ။ ကြီးမားခန့်ထည်တဲ့ ကြေးဆင်းတုတော်မြတ်ကြီးက လှပတဲ့ ဘုရားကျောင်းခန်းမဆောင်မှာ သီတင်းသုံးစံပယ်နေတာက ဖူးမြင်ရသူတိုင်း စိတ်ချမ်းမြှေ့ရပါတယ်။ စေတနာကောင်းတဲ့ပုဂ္ဂိုလ်များ မှီတင်းနေထိုင်ရာအရပ်ကိုရောက်ရင် ရဟန်းရှင်လူ အများပြည်သူတို့ ကြည်နူးကြရပါတယ်။
ၶ

0 comments:
Post a Comment