* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 7, 2010

ဆွမ်းလောင်းအသင်းတစ်နှစ်ပြည့် ပွဲတွင် သံဃာ (၃၇၃)ပါးတို့အား နတ်သုဒ္ဓါဒံပေါက်ဆွမ်းကပ်လှူမည်

စစ်ကိုင်းမြို့ ၊စစ်ကိုင်းတောင်ရိုး၊ လပြည့်ဝန်းလမ်း ၊သဒ္ဓမ္မပါလကျောင်းတိုက်တွင် ၉.၇.၂၀၁၀ ရက်နေ့ ဦးဇင်း
မွေနေ့တွင် စတင်တည်ထောင်ဖြစ်ခဲ့သော စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းးတစ်နှစ်ပြည့်အဖြစ်
ယခု ၉.၇.၂၀၁၀ ရက်နေ့တွင် ကျင်းပမှာဖြစ်ပါတယ်။
အဆိုပါ ဆွမ်းလောင်းအသင်းတစ်နှစ်ပြည့် အခမ်းအနား အစီအစဉ်များမှာ ၈.၇.၂၀၁၀ ရက်နေ့အကြိုနေ့ ည(၇း၃၀)နာရီတွင် စစ်ကိုင်းမြို့ (ရွှိုင်ရယ်)ပညာရေးစင်တာမှ ကျောင်းအုပ်ဆရာတာ် ဦးဝဇီရဥာဏ တရားပွဲအစီအစဉ်
၉.၇.၂၀၁၀ ရက်နေ့ နံနက် (၄း၃၀)နာရီမှစ၍ သံဃာတော် (၃၇၃)ပါးတို့အား နတ်သုဒ္ဓါဒံပေါက်ဆွမ်းများကပ်လှူ
ပြီး(၁၀း၃၀) အချိန်တွင် နာယကဆရာတော်နှင့်သြ၀ါဒဆရာတော်ကြီးများအားနေ့ဆွမ်းကပ်လှူပြီး ည(၇း၃၀)
အချိန်တွင် သြ၀ါဒဆရာတော်တစ်ပါးဖြစ်သော စစ်ကိုင်းမြို့ မြစင်္ကြာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသ မှ တရာရေအေးအမြိုက်ဆေးကိုတိုက်ကျွေးမည်ဖြစ်ပါသည်။ ၉.၇.၂၀၁၀ ရက်နေ့
တရားပွဲဓမ္မဒါနကုသိုလ်ရှင်များကတော့ ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး) ဖြစ်ကြပါတယ်။ ဦးကြည်သာစိုး( MAM Computer Center ) မှ ဝေယျာဝစ္စများအတွက် သုံးသောင်းကျပ်လှူဒါန်းထားပါတယ်။
ဆွမ်းအလှူရှင်များ
၁.မခင်ငြိမ်းချမ်းဦး (မလေးရှား) မှ သံဃာတော် ( ၄၇ ပါး) အတွက် အလှူငွေ ၉၉၀၀၀ ကျပ်
၂.မသန္တာဝင်း (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ်(စင်္ကာပူဒေါ်လာ ၃၀)
၃.မမေမြတ်နိုးခိုင် (မြန်မာ)(စင်္ကာပူ)မှ သံဃာတော် ( ၉ ပါး) အတွက် အလှူငွေ ၁၈၉၀၀ ကျပ်
၎.ကိုဟန်လင်းအောင်+မကြည်စင်သန့် (စင်္ကာပူ)မှ သံဃာတော် ( ၅၀ ပါး) အတွက်အလှူငွေ ၁၅၀၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၁၅၀)
၅.ကိုမင်းကျော်သူ+မစုစုလှိုင်မြင့် ၊သမီးမြတ်သဒ္ဓါသူ မိသားစု (စင်္ကာပူ)မှသံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ်
(စင်္ကာပူဒေါ်လာ ၃၀)
၆.ဦးမောင်အေး +ဒေါ်သန်းသန်းဝင်း ၊သားစစ်မင်းဦး မိသားစု (စင်္ကာပူ)မှသံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၇.မငုဇာခိုင်(စင်္ကာပူ)မှ သံဃာတော် ( ၃၀ ပါး) အတွက် အလှူငွေ ၆၃၀၀၀ ကျပ်(စင်္ကာပူဒေါ်လာ ၉၀)
၈.ကိုအောင်ဝင်းထွဋ် (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၉.မသီတာဇော်မင်း (ဂျပန်)မှ သံဃာတော် ( ၂၀ ပါး) အတွက် အလှူငွေ ၄၂၀၀၀ ကျပ်
၁၀.ဒေါ်ကြည်ကြည်စိန် မိသားစု(အင်းစိန်)မှ သံဃာတော် (၁၀)ပါးအတွက် အလှူငွေ ၂၁၀၀၀ ကျပ်
၁၁.ကိုကြီး{ကိုရီး} (စင်ကာပူ) မှ သံဃာတော် ( ၁၀၀ )ပါး အတွက် အလှူငွေ ၂၁၀၀၀၀ ကျပ်
၁၂.ကိုလှဖုန်းမြင့်+မချိုချိုမော်မိသားစု (ဘန်ကောက်)မှ သံဃာတော်(၁၀)ပါးအတွက် အလှူငွေ ၂၁၀၀၀ ကျပ်
၁၃.ဦးဆန်းမော်+ဒေါ်အေးမွန်ထွန်း(ယိုကိုဟားမား-ဂျပန်)မှ သံဃာတော် (၁၅)ပါးအတွက် အလှူငွေ ၃၁၅၀၀ ကျပ်
၁၄.ကိုဇော်လင်းနိုင်+မဥမ္မာသန့် (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ကျပ်
၁၅. ဦးစိုးမိုးညွန့် +ဒေါ်မိုမိုအောင် (USA) (LA) မှ သံဃာ ၁၀ ပါးအတွက် ၂၁၀၀၀ ကျပ်
၁၆။ ချိုဒီဇိုင်နာ မှ သံဃာ (၁၀)ပါးအတွက် ၂၁၀၀၀ ကျပ်
၁၇. မသင်း မှ သံဃာ (၅) ပါးအတွက် ၁၀၅၀၀ ကျပ်
၁၈. မမြင့်ဉ္ဇူ မှသံဃာ (၅)ပါးအတွက် ၁၀၅၀၀ ကျပ်
အသီးသီးလှူဒါန်းထားကြပါတယ်။


Prev: စစ်ကိင်းတောင်ရိုး ဆွမ်းလောင်းအသင်းတစ်နှစ်ပြည့် အစီအစဉ်ဆွမ်းလောင်းပွဲ ကျင်းပမည်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP