အတိတ်တစ်ချိန်က အိမ်မက်များ(အပိုင်း-၈)
ရှင်ရာဟုလာတို့တစ်တွေ ရန်ကုန်မြို့တော၊် ကမ္ဘာအေးကုန်းမြေ ၊နိုင်ငံတော် ပရိယတ္တိသာသနတက္ကသိုလ်၊ မွန်ပြည်နယ်ဆောင်မှာ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ပြီး ပညာသင်ခွင့်ရခဲ့ပါတယ် ။ တစ်နေ့ကျတော့ သီရိလင်္ကာမှပြန်လာတဲ့ မဟာဝိဇ္ဖာ အရှင်သီလာစာရနှင့် ဦးနရိန္ဒ(မြောင်းမြ)မှတဆင့် ရင်နီးကြပြီး ပီနန်ဆရာတော်ကြီးဟာ တာမွေ၊နတ်ချောင်းမှာ ကမ္ဘာသာသနာပြုစင်တာကြီးဖွင့်တော့မှာဖြစ်ကြောင်း ဆွေးနွေးဖြစ်ခဲ့ကြတယ်။ ဒါကြောင့်ပဲ ဝင်ခွင့်ဖြေဖို့စာရင်းသွင်းလိုက်ကြပါတယ် ။
လအနည်းငယ်ကြာတဲ့အခါ ဝင်ခွင့်(ရေးဖြေ) စာမေးပွဲဖြေကြရာ သံဃာတော်၊ သီလရှင် ၂၀၀ ကျော်ခန့်ရှိပါ
တယ်။ အဲဒီအထဲမှာ စံပြရဟန်းနှင့် သီလရှင်(၅၀) ခန့်ရွေးချယ်လိုက်ပါတယ်။ သီတင်းပတ် အနည်းငယ်ကြာ
တဲ့အခါ လူတွေ့ နှုတ်ဖြေ(အင်တာဗျူး) ဖြေဆိုကြရပါတယ် ။ အဲဒီအခါတော့ ရဟန်းတော်(၁၈)ပါး နှင့် သီလရှင်(၆) ပါးသာ အရွေးခံရပါတယ် ။
အရွေးခံကြရတဲ့ ရဟန်းတော်များနှင့် သီလရှင်များကတော့
အရွေးခံကြရတဲ့ ရဟန်းတော်များနှင့် သီလရှင်များကတော့
(၁) အရှင်ပညာဇောတ(ယခု USA)
(၂) အရှင်သောဘိတ(ယခု နယူးဇီလန်)
(၃)အရှင်ဥဇ္ဖောတ(ယခု BBT စင်္ကာပူ)
(၄) အရှင်ကဝိသာရ( ယခု အင်္ဂလန်)
(၅)အရှင်ဝိစိတ္တ(ယခုဒေါက်တာ ရာဟုလာ)
(၆) အရှင်စိတ္တရ(ယခု မင်္ဂလာဝိဟာရ စင်္ကာပူ)
(၇) အရှင်သီရိဓမ္မ(ယခုBBT တိုပါးယို)
(၈) အရှင်ဇဋိလ(ယခု ထိုင်ဝမ်)
(၉) အရှင်ပရမ(ယခု USA)
(၁၀) အရှင် အိန္ဒက( ယခု သြစတြေလျ)
(၁၁)အရှင်ဥက္ကသံ( ယခုထိုင်ဝမ်)
(၁၂) အရှင်ဃောသက(ယခုဗန်ကူးဗားမြို့ ၊ကနေဒါ)
(၁၃) အရှင် တေဇိန္ဒ(ပခုက္ကူနယ်)
(၁၄) အရှင်ပညာဒီပ(ယခုထိုင်ဝမ်)
(၁၅) အရှင်သီလာစာရ( ယခု USA, LA, )
(၁၆)အရှင်ဓမ္မိဿရ(ယခု တိုပါးယို BBT )
(၁၇) အရှင်ပညာနန္ဒ(ပြည်)
(၁၈) အရှင်သုမနသိရီ( ယခု နယူးဇီလန်)
သီလရှင်ဆရာလေးများကတော့
(၁) ဒေါ်ကေသရစာရီ(Phd Thesis)
(၂) ဒေါ်ကေတုမာလာ(သီရိမင်္ဂလာ သီလရှင်ကျောင်း၊ စင်္ကာပူ)
(၃) ဒေါ် ဘဒ္ဒကဉ္စနာ(သင်္ဃန်းကျွန်းမှာ သီတင်းသုံး)
(၄) ဒေါ်အနောပမာ(ရွှေတိဂုံအနီးမှာ သီတင်းသုံး)
(၅)ဒေါ်ဟုန်ရှိန်(ထိုင်ဝမ်)
(၆) ဒေါ် ဓမ္မစာရီ(တာမွေသူ)တို့ဖြစ်ကြပါတယ် ။
ကျောင်းအုပ်ဆရာတော်ဦးဥာဏုတ္တရ(သထုံ၊ဓမ္မ္မ္မမေဒိနီတိုက်)မှဖြစ်ပါတယ်။ မိမိတို့တစ်တွေဟာ အထပ်(၁၁) ရှိတဲ့ Sidona Hotel လောက်ကောင်းတဲ့ကျောင်းတော်မှာ (၂ )နှစ်တာမျှ အထူးသင်တန်းသားများအဖြစ် လေ့ကျင့်ခဲ့ကြပါတယ်။ ဘယ်သူတွေ နိုင်ငံခြာကိုတကယ်ရောက်မလဲဆိုတာကိုလဲ အကဲခပ်နေခဲ့ကြပါတယ်။ တကယ်ရွေးတဲ့အခါ အမှတ်ပေးစနစ်ဖြင့် ရွေးကြပါတော့တယ်။
တစ်ဖက်ကလည်း သူများအမှတ်ပေးမှ ဖြစ်တဲ့နိုင်ငံခြားသာသနာပြုဖြစ်အောင်စောင့်မနေသင့်ဘူးဆိုတာ ရာဟုလာက ရှေ့တန်းကထွက်လာခဲ့ပါတော့တယ်။
အဖေါ်မပါ တစ်ယောက်တည်း ဈေးပေါတဲ့ ဘင်္ဂလားဒေ့ရ် Air line ဖြင့် BKK မှာ transit လုပ်ရာတွင် လေယာဉ်ပြောင်းစီးရတဲ့ ဒုက္ခကို ရင်ဆိုင်ခဲ့ရပါသေးတယ် ။
(ဆက်ပါဦးမည်)



0 comments:
Post a Comment