* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 31, 2010

ဇူလိုင်လ ၃၁ ရက်နေ့တရားအစီအစဉ်များ...

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီအထိ...
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးဟောကြားတော်မူအပ်သော
အနတ္တလက္ခဏသုတ် တရားတော် အပိုင်း (၁၂) မှ အပိုင်း (၁၇) အထိ
တရားတော်များနှင့်
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူအပ်သော
၁) ကာလ၏ စားဖတ် ဝါးဖတ်မဖြစ်စေရေးတရားတော်
၂) ဒုလ္လဘတရား ၅-ပါး ဘုရားဟော ၅-ချက် နှင့် ပြည့်စုံလျှင် အမှန်ပင်မဂ်ဆိုက်နိုင်ပုံ
(ရှင်ဆန္ဒ ဒါးလှီး ဝတ္ထု)
၃) နီဝရဏတရားငါးပါးတရားတော် (၁)
၎) နီဝရဏတရားငါးပါးတရားတော် (၂)
၅) သမ္မသနသုတ် အငတ်နာဘေးတရားတော်
၆) သီလလုံခြုံရုံနှင့် မတင်းတိမ်ပါနဲ့ (သလ္လနှင့် အဘယဟော - သစ်တုံးဥပမာ)
၇) အင်္ဂါလေးပါးပြည့်စုံလျှင် ဒုတိယဘ၀မှာ ကိစ္စပြီးပုံတရားတော် (သောတာ နုဂတသုတ်)
၈) အိုနာသေလွတ်ရာ နိဗ္ဗာန် တရားတော်၊နာဂရသုတ်
၉) သောတာပန်တည်ခြင်းအကြောင်းတရားတော်များကို လွှင့်ကြားပေးသွားပါမည်။

မြတ်ဗုဒ္ဓ၏အဆုံးအမ တရားတော်များကို နာကြားခြင်းအားဖြင့်
အေးချမ်းမှုကိုရှာတွေ့နိုင်ကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP