* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, June 19, 2010

ကြောက်ရွံ့မှုနှင့် စိုးရိမ်းမှု အပိုင်း(၂)

သားသမီးများစွာရှိသော ဇနီးမောင်နှံတို့သည်လည်း
“သားသမီးများကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်ပေးရမလဲ၊ ငါ့ရဲ့ဇနီး/အမျိုးသားက ငါ့ကို အရင်ကလို မချစ်တော့ဘဲ ခွဲခွါသွားလေမလား၊ ငါ့အရွယ်ကြီးလာတဲ့အခါ ငါ့သားသမီးတွေက ငါ့ကို စောင့်မှ စောင့်ရှောက်ပါ့မလား”ဟု အမြဲမပြတ်စိုးရိမ် ပူပန်နေကြရသည်။ အချို့မိဘများသည် မလိုအပ်ပဲ သားသမီးတို့၏ လုံခြုံမှုအတွက်စိုးရိမ်ပူပန်နေကြလေသည်။“နေ့စဉ်သုံးငွေအတွက် အိမ်မှာလုံလောက်မှုရှိရဲ့လား၊ အိမ်မှာကော လုံခြုံမှုရှိရဲ့လား၊ ချစ်ခင် နှစ်သက်ရသော ပုဂ္ဂိုလ်များကော ကျန်းမာရေးမှာ ကောင်းကြပါရဲ့လား”ဟု စိုးရိမ် ပူပန် နေကြလေသည်။ သူတို့သည် လုပ်ငန်းခွင်၌ အလုပ်လုပ်ဆောင်ရာမှုနှင့် ဆုံးဖြတ်ချက်များချရာတွင် အခက်အခဲ အမျိုးမျိုးရင်ဆိုင်ကြရသည်။ “ငါ့၏ ဆုံးဖြတ်ချက်မှားများသွားရင် ဘယ်လိုလုပ်မလဲ၊ စတော့ရှယ်ယာတွေ အစု ဈေးကွက်တွေကို ယခုရောင်းရရင်ကောင်းမလား၊ နောက်မှ ရောင်းရရင်ကောင်းမလား၊ အလုပ်သမားတွေက ကော ငွေရေးကြေးရေနဲ့ပတ်သက်လို့ စိတ်ချရပါ့မလား၊ ငါ့မရှိတုန်းမှာ လိမ်သွားလေမလား” လူအချို့သည် ဖြစ်ပေါ်လာမည့် ဆုံးရှုံမှုများကို တွေးပူနေကြလေသည်။ သူတို့သည် ရာထူးမတိုးမှာ အလုပ်တာဝန်တွေကို များ စွာ ပေးအပ်မှာကိုလဲ စိုးရိမ်ပူပန်နေကြသည်။ အချို့သည် ရုံးလုပ်ဖေါ် ကိုင်ဖက်များက သူတို့ကို မနာလိုဖြစ်နေကြ သည်ကိုလဲ တွေးပြီး စိုးရိမ်ပူပန်နေကြလေသည်။ အော် အကယ်စင်စစ် လူတို့ရင်ဆိုင်နေရသော စိုးရိမ်ပူပန်မှု များကို စာရင်းပြုစုလိုက်လျှင် ကုန်ဆုံးတော့မည်မဟုတ်ချေ။ လူ့ဘ၀သည် စိုးရိမ်မှု ကြောက်ရွံ့မှု များနှင့် ပြည့်နှက်နေသော ကမ္ဘာကြီးဖြစ်လေသည်။ မှန်ပါပေ၏။ ကြောက်ရွံ့မှုများစွာတို့သည်ကား မလုံခြုံမှုမှလာသော ကြောက်ရွံ့မှု၊ ရန်သူကို ကြောက်ရွံ့မှု၊ ငတ်မွတ်မည့်ဘေးကို စိုးရိမ်မှု၊ ဆင်းရဲမွဲတေမှာကို စိုးရိမ်မှု၊ ဖျားနာမှာကို စိုးရိမ်မှု၊ ပစ္စည်းဥစ္စာများ ဆုံးရှုံးမှာကို စိုးရိမ်းမှု၊ ချစ်သောပုဂ္ဂိုလ်များနှင့် ခွဲရမှာကို စိုးရိမ်မှု၊ လှနေသော ရုပ်ကလေးများ ပျက်သွားမှာကို စိုးရိမ်မှု၊ အကယ်၍ ငါ့ရုပ်သာ ပျက်သွားလျှင် ငါ့ချစ်သောသူက ငါ့ကို ချစ်မှ ချစ်တော့ပါ့မလားဟု တွေးတောကာ စိုးရိမ်မှု၊ အိုမှာကို စိုးရိမ်မှု၊ သေမှာကို စိုး၇ိမ်မှု၊ နောက်ဘ၀သေသွားရင် ကောင်းရာသုဂတိသို့ ရောက်မှ ရောက်ပါ့မလားဟု ကြိုတင်စိုးရိမ်မှုစသည်တို့ပင်ဖြစ်လေသည်။ အထက်ပါ အခြေအမြစ်မရှိသော စိုးရိမ်ပူပန်မှုများသည် လွန်ကဲသော ကြောက်ရွံ့မှုကို ဖြစ်စေတတ်သည်။ ဤစိုးရိမ် ပူပန်မှုတရားတွေကတော့ လူသားဆီသို့ ရောက်ရှိလာမည်မှာ ဧကန်မလွဲဖြစ်ပေသည်။ ဤကဲ့သို့သော စိုးရိမ်မှု များမှ မည်သူတစ်ဦးတစ်ယောက်မှ မလွတ်မြောက်နိုင်ချေ။ စိတ်ထားဖြူစင်သော ပုဂ္ဂိုလ်တို့သည်သာ အကယ် စင်စစ် ထိုအခြေအနေများမှ လွတ်မြောက်နိုင်မည်ဖြစ်ပေသည်။ ဆက်ရန်(ဒေါက်တာကေသရီဓမ္မာနန္ဒ၏ Why Worry ကို အခြေခံ ရေးသားထားသည်။)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP