*ထေရ၀ါဒဗုဒ္ဓဘာသာ၏ရည်၇ွယ်ချက်ပန်းတိုင်*
ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာ၏ရည်ရွယ်ချက်ပန်းတိုင်မှာ မဂ်ဥာဏ်ဖိုလ်ဥာဏ်ကိုရကာ အေးငြိမ်းသော နိဗ္ဗာန်ကို မျက်မှောက်ပြုရေးပင်ဖြစ်ပါသည်။ မြတ်စွာဘုရားရှင် ပွင့်တော်မူခြင်းကလည်း သတ္တ၀ါအားလုံးကို တရားရေအေး တိုက်ကျွေးပြီး အေးငြိမ်းသောနိဗ္ဗာန်ကို မျက်မှောက်ပြုစေလိုသော ရည်ရွယ်ချက်ပင်ဖြစ်ပါ သည်။ ထို့ကြောင့်လည်း စလင်းကန်ဆရာတော်ဘုရားကြီးက-
“အို…လူအများတို့၊ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ ဘာဝမ်းနည်းစရာရှိသလဲ၊ ယခုအခါ ဓမ္မ ခန္ဓာဘုရားတွေ အများကြီးရှိသေး၏။ ကံ၊ ပါရမီရှိလျှင် ရလိမ့်မည်ဟူ၍သာ အေးအေးစက်စက် နေကြလျှင် အများကြီးနစ်နာကြပေလိမ့်မည်။ စာမတတ်လို့ ဘာမတတ်လို့လဲမလုပ်ကြပါနှင့်၊ ဆရာကောင်းနှင့်တွေ့ လျှင်ရနိုင်ပါသည်။ သို့အတွက် အို… လူအများတို့ ယခုအခါ ကံပါရမီကို မေးရန်မလိုပါ။ ရှင်ဘုရင်သားဖြစ်ပြီး အိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလို။ မုတ်ဆိတ်ပျားဆွဲသူသည် တခြားသွားပြီး ပျားများ ဖွတ်ရန်မလို၊ ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိလျက်နဲ့ မထွက်သော်၊ ကံပါရမီကို ချဖွယ်မလို၊ အညစ်အကြေးလူးသူသည်ရေစင်ရှိလျှက်မဆေးသော် ရေ၌အပြစ်ဆိုဖွယ်ရာမလို၊မိမိကသာဖျင်းလို့၊အ,လို့၊ န,လို့၊ဖြစ်သည်။ အသေနည်းသေးတယ်လို့သာ ဆိုဖွယ်ကောင်းတော့၏။ ကြောက်ကြ၊ လန့်ကြ၊ ထိတ်ကြ။ အို…လူအများတို့၊ သို့အတွက် တရားအားထုတ်ကြပါကုန်လော့။”
ဟူ၍ မဂ်ဥာဏ်ဖိုဥာဏ် ရကြောင်းလမ်းဖြစ်သည့် ၀ိပဿနာတရားကို အားထုတ်ကြရန် အရေးတကြီးတိုက် တွန်းတော်မူခဲ့ပါသည်။
ရခဲလှသောလူ့ဘ၀မှာ မဂ်ဥာဏ်ဖိုဥာဏ် ၀ိပဿနာတရား အားထုတ်ခြင်းသည် အကောင်းဆုံးနှင့် တန်ဖိုး အရှိဆုံး အနှစ်သာရ တစ်ခုပင်ဖြစ်ပါသည်။

0 comments:
Post a Comment